ပြင်ဦးလွင်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း
SHAN -
သျှမ်းပြည် နောင်ချိုမြို့ မှ ပြင်ဦးလွင်မြို့သို့လာရောက် တိမ်းရှောင်သည့် ပြည်သူများကို စစ်ကောင်စီမှ နေရပ် အတင်းအဓမ္မ ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီ တို့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို နိုဝင်ဘာ ၁၈ရက် နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ခိုင်းသဖြင့်...
နမ့်ဆန် စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး
SHAN -
သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ည ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းမှ...
လွိုင်ကော်မြို့တွင်းပိတ်မိနေသည့် သက်ကြီးရွယ်အိုများဦးစားပေး ကယ်ထုတ်နေ
SHAN -
ကရင်နီ (ကဟား) ပြည် လွိုင်ကော်မြို့ အတွင်းမှ သက်ကြီးရွယ်အိုများကို ဦးစွာပေး ကယ်ထုတ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောတွင် “ ၁၁.၁၁ စစ်ဆင်ရေး” ကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စ၍ စစ်ဘေးရှောင် နေရပြီး တောင်ကြီး၊အောင်ပန်း ၊ညောင်ရွှေ၊ ၊ပင်လောင်းတို့တွင် ပြောင်းရွှေ့ကာ...
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၅ သောင်းကျော်သည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ သီပေါမြို့ ကျင်သီတံတားနှင့် သိန္နီမြို့ဝင်...
သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များ နေ့စဉ် ရာနှင့်ချီရှိနေသော်လည်း စစ်ကောင်စီက လက်မခံရန် ညွှန်ကြားထားသဖြင့် အကူအညီပေးနေသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး...
မူဆယ် (၁၀၅) မိုင် ကလေး နှင့် အမျိုးသမီး ကျည်ထိမှန်
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးတစ်ဦးနှင့်အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၃...
သျှမ်း-ကရင်နီ “၁၁.၁၁ စစ်ဆင်ရေး” လေကြောင်းဗုံးကြဲမှု အရပ်သား ၅၀ နီးပါးသေဆုံး
သျှမ်း - ကရင်နီ (ကယား) တကြော ဖြစ်ပွားနေသည့် “၁၁.၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၁ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး”...
နောင်ချိုမြို့နယ်တိုက်ပွဲကြား ဗိုက်ခွဲ ကလေးမွေးမိခင် အကူအညီလိုအပ်
သျှမ်းပြည် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ခွဲစိတ်မွေးဖွားစ မိခင်၏ ဒဏ်ရာပိုးဝင်မှုကြောင့် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ခွဲစိတ်မွေးဖွားစ မိခင်သည် အသက် ၂၉နှစ်အရွယ်သာရှိပြီး တိုက်ပွဲမဖြစ်ခင် ရက် ၂၀ တွင်...
သိန္နီမြို့မှ ကယ်တင်လာသည့် စစ်ဘေးရှောင်များ လားရှိုးမြို့တွင်း ဝင်ခွင့်မရ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ်တွင် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခွင့်မရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့မှ လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်)မှစ၍ ဟိုပိတ်တိုးဂိတ်မှ မြို့တွင်းသို့ ဝင်ရောက်ခြင်းကို ကန့်သတ်လိုက်ကြောင်း လားရှိုးဒေသခံများက ပြောသည်။ “ဟုတ်တယ်။...
လားရှိုး လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်) ညနေ ၃ နာရီခွဲခန့်က လားရှိုးမြို့နယ် ကွန်ကြိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ်ရှိ နန်းပီး...





