တာချီလိတ်မြို့ ယာဉ်ထိန်းရဲများ တရုတ်ကျားဖြန့်ဖမ်းဆီးမှု အကြောင်းပြပြီး ငွေညစ်နေ

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ တရုတ်ကျားဖြန့်အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း အကြောင်းပြပြီး ဒေသခံများထံ ငွေညစ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

တာချီလိတ် ယာဥ်ထိန်းရဲ ငွေညစ်

ယခုရက်ပိုင်း တာချီလိတ်မြို့တွင် တရုတ်ကျားဖြန့် (ငွေလိမ်ဂိုဏ်း) များကို နှိမ်နင်းဖမ်းဆီးနေကြောင်း ဆိုသည့် အကြောင်းပြချက်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက အုပ်စုဖွဲ့၍ ကားများအား တားဆီးစစ်ဆေးပြီး တရုတ်လူမျိုးကို  တွေ့ရှိလျှင် ထိုင်းဘတ်ငွေ သိန်းဂဏန်းစတောင်းခံနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီရက်ပိုင်း တာချီလိတ်မြို့က ယာဉ်ထိန်းရဲတွေက အုပ်စုနဲ့ လိုင်စင်စစ်သလို၊ ကားစစ်သလိုနဲ့ တားဆီးပြီး စစ်တယ်။ အဓိက တရုတ်ကိုစစ်တာ အရမ်းသိသာတယ်။ တရုတ်တစ်ယောက်တွေ့ပြီဆို ဘတ်ကို သိန်းဂဏန်း စတောင်းတယ်။ မဖမ်းဘူး ငွေပဲညစ်တာ။ တချို့လည်း ကြားကပွဲစား တရုတ်စကားပြန်တွေ ညှိပေးလို့ ဘတ်တစ်သောင်းနဲ့ ယူပြီး ပြန်လွှတ် ပေးတာလည်း ရှိတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ 

တာချီလိတ်ယာဥ်ထိန်းရဲ

အဆိုပါ တားစီးစစ်ဆေးသည့် နေရာများမှာ တာချီလိတ် မုဒ်ဦး၊ အာခါဈေး မီးပွိုင့်အကျော် နှင့် ဂေါက်ကွင်း၊ ဟိုတယ်များတွင် စောင့်၍ ကားများကို တားဆီး စစ်ဆေးကာ ငွေညစ်တောင်းခံနေကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်တွင်လည်း တာချီလိတ်မြို့တွင် တိုက်ပွဲဝင်နေသော စစ်ကောင်စီ တပ်သားများ အတွက်ဆိုပြီး ဗျူဟာမှူးမှ လုပ်ငန်းရှင်၊ ဟိုတယ်ပိုင်ရှင်များထံ အလှူငွေတောင်းခံနေသည်။

တရုတ်အစိုးရ၏ စေခိုင်းချက်အရ စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်မှစ၍ နယ်စပ်ဒေသ တလျှောက်ရှိ တရုတ်ကျားဖြန့် (ငွေလိမ်ဂိုဏ်း) များကို လိုက်လံဖမ်းဆီးပြီး လွှဲပြောင်းပေးခဲ့ရာမှ လက်ရှိအချိန်ထိ ၁၀,၉၅၂ ဦး ရှိပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...