လားရှိုး ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့(ဇွန်လ ၂၀ ရက်) နေ့လည် ၁၂ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၇) တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်တွယ်မိရာမှ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃...
စစ်ကောင်စီတပ်မှ လေကြောင်းအပြင် ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သားအပါအဝင် TNLA တပ်သား ထိခိုက်ကျဆုံး
သျှမ်းပြည် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ကျောက်မဲနှင့် မိုးကုတ်မြို့နယ် အစပ်ရှိ တောင်နီကျေးရွာသို့...
ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ရက်တွင် ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲပြင်ထန်ပြီး ဒေသခံ တစ်ဦးနှင့် ကလေး နှစ်ဦးထိမှန်ခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့်...
ရပ်စောက် သျှမ်းတပ် (၂)တပ် ပစ်ခတ်မှုဖြစ်၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီး၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၆) ရက် နံနက် ၈ နာရီကျော်တွင် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ရှိ...
ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ နေရာပြောင်းရွှေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) နံနက်ပိုင်းမှစ၍ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာသည့်အတွက် နမ်းဖာမူ၊...
စစ်ကောင်စီမှ မူးယစ်ဆေးဝါးသုံးစွဲသူ၊ သူခိုးဓားပြများကို ဖမ်းပြီး ပြန်လွှတ်ပေးနေ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် စစ်ကောင်စီမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်)တွင် မူဆယ်မြို့နယ် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တပ်သားများသည် မူဆယ်မြို့ရှိ သင်္ချိုင်း၊ မန်းဝိန်း၊ ဝိန်းနန်း၊ စွမ်စော် စသည့် နေရာများတွင် မူးယစ်ဆေးသုံးစွဲသူများကို...
သိန္နီမြို့ လောင်ကစားဝိုင်း MNDAA မထိန်းချုပ်နိုင်သေး
သျှမ်းပြည် MNDAA ထိန်းချုပ်ထ သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော်လည်း လောင်းကစားဝိုင်းများကို ယနေ့ထိတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် တိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ထို့လောင်းကစားဝိုင်းများသည် သိန္နီမြို့ လယ်ဘုရားအနီးတွင် လောင်းကစားဝိုင်းများတွင် စတင်ဖွင့်လှစ်လာပြီး၊ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင်လည်း မိုင်းပါးကျေးရွာ စားသင်ကျောင်းနှင့်...
နောင်ချို စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲ လက်နက်ကြီးပစ် အမျိုးသမီးတစ်ဦးထိမှန်၊ နေအိမ်ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးထိမှန်ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မသီးလမ်းခွဲတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။ “မနေ့ကတော့ ညပိုင်း သုံးလေးလုံး လာပစ်တာရှိတယ်၊ တမြန်နေ့ကတော့ တနေကုန် ပစ်တာ။ ရှေ့ရက်ကတော့ ရွာထဲ ဒရုန်းဗုံးသီးကျပြီး လူနေအိမ် ပျက်စီးတာရှိတယ်။ စစ်တပ်က ညီနောင်မဟာမိတ်နဲ့ PDF တွေ ရွာထဲမှာ ရှိတယ်အထင်နဲ့ ဆမ္မဆယ်ကတော့ ပြောရရင် နေ့တိုင်းလိုလိုလက်နက်ကြီး ကျတယ်”ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဇွန်လ ၁၂ ရက်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ဆမ္မဆယ်ကျေးရွာရှိ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲ၍အမျိုးသမီးတစ်ဦး ထိမှန်ကာ ခြေလက်ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ အလားတူ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ကလည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး(၈)လုံး ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ “ဆမ္မဆယ်ကတော့ ၂ ရက်ဆက်တိုက် ကျတာပေါ့၊ ရွာသားတွေတော့ တော်တော်များများ မနေရဲကြတော့ဘူး။ တချို့နေရာတွေမှာလည်း စစ်ကောင်စီက စစ်နေတာရှိတယ်။ ဆီဆုံ၊ ပါဟက်၊ ချောင်းကြီး ၇/၈ ရွာတွေကို တိုက်ပွဲမဖြစ်ပဲနဲ့ ညီနောင်မဟာမိတ်တွေက ရှေ့နှစ်ပတ်ကတည်းကရှောင်ခိုင်းနေတာရှိတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ နောင်ချိုမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ပြန်လည်စတင်လာသည့် တကျော့ပြန်တိုက်ပွဲ ၂ လနီးပါးအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ ထို့အပြင် ဇွန်လ (၁) ရက်နေ့မှ (၁၆) ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး(၄၂)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် တရုတ်ဈေးသစ်စီမံကိန်း ဖော်ဆောင်နေ
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ရှိ အမှတ်(၂)စျေးကို တရုတ်ဘာသာဖြင့် ရေးသားထားသည့် ဈေးသစ်စီမံကိန်းအသစ်ကို ဖော်ဆောင်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် တည်ရှိသော အမှတ်(၂) စျေးကို တရုတ်ဘာသာဖြင့် ရေးသားထားသည့် ဈေးသစ်စီမံကိန်း အကောင်အထည်ဖော်ရန်...
ဆီဆိုင် မီးလောင် နေအိမ်ထောက်ပံ့ကြေး စစ်ကောင်စီ ဘက်တော်သားနှင့် နီးစပ်သူသာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများကြောင့်မီးလောင်ပျက်စီးခဲ့ရသည့်နေအိမ်များအတွက် ထောက်ပံ့ကြေးကို စစ်ကောင်စီ ဘက်တော်သားများနှင့် နီးစပ်သူများသာ ရရှိကြောင်း မြို့ခံတစ်ဦးက ယနေ့ (ဇွန် ၁၈)ရက်တွင် ပြောသည်။ စစ်ကောင်စီဘက်တော်သားများဖြစ်ကြသည့် စစ်ကောင်စီအသိုင်းအဝိုင်း နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ နှင့် နီးစပ်သူများသာ ရရှိကြသည်။ ထိုမီးလောင်းသွားသည့် နေအိမ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁...





