Thursday, January 29, 2026

ဆီဆိုင် PNO အဖွဲ့က ဒေသခံ ၁ ဦးကို ပစ်သတ်ခဲ့

သျှမ်းပြည် ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာတွင် ပအိုဝ်း ပြည်သူ့စစ် PNO အဖွဲ့က ဒေသခံ ၁ ဦးကို ရွာလယ်ခေါင်၌ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင် ၃) ရက် နံနက် ၇ နာရီခန့်တွင် ထမ်းယံတိုင်ကျေးရွာနေ ခွန်တငွေနှင့် ခွန်မောင်ပေး တို့သည် ရပ်ရွာထဲရှိ အသုဘအိမ်မှပြန်လာစဉ် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ခွန်တငွေက သေဆုံးသွားခဲ့သည်ဟု PNLA ကထုတ်ပြန်ထားသည်။

သျှမ်းတောင် စစ်ရေးပဋိပက္ခအတွင်း အရပ်သားထိခိုက်မှု အခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံး PYOမှ တာဝန်ခံတစ်ဦးက “ပစ်သတ်လိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ပစ်သတ်တယ်ဆိုတဲ့ အကြောင်းအရင်းကို မသိရသေးဘူး” ဟု ပြောသည်။

ထို့အပြင် ဒေသခံများကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း ဒေသခံများက မပြောရဲကြကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ခွန်တငွေနှင့်အတူ လိုက်ပါလာသော ခွန်မောင်ပေးကိုလည်း PNO ကဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ခွန်မောင်ပေးကို ဖမ်းခေါ်သွားနေစဉ် ရွာသားများလိုက်ပါက ထပ်မံပစ်သတ်မည်ဟုလည်း PNO ဘက်က ခြိမ်းခြောက်ခဲ့သေးကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်တွင်လည်း ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာအတွင်း ဈေးလာရောင်းချနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာမှ လူငယ် ၂ ဦးကိုလည်း စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...