သိန္နီမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲပြုလုပ်နေ
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၅)ရက် ညနေ ၅နာရီခွဲမှ စတင်ကာ လေကြောင်းဖြင့် ဗုံးကြဲနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ သည် ယနေ့ (ဇူလိုင် ၂၅)ရက် ညနေ ၅နာရီခွဲမှ လက်ရှိ သတင်းရေးသားချိန်ထိ လေကြောင်းဖြင့် ဗုံးကြဲခြင်း နှင့် စက်သေနတ်ပစ်ခြင်းတို့ ပြုလုပ်နေကြောင်း သိန္နီမြို့ တွင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အခု လေကြောင်းနဲ့ ဗုံးကြဲတဲ့အပြင် စစ်သေနတ်နဲ့ပါပစ်နေတာ။ ဗုံးက ၅လုံးလောက်ရှိပြီး၊ သိန္နီဟော်တယ်နားနဲ့ ရဲစခန်းနားကို ပစ်နေတာ။ ဟော်နန်း နဲ့လည်း နီးတယ်။ အပျက်အစီးတော့ရှိတယ်။ လူထိခိုက်မှုတော့မသိသေးဘူး။ ဘယ်သူမှ အပြင်ထွက်မကြည့်ရဲဘူး” ဟု သိန္နီမြို့ခံ က ဆိုပြန်သည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၈ရက် ညနေ ၄နာရီတွင်လည်း သိန္နီမြို့ရှိ မြို့မစျေးကို လေကြောင်းဖြင့် ဗုံးကြဲမှုခဲ့ပြီး လူအသေအပျောက် (၁၀)ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုရက်မှ စတင်ပြီး စစ်ကောင်စီသည် သိန္နီမြို့ပေါ်သို့ ရက်ဆက်တိုက် လေကြောင်းဖြင့် ပျံ့ဝဲပြီး၊ ယမန်နေ့ (ဇူလိုင် ၂၄)ရက်တွင်လည်းလေကြောင်းဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သည်။ “ ကျမ တို့ အခု သိန္နီမြို့ အနီးပတ်ဝန်းကျင်က ရွာကိုရှောင်လာတယ်။ ဒီကနေ့ သူတို့ လေယာဥ်ဝဲနေတာ ဗုံးချနေတာမြင်ရတယ်။ အပျက်အစီးကိုတော့ ဘယ်သူမှ မကြည့်ရဲသေးဘူး။ နေ့တိုင်း လေကြောင်းလာတော့ စိုးရိမ်မှုတော့ ရှိရတယ်။ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိဘူး” ဟု သိန္နီမြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် သိန္နီမြို့ကို MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပူးပေါင်းတပ်ဖွဲ့တို့မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် MNDAA က ပြန်လည်ခေါ်ယူခဲ့သည်။ စစ်ဘေးရှောင်များ နေရပ်မပြန်ပါက MNDAA မှ သိမ်းဆည်းသွားမည်ဆိုသည့်သတင်းကြောင့် အများအပြား နေအိမ်ပြန်နေထိုင်ကြကာ ယခုကဲ့သို့လေကြောင်းဖြင့် ထပ်မံဗုံးကြဲခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် MNDAA အနေဖြင့် လားရှိုးမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – (၄၁)၊ (၆၈) နှင့် ခြေမြန်တပ်ရင်း ခမရ – (၅၀၇) တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကိုလည်း ယနေ့ (ဇူလိုင် ၂၅)ရက် နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု မီဒီယာများက ရေးသားဖော်ပြထားသည်။
သီပေါ အဝင်လမ်း၊ တံတားများပျက်စီး ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိလာနိုင်
သျှမ်းပြည် သီပေါမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများ ပျက်စီးမှုကြောင့် ဒေသခံများအတွက် စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သီပေါ နှင့် ကျောက်မဲ ကြားရှိ ကျင်သီတံတားသည် စစ်ကောင်စီနှင့် ညီနောက်မဟာမိတ်တို့သည် “၁၀၂၇ စစ်ဆင်ရေး”တိုက်ပွဲများကြောင့် ပြီးသည့် ၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ကြပြီး၊ဇွန်လ...
လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာခြေထောက် ကျည်ဖောက်ထွက်
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာဘက်ခြေထောက်ကို ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၈ နာရီကျော်တွင် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးဖြစ်သည့် ကိုစိုင်း(လားရှိုး)သည် ကူညီရေးလုပ်ဆောင်နေစဉ် စနိုက်ပါပစ်ခတ်ခံရပြီး ညာဘက်ခြေထောက်...
ပင်လောင်း စစ်ဆေးရေးဂိတ် ထောက်ခံစာမပြလျှင် သယ်ဆောင်လာသည့် စားနိပ်ရိက္ခာသိမ်းဆည်း
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထောက်ခံစာမပါသည့် လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်များကို သိမ်းဆည်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လမှ စတင်ပြီး ပင်းလောင်းမြို့နယ် စစ်ကောင်စီ၏ ရင်းမှီး စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများ တင်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများ၊စားသုံးကုန်ပစ္စည်းများ အတွက် ထောက်ခံစာ မပြနိုင်ပါက သိမ်းဆည်းမှု...
ကျောက်မဲမြို့ တိုက်ပွဲကြား မသယ်ထုတ်နိုင်သည့် အရပ်သားအလောင်းများ ပုပ်ပွနေ
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ထုတ်ယူသင်္ဂြိုလ်ရန် ခက်ခဲနေသဖြင့် အလောင်းပုပ်ပွနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အတွင်း ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်...
ညောင်ရွှေမြို့ရောက် စစ်ရှောင်တစ်ထောင်ကျော် အလှူရှင်မရှိ၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ တစ်လခန့်အကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်သည် အလှူရှင် မရှိသည့်အတွက် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင်များသည့် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များကြောင့်...
လောက်ကိုင်မြို့ ပြည်သူများအိပ်မောကျချိန် စစ်ကောင်စီတပ် လေကြောင်း ထပ်မံဗုံးကြဲ၊ အပျက်အစီးများ
သျှမ်းပြည် လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက်တွင် ပြည်သူများ အိပ်မောကျနေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၃ ရက်) နံနက် ၁ နာရီခွဲကျော်တွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ ဟိုတယ်နှင့်...
လူထုအသက်အိုးအိမ်ကို ကာကွယ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ
SHAN -
“…. ကျယ်ပြန့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ကာကွယ်ဖို့ ဒေသခံတွေဖိတ်ခေါ်မှု နဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းမြို့နယ်ထဲကို ရောက်ရှိလာရတယ်လို့ ” - ဇူလိုင် ၁၁ ရက်နေ့တုန်းက UWSA လားရှိုးရုံးတာဝန်ခံ ဉီးညီရန်းက မီဒီယာကို ပြောသွားပါတယ်။ အဲဒီအချိန်မှာ တန့်ယန်းမြို့ နဲ့ အနီးအနားဝန်းကျင်မှာ သေနတ်သံ...
MNDAA တပ်သား မိုင်းရယ် အမျိုးသားတစ်ဦးကို ပစ်သတ်
သျှမ်းပြည် မိုင်းရယ်မြို့နယ်၌ ဟိုတိကျေးရွာအတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးကို ယနေ့ (ဇူလိုင် ၂၂)ရက် နံနက် ၂နာရီဝန်းကျင်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင် ၂၂) ရက် နံနက် ၂နာရီတွင် စစ်ကောင်စီသည် မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာအတွင်း MNDAA...
လားရှိုးဒေသခံများကို MNDAA က ကာကင်းကျင်းတူးခိုင်းနေ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း၌ ကိုးကန့်တပ်ဖွဲ့ MNDAA သည် အရပ်သားဝတ်စုံဖြင့် ဝတ်ဆင်ပြီး အရပ်သားနေအိမ်တွင် နေရာယူကာ ဒေသခံများကို ကာကင်းကျင်းတူးခိုင်းနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့သည် ဇူလိုင် ၃ရက်မှ စတင်ကာ ယနေ့(ဇူလိုင် ၂၂)ရက်အထိ စစ်ရေးပြင်းထန်နေပြီး လားရှိုးဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အချို့ မထွက်ပြေးနိုင်သည့်...





