မဲနယ်တောင်ဒေသတွင် လူငယ်များပြည်ပထွက်၊ စိုက်ပျိုးရေးလုပ်ကိုင်သူနည်းပါးလာ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသဖက်တွင် လူငယ်အများစု ပြည်ပထွက်ကုန်ကြသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူလျော့နည်းလာကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA) နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ၊ စစ်ကောင်စီ ပူးပေါင်းတပ်တို့သည့် မဲနယ်တောင်ဒေသတွင် လက်နက်ခဲယန်းကိစ္စနှင့် ပတ်သက်ပြီး စတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအများပြား စစ်ဘေးရှောင်နေခဲ့ရကာ စစ်ပွဲ ငြိမ်သက်ချိန်တွင် လူငယ်အများစုမှာ စစ်ရှောင်ရင်းပြည်ပနိုင်ငံများသို့ တိမ်းရှောင်သွားခဲ့ကြသည်။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာ

“ ရွာမှာတော့ သက်ကြီးရွယ်အိုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေပဲကျန်ခဲ့တာ။ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေက အကုန် နိုင်ငံခြားရောက် ကုန်တော့ ရွာမှာ စိုက်ပျိုးရေးလည်း သိပ်မလုပ်ဖြစ်ကြတော့ဘူး။ အရင်က ကျနော်တို့ ခြံ သုံးခြံလောက်လုပ်တာ ခုတော့ တစ်ခြံတောင် ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ “ ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာဘက်တွင် အသက် ၁၈ နှစ်အောက်ဖြစ်သည့် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ်မျှသာ ကျန်ရှိတော့ကြောင်းနှင့် လုပ်ငန်း လုပ်ကိုင်နိုင်သည့် လူငယ်များ မရှိတာကြောင့် လုပ်အားခ ဈေးပိုပေးလျှင်လည်း နေ့စားလိုက်မည့်သူ မရှိတော့ကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။

ကျောက္ကချား၊ တလျနွိုး၊ စံဖူး၊ ဗန်းစောက်၊ပင်လျမ်၊ နမ်းဟူး နှင့် ထီတဲမ်လိတ် စသည့် မဲနယ်တောင်တကျောမှ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ကိုင်မှုသည် ယခင်ကထက် ၆၀ ရာခိုင်နူန်းမျှ ကျဆင်းသွားကြောင်း သိရသည်။

ထို့အပြင် ပြည်ပရောက်နေသူ ဒေသခံ တစ်ဦးမှာ အလုပ်လုပ်နေသော်လည်း အလုပ်ရှင်များမှ အလုပ်သမားခ အပြည့်မပေးပဲ ဈေးနှိမ်ခံရမှုများကြုံတွေ့နေရကြောင်းကို အခုလိုပြောသည်။

“ ပြည်ပရောက်နေပေမဲ့ စိတ်ကပြန်ချင်တယ်ပေါ။ တိုင်းတပါးမှာ ဘာသာစကားမတတ်တဲ့ အခက်ခဲတွေရှိတယ်။ ပြီးရင် အလုပ်ချိန်မမှန်တာရှိတယ်။ တော်တော်များများ အလုပ်မရှိကြဘူး။ အလုပ်သမားများတော့ ထိုင်းကလူတွေက လူရွေးတယ်။လေသံမာ နဲ့ပြောတယ် ခိုင်းတယ်။ သုံးလမှ ဘတ်၆ထောင်ပဲရတယ်။နှိမ်ခံရတယ်။”ဟု ဆိုသည်။

ပြည်ပတွင်အလုပ်ရှားပါးတာကြောင့် ဝင်ငွေ မရသည့်အပြင် (PNO) မှ ပြည်ပရောက်နေသူများကို လစဉ် ကျပ်ငွေ သုံးသိန်း ကောက်ခံတာကြောင့် ပို၍အဆင်မပြေဖြစ်ရကြောင်း ထိုအမျိုးသားက ထပ်လောင်းပြောသည်။

ယခုရက်ပိုင်းအတွင်း (PNO) တပ်သားများသည့် မဲနယ်တောင်ဒေသဖက်တွင် အင်အားပြ လှည့်လည်သွားလာနေပြီး ဒေသခံပြည်သူများနေအိမ်တွင် တည်းခို၍ လုံခြုံရေးအကြောင်းပြကာ တစ်ရွာဝင်တစ်ရွာထွက် သွားလာနေကြကြောင်းသိရသည်။

ယခုကဲ့သို့ လှည့်လည်သွားလာနေကြသော (PNO) တပ်သားအများစုသည် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများပါဝင်ပြီး အများစုမှာ အသက် ၁၈ နှစ် အရွယ်မျှသာဖြစ်ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်ရှူသံကို နားထောင်ပါ

0
မင်္ဂလာပါခင်ဗျာ။ ကျနော်နာမည်က မိုးတိမ်ပါ။ ဒီတစ်ပတ် ကျနော် ပြောချင်တဲ့ အကြောင်းအရာကတော့ ကျနော်တို့တွေ နေ့တိုင်း အသက်ရှူနေကြတယ်ဆိုတာ ဟုတ်တယ်မလား။ ဒါပေမဲ့ ကျနော်တို့ရဲ့ အသက်ရှူသံကိုရော ကျနော်တို့ကိုယ်တိုင် ပြန်ပြီး နားထောင်ဖြစ်ကြရဲ့လား……။ ခင်ဗျားတို့ကတော့ ကျနော်ရဲ့ အူကြောင်ကြောင်နိုင်လှချည်လားလို့ ထင်ကောင်းထင်ကြမှာပါ။ “အသက်မရှူရင် သေမှာပေါ့” လို့လည်း ခင်ဗျားတို့က ကျနော်ကို...

စစ်တပ်ထိန်းချုပ် လွိုင်ကော်မြို့ သူခိုးသောင်းကျန်း

0
စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည့် ကရင်နီ(ကယားပြည်) လွိုင်ကော်မြို့တွင် သူခိုးများ သောင်းကျန်းနေပြီး၊ နေရပ်ပြန် စစ်ရှောင်များသည် သူခိုး၏ရန်ကို ကြောက်နေရကြောင်း သတင်းရရှိသည်။​ စစ်ကော်မရှင်တပ်သည် လွိုင်ကော်မြို့ကို ၂၀၂၄ခုနစ် ဇွန်လတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဂ ၂၀၂၅ခုနစ်တွင် အခြားဒေသသို့ ထိန်းချုပ်သွားသည့် ဒေသခံများကို နေရပ်ပြန်နေထိုင်ရန်နှင့် ပြန်လည်မနေထိုင်လျှင် မြေသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များလည်း...

“သစ်ပင်တွေဆီက ပေးစာ”

0
ကျနော်ရဲ့ နာမည်က "သစ်ပင်" ပါ။ ကျနော် ဒီနေရာမှာ အခြေချနေထိုင်လာတာ လူတွေရဲ့ သက်တမ်းနဲ့ဆိုရင်တော့ နှစ် ၁၀၀ ကျော်ရှိနေပြီ။ လူတွေက ကျနော်ကို ငြိမ်သက်နေပြီး စကားမပြောတက်၊ အသံမထွက်တက်တော့ သက်မဲ့လို့ ထင်ကောင်းထင်ကြမယ်ဗျ။ တကယ်တော့ ကျနော့မှာလည်း နာကျင်မှုတွေ၊ ခံစားချက်တွေနဲ့ ပြောချင်တဲ့ စကားတွေ...

ချင်းမိုင်တွင် အမျိုးသမီးကို ဗန်းပြမြှူဆွယ်ခိုင်းပြီး ပြန်ပေးဆွဲ ငွေညှစ်မှု ဖြစ်ပွား

0
ချင်းမိုင်မြို့တွင် အမျိုးသမီးတဉီးကို ဗန်းပြပြီး အမျိုးသားတစ်ဦးအား လူချင်းတွေ့ဆုံရန် မြှူဆွယ်ခေါ်ယူပြီး ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) နံနက်အစောပိုင်း ၃ နာရီခန့်တွင် ချင်းမိုင်မြို့ Chang Khlan နယ်မြေအတွင်း ပြန်ပေးဆွဲသူအုပ်စုထဲမှ အမျိုးသမီးတဉီးက မစ္စတာဖားအစ် ဆိုသူကို ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး လှည့်ဖြားခေါ်ယူခဲ့သည်။ ထို့နောက်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...