မိုးဗြဲရေကာတာကို စစ်ကောင်စီ ရေဖွင့်ချလို့ ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်
သျှမ်းပြည် မိုးဗြဲမြို့နယ်ရှိ မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်မှ ဖွင့်ချလိုက်ခြင်းကြောင့် ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်ပြီး ဒေသခံတစ်ထောင်ကျော် ရေဘေးသင့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ မိုးဗြဲမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ -...
စစ်ရှောင်တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ လွန်စွာခက်ခဲလာ
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ချွတ်ခြုံလာမှုကြောင့် သျှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ ခက်ခဲသည့် အခြေအနေရောက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကထုတ်ပြန်သည့် သုတေသနစာတမ်းတွင်ဖော်ပြထားသည်။ စစ်ဘေးရှောင်အခြေအနေများသည် အာဏာသိမ်းပြီးကာလနှင့် ယခုကာလနှိုင်းယှဉ်ပါက အခြေအနေများ မတူညီတော့ဘဲ တိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်သိန်းနီးပါးအထိ...
သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အပြိုင် စစ်အင်အားများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး သီပေါမြို့နယ် နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA...
သိန္နီမြို့ စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ၊ မြေးအဖွား (၂)ဦး သေဆုံး
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ (ဇူလိုင် ၂၈)ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲသဖြင့် မြေးအဖွား (၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် သိန္နီမြို့ ကွမ်လုံလမ်းခွဲ အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့်...
ဘဏ်များပိတ်ဆိုင်း Kpayထုတ်ရခက် စစ်ရှောင်ကူညီရန်အခက်အခဲကြုံနေရ
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းစတင်လာပြီးနောက် သျှမ်းပြည်မြောက်ပိုင်း မြို့အချို့တွင် ဘဏ်များပိတ်ထားကြပြီး KPay ဖြင့် ငွေသားထုတ်ယူ၍မရသဖြင့် စစ်ဘေးရှောင်များကို ကူညီရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ဇွန်လ ၂၅ ရက်မှစပြီး နောက်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သိန္နီနှင့် လားရှိုးမြို့တို့တွင် တိုက်ပွဲဖြစ်ပွား လာပြီးနောက် ထိုမြို့ရှိဘဏ်များအားလုံး...
မိုင်းရယ် MNDAA တွင် စစ်ရှောင် မှတ်ပုံတင်၊ဖုန်းများစစ်ဆေး ဖမ်းဆီးမှုရှိနေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဆေးရေးဂိတ်တွင် လားရှိုးမြို့မှ စစ်ဘေးတိမ်းရှောင် လာသော စစ်ဘေးရှောင်များကို စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများကို မိုင်းရယ်မြို့နယ် ဟိုယ နှင့် တန့်ယန်းလမ်းခွဲရှိ ကိုးကန့်...
စစ်ဘေးရှောင် မိဘမဲ့ကလေးငယ် ၂၀၀ ကျော်အတွက် ရိက္ခာ အကူညီလိုအပ်နေ
သျှမ်းပြည် တောင်ပိုင်းဘက်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် မိဘမဲ့ကလေးငယ် ၂၀၀ ကျော်အတွက်စားနပ်ရိက္ခာ နှင့် အဝတ်အထည်များ အကူညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဇူလိုင်လ ဒုတိယအပတ်တွင် ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာသို့ ရောက်ရှိလာကြောင်း...
မိုးမိတ် စစ်ကောင်စီလက်ကျန်တပ်စခန်း ဗျူဟာကုန်းကို TNLA နှင့် PLA ပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် ဗျူဟာကုန်း တပ်စခန်းကို TNLA နှင့် PLA ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်)တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းဖြစ်သည့် ဗျူဟာကုန်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
လားရှိုးမြို့တွင်းတိုက်ပွဲဖြစ်၊ ပြည်သူများ လုံခြုံရေး အထူးသတိပြုသင့်
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့တွင်း တိုက်ပွဲများ ယမန်နေ့ (ဇူလိုင်လ ၂၆ ရက်) ညပိုင်းက စတင်ဖြစ်ပွားနေပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၆)ရက် နံနက်ပိုင်းမှ စတင်ကာ လားရှိုးမြို့ကို စိုးမိုးထားသည့် အမြင့်ပိုင်းနေရာများတွင် ကိုးကန့်တပ် နေရာယူထားကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ အနီးရှိ...
လားရှိုး ရမခ အခြေအနေ ရှုပ်ထွေးနေဆဲ
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခကို ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက်ပိုင်းက ဝင်ရောက် သိမ်းပိုက်ခဲ့သည်ဟု နံနက် ၁၁ နာရီတွင် ကိုးကန့်တပ်-MNDAA ကထုတ်ပြန်သည်။ သို့သော် ရမခ အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ကိုးကန့်ပူးပေါင်းတပ်များ ထိုးဖောက်ဝင်ရောက်ဆဲဖြစ်ရာ ယနေ့ ညနေ...





