စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက် အသက်၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အသက်၆၀ အရွယ် အမျိူးသမီးတစ်ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၃) ရက် နံနက် ၁၀ နာရီကျော်တွင် ကျောက်ဂူတိုက်နယ် ဝါးပြားကျေးရွာအတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
မူဆယ်တွင် လူငယ်တစ်ဦး တစ်ခါသုံးကဒ်တန်းစီရင်း ဓားထိုးခံရ
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ပေါက် ဂိတ်တွင် တစ်ခါသုံးကဒ် တန်းစီနေစဉ် လူငယ်တစ်ဦး ဓားထိုးခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာ ၃) ရက် နေ့လည် ၁၂ နာရီခွဲတွင် မူဆယ်မြို့ရှိ နယ်စပ်ဖြတ်သန်းရေးဂိတ်ဖြစ်သည့် နန်းတော်ပေါက်ဂိတ်တွင် တရုတ်ပြည်ထဲဝင်ရန် တစ်ခါသုံးကဒ်( တစ်ပတ်ကဒ်) ပြုလုပ်နေစဉ် နေရာရောင်းစားသူတစ်ဉီး နှင့်...
စံကား ဒေသ PNOမှ တစ်ဖက်သတ်ဖြင့် ပစ်ခတ်၊ နေအိမ်မီးရှို့
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာအတွင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ တစ်ဖက်သတ်ပစ်ခတ်နေပြီး အရပ်သားနေအိမ်ကို မီးရှို့နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၂ နာရီအချိန်မှ စပြီး PNO တပ်ဖွဲ့မှ လွယ်လုံကျေးရွာအတွင်းတွင် တစ်ဖက်သတ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးနေကြောင်း ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ‘’ မနေ့က...
ဖောင်တော်ဦးဘုရားပွဲ ပြုလုပ်မည်ဟုဆိုကာ စစ်ရှောင်များကို နေရပ်ပြန်ခိုင်း
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသဘက်တွင် ဖောင်တော်ဦးဘုရားပွဲ ပြုပ်လုပ် မည်ဆိုသောကြောင့် စစ်ရှောင်များကို နေရပ်ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဖောင်တော်ဦးဘုရားပွဲကို ယခင်က နိုင်ငံရေးအခြေအနေအကြောင်းအမျိုးမျိုး ကြောင့် မကျင်းပဖြစ်သော်လည်း ဒုတိယအကြိမ်အစည်းဝေးတွင် အထက်လူကြီးများက ကျင်းပခိုင်းသည့်ဟုဆိုကာ အင်းလေးဒေသအကြီးအကဲနှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တို့ ဦးစီးကျင်းပမည်ဖြစ်သည်။ ထိုသို့ ဘုရားပွဲ ကျင်းပမည်ဆိုသောကြောင့်...
သီပေါ လက်နက်ကြီးကြောင့် မြို့ထဲပစ္စည်းပြန်သယ်သည့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး
သျှမ်းပြည် သီပေါမြို့တွင် တိုက်ပွဲကြား နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်သည့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၃၁) ရက်တွင် သီပေါမြို့ပေါ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြား နေအိမ်သို့ ပြန်ပြီး ပစ္စည်းပြန်သယ်သည့်...
ညောင်ရွှေ လွယ်လုံရွာသား ဖမ်းဆီးခံရသူ စစ်ကြေားရေးတွင် သေဆုံးသွား
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊စံကားဒေသ လွယ်လုံရွာနေ အသက်၆၂နှစ်အရွယ် ဉီးမောင်ဆောင်ကို ပအိုဝ်း ပြည်သူ့စစ် (PNO) က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ PNOက ဦးမောင်ဆောင်ကို PDFနှင့်ပက်သက်သည်ဆိုပြီး ဇူလိူင်လ၂၁ရက်တွင် ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်းထပ်မံနှိပ်စက်ခံရသဖြင့် ယခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားပြီဖြစ်ကြောင်းမိသားစုကိုအကြောင်းကြာလာကြောင်း သိရသည်။ "ဖမ်းတဲ့အချိန်၇ယောက်ဖမ်းတယ် ဖမ်းပြီးတစ်ပတ်အကြာမှာ ၆ယောက်က...
ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ် ငွေအဆမတန်တောင်းခံ
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ နောင်မွန်အဝင်အထွက်စစ်ဆေးဂိတ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ငွေအဆမတန် ကောက်ခံနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်မွန်မြို့ အဝင်အထွက် ဂိတ် နှင့် ဟိုပုံးမြို့ အနီးရှိ ၃ မိုင် PNO စစ်ဆေးရေး ဂိတ်တွင် သွားလာနေသော ယာဉ်များကို...
မဲနယ်တောင်ဒေသတွင် လူငယ်များပြည်ပထွက်၊ စိုက်ပျိုးရေးလုပ်ကိုင်သူနည်းပါးလာ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသဖက်တွင် လူငယ်အများစု ပြည်ပထွက်ကုန်ကြသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူလျော့နည်းလာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA) နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ၊ စစ်ကောင်စီ ပူးပေါင်းတပ်တို့သည့် မဲနယ်တောင်ဒေသတွင် လက်နက်ခဲယန်းကိစ္စနှင့် ပတ်သက်ပြီး စတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...
ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြား ခန္ဓာကိုယ်တစ်စစီ ပြတ်လွှင့်စဉ်နေပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းတောင် သိဖို့ ခက်နေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု မဖြစ်ခင် စက္ကန့်ပိုင်းထိ စျေးရောင်းသူနဲ့ ဝယ်သူကြား ဆူညံသံ ရီမောသံတွေဟာ သိန္နီမြို့မစျေးတစ်ခုလုံးကို လွှမ်းမိုးနေပါတယ်။ အဲ့နေ့ဟာ သိန္နီစျေးရဲ့ အဖိတ်နေ့ဖြစ်ပြီး ဝါတွင်း၊ဝါဝင် ဥပုလ်နေ့အတွက် ဘုန်းကြီးကျောင်း လှူဒါန်းရန် စျေးသို့ ကြိတ်ကြိတ်တိုး...
ကျေးသီးမြို့သို့ စစ်ဘေးရှောင်လာသူများ စားနပ်ရိက္ခာ အကူအညီလိုအပ်
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျန်ရှိနေသော စစ်ဘေးရှောင် တစ်ထောင်ခန့် အတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေပြီး၊ နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲများကြောင့် ဒေသခံများ ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ဘေးလွတ်ကင်းရာ ကျေးသီးမြို့သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြောင်း...





