လျှပ်စစ်မီတာခကောက်ခံမှု မြှင့်တက်၊ လျှပ်စစ်မီးအစား မီးသွေးနှင့်ထင်း အစားထိုး ပိုမိုသုံးစွဲလာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် လျှပ်စစ်မီတာခ နှစ်ဆတိုး ကောက်ခံမှုကြောင့် လျှပ်စစ်မီးအစား မီးသွေးနှင့် ထင်းကို အစားထိုး ပိုမိုအသုံးပြုလာကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်မီတာခကို ယခင်ကာလတွင် တစ်ယူနစ် ကျပ် (၃၀) မှ လက်ရှိ တစ်ယူနစ် (၅၀) ကျပ်အထိ တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့သည်။

ထိုသို့ မီတာခ တိုးမြှင့်ကောက်ခံခြင်းကြောင့် တောင်ကြီး ဒေသခံများသည် လျှပ်စစ်မီး ပုံမှန်မလာသော်လည်း မီတာခ စျေးတက်သဖြင့် လျှပ်စစ်မီး အစား ထင်းနှင့် မီးသွေးကို ပိုမိုအသုံးပြုလာကြောင်း ဒေသခံများက ပြောသည်။

“လျှပ်စစ်မီးကျတော့ သူများနိုင်ငံကို ရောင်းစားပြီး ပြည်သူတွေကိုကျ မီးပုံမှန်မပေးနိုင်ဘူး။ အခုဟာက မီးကလည်း ပုံမှန်မရဘဲ မီတာခကို စျေးကြီးပေး ဆောင်နေရတယ်။ အရင်တုန်းက အိမ်သုံးဖို့ကို တစ်သောင်းလောက်ပဲ ကျတယ်။ အခုက လေးသောင်းတဲ့ တခါမှ မကြားဖူးဘူး။ လျှပ်စစ်မီးကို အားသွင်းဖို့ပဲ ထားတော့တယ်။ ထင်းတွေ မီးသွေးတွေပဲ အရင်လို အသုံးပြုတော့မလို့”ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လျှပ်စစ်မီတာခ စျေးတက်ခြင်းကြောင့် တစ်လစာ သတ်မှတ်ထားသည့် အသုံးစရိတ်ကို လျှော့ချကာ မီတာခအတွက် ပိုမိုပေးဆောင်ရခြင်းကြောင့် အဆင်မပြေမှုဖြစ်ကာ ပိုမိုခက်ခဲလာသည်ဟု ၎င်းအမျိုးသမီးက ထပ်ဆင့်ပြောသည်။

ထို့အပြင် လျှပ်စစ်မီးကို အဓိကထား အသုံးပြုပြီး ကွန်ပျူတာ သင်တန်းကျောင်း ဖွင့်လှစ်ထားသည့် သင်တန်းများမှာ ကောက်ခံသည့် သင်တန်းကြေး၊ လျှပ်စစ်မီတာခနှင့် ဝင်ငွေထွက်ငွေ မမျှတကြောင်း ပြောဆိုသည်။

“သင်တန်းကလည်း ဖွင့်ထားသေးတယ်။ မီတာခက နှစ်ဆကောက်တော့ ကိုယ့်လုပ်အားခတောင် သိပ်မကျန်ဘူး။ အရင်ဆို အလွန်ဆုံး ၄သောင်း ဝန်းကျင်ပဲ ကုန်တာ၊ အခုက နှစ်သိန်းနီးပါးတဲ့။ လန့်တောင်လန့်တယ် မီတာခနဲ့။ ထမင်းဟင်း ချက်စားဖို့တောင် မီးသွေးဝယ်ထားရတယ်”ဟု တောင်ကြီးတွင် ကွန်ပျူတာသင်တန်း ဖွင့်ထားသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးအစားထိုး ထင်းနှင့် မီးသွေးကို ပြန်လည်အသုံးပြုလာခြင်းကြောင့် သစ်တောပြုန်းတီးမှု ပိုမိုများပြားလာနိုင်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီး၊ မြေပြို မိုးသည်းထန်စွာ ရွာသွန်းမှု ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ထို့ကြောင့် ထင်းနှင့်မီးသွေးအပြင် ဂတ်စ်နှင့် ပါဝါပန့်များ ပို၍ ရောင်းအားကောင်းလာနိုင်သည် ဟုလည်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...