နယ်မြေလုံခြုံရေးဆိုပေမယ့် PNO အာဏာတည်မြဲဖို့ ကြိုးပမ်နေတယ်

သျှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင် ဩဂုတ်လမှ စတင်ပြီး (၃) လ အတွင်း စစ်သင်တန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ကာ စစ်အင်အား စုဆောင်းမှုအဖြစ် တပ်သားသစ် (၃၀၀၀၀) ကျော် ရရှိခဲ့ကြောင်း PNO/PNA မှ ကြေညာခဲ့သည်။

ပအိုဝ်းပြည်သူ့စစ် PNO/PNA ၏ ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စ ဆောင်ရွက်ရန် အကြောင်းပြပြီး အခြေခံစစ်သင်တန်း တက်ရောက်ရန် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသည့် လူငယ်များနှင့် စစ်သင်တန်း မတက်ဖူးသောသူများလည်း စစ်သင်တန်းဆင်းပွဲများတွင် စစ်ဝတ်စုံဝတ်ပြီး အင်အားပြခိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ထောင်နှင့်ချီပြီး အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေသည့် အခြေအနေ၊ ပအိုဝ်းလူငယ်များ၏ ကိုယ်ပိုင်သဘောဆန္ဒနှင့် လုံခြုံရေးအခြေအနေတို့ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းလရောင် မှ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ပအိုဝ်းပြည်သူ့စစ် PNO တွေက ယခုရက်ပိုင်းမှာ စစ်အင်အား ထောင်နဲ့ချီ မကြာခဏ အင်အား ထွက်ပြနေတဲ့အပေါ် ပအိုဝ်းလူငယ်အရေး လုပ်ဆောင်နေတဲ့ PYO အနေဖြင့် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ စစ်သားစုဆောင်းတဲ့ကိစ္စက အခုမှ ထလုပ်တဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ နှစ်လယ်ပိုင်းကတည်းက စစ်သားစုဆောင်းတဲ့ ကိစ္စရပ်တွေ စလုပ်တယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကနေ စစ်မှုထမ်းဥပဒေကို သူတို့ မထုတ်ခင်ကတည်းက ဆီဆိုင်တိုက်ပွဲစပြီး တစ်ပတ်အကြာမှာ PNO/PNA အနေနဲ့ စစ်သားစုဆောင်းတဲ့ ကိစ္စရပ်မျိုးတွေ စလုပ်တယ်လို့တွေ့ရတယ်။

အခုလောလောဆယ် နယ်အလိုက် အင်အားပြနေတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့မှ ဒါကတော့ အခုမှ ရုတ်တရက် ထလုပ်တဲ့ ကိစ္စရပ်တော့ မဟုတ်ဘူး။ ဆီဆိုင်တိုက်ပွဲ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ အများကြီး ထလုပ်လာတာတွေ့ရတယ်။

စစ်သင်တန်းဆင်းပွဲမှာ အဓိက ခေါ်ထားတဲ့သူတွေက စစ်သားတွေ မဟုတ်ဘူးလို့ မြင်ဖို့လိုတယ်။ အကုန်လုံးတော့ ဒေသခံတွေ ဖြစ်တယ်။ တချို့ဆိုရင် စစ်သင်တန်းတော့ မတက်ရသေးဘူး။ ဒါပေမဲ့ စစ်အင်အားပြတဲ့အထဲ ပါသွားတဲ့ ကိစ္စရပ်တွေ ရှိတယ်။

နောက်ပြီးတော့ စစ်သားစုဆောင်းတဲ့ ကိစ္စကတော့ အတင်းအဓမ္မ စုဆောင်းတာမျိုးလည်း ရှိတယ်။ ပြီးတော့ ဆီဆိုင်တိုက်ပွဲဖြစ်ပြီး တစ်ပတ်အကြာမှာ စစ်မှုထမ်းဖို့အတွက် ထုတ်ပြန်မှုတွေလုပ်တယ်။

အဲ့နောက်ပိုင်း အသက် (၁၈) ကနေ (၃၅) နှစ်က မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ကိစ္စရပ်ပေါ့လေ။ တကယ့်လက်တွေ့မှာ (၁၈) နှစ်မပြည့်သေးတဲ့ လူငယ်တွေ အများကြီး ရှိတယ်။ တချို့ကလည်း ကျောင်းတက်နေတဲ့သူတွေ ပါတယ်။ တချို့ကြတော့လဲ (၃၅) နှစ် ကျော်သွားတဲ့သူ အများကြီး ပါသွားတဲ့သူတွေ ရှိတယ်။

တချို့ဆိုရင် စစ်သင်တန်း မရသေးပဲနဲ့ ရှေ့တန်းပို့ခံရတဲ့ ကိစ္စရပ်တွေ ရှိလာတယ်။ ဒီအပေါ်မှာ ဘယ်လိုမျိုးမြင်လဲ ဆိုတော့ PNO/PNA အနေနဲ့ တောက်လျှောက်ကတော့ နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ စစ်သားစုဆောင်းတာတွေ လုပ်တယ်။

ဒီအပေါ်မှာ ဒေသခံလူထုတွေ အများကြီး ပါဝင်လာတဲ့ အပေါ်မှာ ဒေသခံလူထုတွေ အနေနဲ့‌တွေ့ ရတာဘာလဲဆိုတော့ PNO/PNAမှ မဝင်ဘူးဆိုရင်တော့ နင်တို့ရွေးချယ်စရာ စစ်ကောင်စီပဲ ရှိတယ်၊ စစ်တပ်ပဲ ရှိတယ် ဆိုတဲ့ဟာမျိုးကို PNO/PNA အနေနဲ့ တောက်လျှောက်သုံးနေတဲ့ အသုံးအနှုန်း တစ်ခုပဲပေါ့လေ။

နောက်တစ်ခုကျတော့ လူထုက စစ်တပ်ပဲ၊ စစ်တပ်က လူထုပဲ ဆိုတဲ့ဟာမျိုးကို လုပ်တာပေါ့လေနော်။ လက်ရှိမှာ နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်က သူတို့တပ်တယ် ဆိုပေမဲ့ တကယ့်လက်တွေ့မှာကတော့ PNO/PNA အာဏာတည်မြဲရေးအတွက်ပဲ ဖြစ်ဖို့အတွက် သူတို့ကြိုးပမ်းတယ်လို့တော့ မြင်တယ်။ နောက်ပြီးတော့ တကယ် စစ်သင်တန်းတက်တဲ့သူတွေက တက်ချင်လွန်းလို့ တက်တဲ့ဟာမျိုး မဟုတ်ဘူး။ ရှောင်လွှဲလို့မရလို့ မရတဲ့ ဟာမျိုးတွေ ဖြစ်တယ်ပေါ့လေ။

ဘယ်လောက်ထိ ခြိမ်းခြောက်မှု ပြင်းထန်လဲဆိုရင် စစ်သင်တန်းမတက်ရင် ကျေးရွာကနေ ထုတ်မယ် ဆိုတဲ့ ကိစ္စရပ်မျိုးအထိ ပြင်းထန်တာမျိုးလဲ တွေ့ရတယ်။ တချို့ခါကျတော့ မတက်တဲ့ မိသားစုတွေကျတော့ စာရင်းပေး၊ သူတို့ကိုယ်တိုင် လာခေါ်မယ် အစရှိသဖြင့်ပေါ့ စစ်သင်တန်းတက်ဖို့ စစ်သင်တန်းဆင်းပွဲထဲမှာ ပါဖို့ အဓိကတွန်းအားတစ်ခု ဖြစ်တဲ့ဟာမျိုးတော့ သွားတွေ့ရတာပေါ့။

မေး ။ ။ PNO/PNA စစ်အင်အားပြတဲ့ထဲမှာ ပအိုဝ်းလူငယ်၊ လူလတ်ပိုင်း ပါဝင်မှုကို အများကြီး တွေ့ရတယ်။ ဒါဟာ ပအိုဝ်းလူငယ်တွေအနေနဲ့ ကိုယ်ပိုင် သဘောထား ဆန္ဒကြောင့်လား၊ အမိန့်အာဏာနဲ့လား ဆိုတာ ထင်မြင်ချက် ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ သဘောဆန္ဒပါတဲ့ လူငယ်တွေက ရာခိုင်နူန်းအားနဲ့ ကြည့်ရင်တော့ အရမ်းကို နည်းတယ်။ ရာခိုင်နှုန်းက အတင်းအဓမ္မဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ တချို့ကျတော့ စစ်သင်တန်းပဲ တက်၊ အင်အားပြတဲ့အထဲပဲပါ ရှေ့တန်းထွက်စရာ မလိုဘူး ဆိုတဲ့ ကိစ္စရပ်နဲ့ စည်းရုံးခံနေရတယ်။ ရာခိုင်နူန်း အများစုကတော့ တွန်းအားပေးမှုအောက်မှာ ဆိုတော့ မတက်လို့ မရဘူးလေ။

ဒီနောက်ပိုင်းမှာဆို အများကြီး အတည်မပြုရသေးတာမျိုးက ဘာလဲဆို စစ်သင်တန်းထဲမှာ ပါတဲ့သူတွေက စစ်သင်တန်းဆင်းပွဲမှာ ဝတ်မဲ့ ဝတ်စုံကအစ ကိုယ်တိုင်အကုန်ကျခံပြီးတော့မှ တက်ရတယ် ဆိုတဲ့ဟာမျိုးကို အများကြီး တွေ့ရတယ်၊ ဒီလိုမျိုး အခြေအနေတွေ ရှိတယ်။ ဒီအချိန်မှာတော့ လူထုတွေက အရမ်းကို ခက်ခဲနေတယ်။ အရမ်းကို ကြပ်တည်းနေတယ် ဆိုတော့ တချို့မိသားစုတွေဆိုရင် နှစ်ယောက်၊ သုံးယောက် သွားရတဲ့ဟာမျိုးတွေ ရှိတော့ အရမ်းကို အကုန်အကျ များတဲ့ဟာမျိုးတွေ တွေ့ရတယ်။

မေး ။ ။ ပြီးတော့ PNO အနေနဲ့ ဒေသခံ စစ်သင်တန်းသားတွေကို ရှေ့တန်းမထွက်ရဘူး၊ မိမိဒေသကိုသာ ကာကွယ်ရန်ဖြစ်တယ်လို့ ပြောဆိုနေခြင်းအပေါ် ဘယ်လို တုန့်ပြန်ပြောပြချင်တာ ရှိပါသလဲ။

ရှေ့မှာလဲ သာဓကတွေ များစွာရှိပါတယ်။ ဆီဆိုင်မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် သျှမ်းတောင်မှာရော ရှေ့တန်းကို ပို့ခံရတဲ့သူ အများကြီးပဲ၊ ကျသွားတဲ့သူလဲ အများကြီးပဲ။ နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စည်းရုံးရေးဆင်းပြီး စစ်သင်တန်း တက်ခိုင်း ပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ သျှမ်းတောင်မဟုတ်တဲ့ တခြားဖက်ကို ပို့ခံနေရတာတွေလဲ တွေ့နေရတယ်။

ဒီလာမဲ့ ကိစ္စမှာတော့ ရှေ့တန်းမထွက်ရဘူး ဆိုပေမဲ့လဲ PNO/PNA အနေနဲ့ ဘယ်လောက်ထိ အာမခံနိုင်လဲ။ ရှေ့တန်းမထွက်ရဘူး ပြောပေမဲ့ ရှေ့တန်းထွက်ရတယ်။ အဓိကတော့ မြေပြင်တိုက်ပွဲ ပြင်းထန်ရင် ပြင်းထန်သလိုမျိုး စစ်သင်တန်း တက်ထားတဲ့သူတွေကတော့ သုံးဖို့ရှိလာလိမ့်မယ်လို့တော့ မြင်တယ်။ နောက်တစ်ခုက ဒီစစ်တပ်ရှိတဲ့ နေရာတိုင်းက တိုက်ပွဲဖြစ်လာတဲ့ အနေအထားမှာ တွေ့ရတယ်။

တကယ်လို့ စစ်ကောင်စီကို ဆက်ပြီးတော့မှ ကိုယ့်ရဲ့ နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မဟုတ်တဲ့ စစ်ကောင်စီကို ဆက်ပြီးတော့မှ သူတို့ အတူတိုက်မယ် ကာကွယ်ပေးမယ်ဆိုရင်တော့ ဒီရဲ့ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ စုဆောင်းခံရတဲ့ ပအိုဝ်းဒေသခံ ပြည်သူတွေကတော့ ရှေ့တန်းကို ပို့ခံရနိုင်ခြေက အရမ်းများတယ်၊ ပို့လဲ ပို့နေတာပါ။

မေး။ ။ ပအိုဝ်းဒေသမှာ သင်တန်းပေးတာတွေ၊ စစ်သားစုဆောင်းတာတွေကို PNO/PNAက လုပ်ဆောင်နေတယ်၊ ဒါက တကယ်ဘဲ ပအိုဝ်းဒေသကို ကာကွယ်ပေးမယ်လို့ ထင်လား။ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးနဲ့ PNO/PNA ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခံ ဖြစ်နေလား။

ဖြေ ။ ။ ဒါလည်းပါတာပေါ့။ တောက်လျှောက်ကတော့ တဖက်မှာလဲ စစ်တပ်အာဏာ တည်မြဲနေမှ PNO/ PNA အာဏာတည်မြဲမယ်ဆိုတဲ့ ဟာမျိုးလေး ဖြစ်ကောင်း ဖြစ်မှာပေါ့လေနော်။ ဒါကြောင့်မို့ ဒီနယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ စစ်သားစုဆောင်းတာတွေ လုပ်ပြီးတော့မှ အကျိုးစီးပွားကို ကာကွယ်နေတယ် ဆိုတဲ့ ဟာမျိုးက ဝေဖန်မှုတွေ တောက်လျှောက်ရှိတာပေါ့။

မေး ။ ။ PNO/PNA က ဒေသခံပအိုဝ်းပြည်သူတွေကို PNO ပြည်သူ့စစ်ရဲ့ ဘတ်တံဆိပ်ပါ ယူနီဖောင်းများ ဝယ်ခိုင်းတဲ့အတွက် သာမန်ပြည်သူတွေက ဘယ်လိုမျိုးဒုက္ခတွေ ကြုံနေရလဲ။ ယူနီဖောင်းလက်ထဲ ရှိနေတဲ့အတွက် နောက်ဆက်တွဲမှာ ဘယ်လိုမျိုး အန္တရာယ်တွေ ရှိလာနိုင်လဲ။

ဖြေ ။ ။ ပုံမှန်ဆိုရင်တော့ တိုက်ပွဲမှာတော့ အများအားဖြင့် သက်ရောက်မှုရှိတယ်။ ပုံမှန် အနေအထား ဆိုရင်တော့ ကိုယ်တွေကတော့ အရပ်သားဒေသခံပဲ ဖြစ်တယ်။ ဒါပေမဲ့ ဒီစစ်ဝတ်စုံ ရှိထားတဲ့သူတွေက တပ်ဖွဲ့ဝင်တွေ ဖြစ်လာပြီဆိုရင်တော့ ခြိမ်းခြောက်မှုတွေ ဘာတွေ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေ အခင်းအကျင်းတွေ ရှိတယ်။

အခုလောလောဆယ် PNO /PNA ရဲ့ စစ်သင်တန်းဆင်းပွဲကို တက်ထားတဲ့ ဒေသခံပြည်သူလူထုတွေ အနေနဲ့ကတော့ ပုံမှန်အားဖြင့်တော့ အရပ်သားတွေပဲ ဖြစ်တယ်ဆိုပေမဲ့လည်း ရှေ့တန်းတွေ ပို့ခံရတာပဲဖြစ်ဖြစ်၊ လမ်းသွားလမ်းလာတွေမှာ တပ်ဖွဲ့ဝင်ဆိုတဲ့ဟာမျိုး ရှိနေရင်တော့ အန္တရာယ် အရမ်းများပါတယ်။

ပုံမှန်အားဖြင့်တော့ တပ်ဖွဲ့ရဲ့ တရားဝင် တက်ခွင့်ရနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့။ ဒီလိုမျိုး ကိစ္စရပ်တွေကို ဆိုရင် အများကြီး စဉ်းစားရဖို့မြင်တယ်။ အခြေအနေ အခင်းအကျင်း ပေါ် မူတည်နေတယ်။ PYO အနေနဲ့လည်း အများကြီး ဆက်စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တာပေါ့။

မေး ။ ။ အခုလို သျှမ်းသံတော်ဆင့် သတင်းဌာနကို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

ကျောက်တလုံးကြီးတွင် စစ်မှုထမ်းကြေးအပြင် ပျော်ပါးဖိုးအတွက်ပါ PNO ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့(PNO)မှ ဒေသခံများထံ စစ်မှုထမ်းကြေးအပြင် ၎င်းတို့ပျော်ပါးရန်အတွက်ပါ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကျောက်တလုံးကြီးမြို့နယ်ခွဲတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ခေါင်းစဉ်အမျိုးမျိုးတပ်ကာ (၆)လတစ်ကြိမ် ငွေကောက်ခံနေပြီး အဆိုပါ ငွေကောက်ခံသည့်ထဲတွင် စစ်ကော်မရှင်တပ်အတွက် လစဉ် စစ်မှုထမ်းကြေးနှင့် သောက်စားပျော်ပါးရန်အတွက်ပါ ‌ငွေထည့်ရသည့်အပြင်...

စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ် PNO ခေါင်းဆောင်များကို သွားရောက်တွေ့ဆုံ

0
စစ်ကော်မရှင်အသွင်ပြောင်း စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ရှိ PNO နာယက ဦးအောင်ခမ်းထီ နေအိမ်သို့ စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊...

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။