CATEGORY

သဘာဝအရင်းအမြစ်

လွိုင်ကော်တွင် ဘီလူးချောင်းရေတက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေ

ကရင်နီ(ကယား)ပြည်နယ်တွင် မိုးဗြဲဆည်ဖောက်ချ၍ ဘီလူးချောင်းရေလျှံပြီး လွိုင်ကော်မြို့ ရပ်ကွက်အချို့ရှိ နေအိမ်နှင့် စပါးခင်းများ ရေနစ်မြှုပ်သွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ စ၍ မိုးဗြဲဆည်ကို စစ်ကော်မရှင်လက်အောက်ခံများ ရေဖောက်ချခဲ့ခြင်းကြောင့် ဘီလူးချောင်း ရေလျှံတက်လာကာ လွိုင်ကော်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်အတွင်း ရေဝင်ရောက်လာပြီး နီးစပ်ရာသို့ ပြောင်းရွှေ့နေရကြောင်း...

ရွာငံ စစ်ရှောင်စခန်းပေါ် တောင်ပြိုကျမှု တစ်နှစ်ခွဲ ကလေးအပါအဝင် စစ်ရှောင်(၁၀)ဦး နစ်မြုပ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်တောကျေးရွာတွင် စစ်ဘေးရှောင်စခန်းပေါ် တောင်ပြိုကျပြီး တစ်နှစ်ခွဲအရွယ် ကလေးအပါအဝင် စစ်ဘေးရှောင် (၁၀)ဦး နစ်မြုပ်သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင် ရွာငံမြို့နယ်ထဲ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေနှင့်အတူ ရွှံ့နွံ၊ ကျောက်တုံး၊ သစ်တုံးများ မျှောပါလာပြီး ကျောက်တောရွာရှိ...

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

“ကိုယ့်နယ်မြေဒေသမှာ သယံဇာတတွေ ပိုင်ဆိုင်ထားပေမယ့် မကာကွယ်နိုင်ရင် သူများ ပိုင်ဆိုင်သွားနိုင်တယ်”

မြန်မာပြည် မြေပုံရဲ့ လေးပုံ တစ်ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အမျိုးမျိုးသော သဘာဝ သယံဇာတတွေ ထွက်ရှိတဲ့ပြည်နယ် ဖြစ်ပေမယ့်လည်း မြေပေါ်မြေအောက် တွင်းထွက်သယံဇာတတွေကို တူးဖော်ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်နဲ့သာ နိုင်ငံခြားကို တင်ပို့ရောင်းချနေရပါတယ်။ အဲ့ဒီထဲမှာ မြေရှားသတ္တု၊ ရွှေ၊ ငွေနဲ့ အဖိုးတန် သစ်အမျိုးမျိုး စတဲ့ သဘာဝ...

ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွား

သျှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲဟိုးမြို့အနီးရှိ နဂါးချောင်း ရေလျှံလာပြီး လူနေရပ်ကွက်အချို့၊ သျှမ်းရွာရပ်ကွက်ရှိ လမ်းနှင့် နေအိမ်များတွင် ရေများဝင်ရောက်ပြီး အုတ်တံတိုင်းပြိုကျကာ ယနေ့ (စက်တင်ဘာ...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

လွိုင်ကော်မြို့ ဘီလူးချောင်းရေ ထပ်မံမြင့်တက်၊ ရပ်ကွက်အချို့ ရေဝင်

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ ထပ်မံမြင့်တက်လာခြင်းကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များဖြစ်သည့် နမ့်ကွက်၊ ဒေါနိုးကူး၊ ရွှေတောင် စသည့် ရပ်ကွက်များထဲ ရေဝင်ရောက်လာပြီး ရပ်ကွက်နေ ဒေသခံအချို့...

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

Latest news