သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်တိုးချဲ့မြေအဖြစ် စစ်တပ်မှ သိမ်းဆည်းထားသော မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့ အစိုးရမှ လွှဲပြောင်းပေးရာတွင် မြေလွှဲလျှောက်ထားချက်အပေါ် သတ်မှတ်ရက် ၁၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းရန် ကျေးသီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြေငြာချက်တစောင် ထုတ်ပြန်သည့်အပေါ် ဒေသခံများက ကန့်ကွက်နေသည်။ ၄င်းနှင့်ပတ်သက်ပြီး မြေသိမ်းခံရသော...
အထက်ရဲရွာရေကာတာတည်ဆောက်ဖို့ လွှတ်တော်မှ ဘတ်ဂျက်တိုးချပေးသည့်အပေါ် သီပေါဒေသခံများ ဆန့်ကျင်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ် ထုတ်လုပ် ရေး အတွက် လွှတ်တော်မှ ဘတ်ဂျက်တိုးချပေးသည့်အပေါ် သီပေါဒေသခံများလွှတ်တော်အမတ် များ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့မနက် က သီပေါဒေသခံလူထု ၊...
မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး
မိုးဆက်တိုက်သည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူမြို့နယ် မိုင်းတတ်ရွာတွင်တောင်ကျချောင်းရေလျှံကာ နေအိမ်များရေလွှမ်းပြီး တံတားတစင်းကျိုးကျပျက်စီးကြောင်းသိရသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က တောင်ကျချောင်းရေလျှံကာ နမ္မတူမြို့နယ် မိုင်းတတ်ရွာ တံတားတစင်းကျိုးကျပျက်စီးရေနှင့်မျောပါသဖြင့် ဒေခံလူထု သွားလာမှုခက်ခဲရကြောင်း၊ ဖောင်စီးဖြတ်သန်းရကြောင်း မိုင်းတတ်ဒေသခံနန်းဟွမ်ကပြောသည်။ မိုင်းတတ်အဝင် နမ့်တတ်ချောင်းကူး သံ၊ပျဉ် တံတားကြီးကျိုးပျက်သွားတော့ လူထုသွားရလာရခက်ခဲတာပေါ့။ ဖောင်စီးပြီးဖြတ်သန်းသွားလာနေရတယ်။ နေ့ခင်းကတည်းက ရေကြီးတာ ညပိုင်းအထိရေမကျသေးဘူး။...
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်းအား လဲချားဒေသခံများက စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ အင်အား ရ၀၀ ကျော်ရှိသည့် လဲချားဒေသခံများနှင့်သံဃာတော်များအဖွဲ့က လဲချားမြို့နယ် ထုန့်ယိန်းဒေသမှ ကျောက်မီးသွေးတူးဖော်ရန် စီမံကိန်းချထားသည့် ရွာများသို့ အေးချမ်းစွာ စီတန်းလမ်းလျှောက်ကာ တံခွန် (အဖြူ၊ အနီအလံလေးများ)...
နမ့်ဆိုင်ချောင်းရေကြီး ထိုင်းနယ်စပ် တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေနစ်မြုပ်
သျှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့ တွင် ယမန်နေ့( စက်တင်ဘာ ၁၇) ရက် ညပိုင်းက မိုးသည်ထန်ရွာသွန်းမှုကြောင့် တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း (က) ရပ်ကွက်နှင့်...
အထက်ရဲရွာဆည်ကိစ္စ လူထုသဘောထားအား လျှပ်စစ်၊စွမ်းအင်ဒုဝန်ကြီး လျစ်လျူရှုနေ ဟုဆို
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ် နမ္မတူမြစ် အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်း အတွက် ဆောက်လုပ်နေဆဲ ရေကာတာမှာ ခိုင်ခံ့မှုမရှိသည့် အရိပ်လက္ခဏာမြင်တွေ့ နေရ သော်လည်း အစိုးရ၏လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာန၏ လျစ်လျူရှုမှုပြုနေခြင်းမှ ရပ်တန့်ရန် တာလုံ ဒေသခံများကြေငြာချက် တစောင်ထုတ်ပြန် လိုက်သည်။ စက်တင်ဘာလ ၁၁ ရက်...
မိုးသည်းထန်မှုကြောင့် ထိုင်းနယ်စပ် မိုင်းတုံမြို့ ဈေးအတွင်းရေလွှမ်း
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် မိုးရွာသွန်းမှုကြောင့် မိုင်းတုံမြို့မ ဈေးအတွင်းရေလွှမ်းရာ ဒေသခံများ ဈေးသည်များ အခက်တွေ့နေရကြောင်းသိရသည်။ ဩဂုတ်လ ၂၉ ရက် ညက ညလုံးပေါက်မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ ၃၀ ရက် ယနေ့မနက်ပိုင်း မိုင်းတုံမြို့မဈေးအတွင်း ရေများပြည့်လျှံနေခြင်းဖြစ်ကြောင်း မွန်းလွဲပိုင်းအထိ ရေများမကျသေးကြောင်း မိုင်းတုံဒေသခံ စိုင်းဆိုင်ကပြောသည်။ ကျနော်တို့ရဲ့ဈေးက ခွက်လိုမျိုးပုံဖြစ်နေတော့ မိုးအရမ်းရွာရင်ရေပြည့်မယ်။...
မိုင်းဆတ်တွင် ရေကြီး လူနေအိမ် ၂၀၀ နီးပါး ရေလွှမ်း
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပွားကာ နေအိမ် ၂၀၀ နီးပါး ရေလွှမ်းမိုးမှု ကြုံနေရကြောင်းသတင်းရရှိသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေများတက်လာကာ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် မယ်ဆွမ်တောင်ရပ်ကွက်၊ ဝမ်ကျောင်း၊ တာလျှံ နှင့် နောင်ဟီး ရှိ နေအိမ်များ...
သျှမ်းပြည်မြောက်ပိုင်း ဒုဝတီမြစ် ခေါ် နမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းများအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်များ နှင့်ဒေသခံပြည်သူများက စုပေါင်းတောင်းဆိုနေကြသည်။ သီပေါမြို့နယ်အတွင်းရှိ တာလုံရွာတွင်တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား မကန့်ကွက်နိုင်ပါက ဒုဌဝတီမြစ် ပေါ်တွင် ဆက်တိုက်တည်ဆောက်သွားမည့်ဆည်များကိုဆန့်ကျင်နိုင်မည့်အလားအလာမရှိကြောင်း ကျားခေါင်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။ “တကယ်လို့ဒီဆည်ကြီးကိုအောင်မြင်စွာမကန့်ကွက်နိုင်ခဲ့ရင် ဆည်ဆောက်မယ့်ကုမ္မဏီက ဆက်ပြီးဆောက်သွား မယ်လေ။ ဒီတခုဆောက်ပြီးရင် ဒီဒုဌဝတီမြစ်ပေါ်မှာ ထပ်ဆောက်ဖို့ပြင်ထားတာက ၂...
မိုင်းရှူးမြို့တွင် နမ့်ငချောင်းရေလျှံ လူ ၂၀၀ ကျော်ရေဘေးသင့် လယ်ယာခြံသီးနှံများပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်းမိုင်းရှူးမြို့တွင် ဖြတ်သန်းစီးဆင်းသည့်နမ့်င ချောင်းမှ ချောင်းရေလျှံကာ ဒေသခံရွာသား ၂၀၀ ခန့်ရေဘေးသင့်ခဲ့ကြောင်းသိရသည်။ ဩဂုတ်လ ၄ ရက်မနက်ပိုင်းမှ ချောင်းရေစလျှံကာ ချောင်းဘေးနေထိုင်သူ ရပ်ကွက် ၂ ရပ်ကွက် ၃ မှဒေသခံရွာသားများ ကုန်းပိုင်းရှိ မိတ်ဆွေ ဆွေမျိုးများထံသွားရောက်ခိုလှုံခဲ့ရကြောင်း မိုင်းရှူးဒေသခံနန်းဆိုင်လင်းကပြောသည်။ မိုးသည်းထန်ရွာတာလည်းမဟုတ်ဘူး။ ရေက မနက်ပိုင်းကစတက်တယ်။ နေ့လည်လောက်ကျတော့ ရင်ဘတ်လောက်အထိရှိနေပြီ...






