တောင်ကြီးတွင်မိုးသည်း ရေကြီး အမျိုးသားတဦး မြောင်းထဲ ကျွံကျသေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီး ကာ အသက် ၁၇ နှစ်အရွယ် အမျိုးသား တဦး မြောင်းထဲပြုတ်ကျသေဆုံးကြောင်း သိရသည်။

Photo Credit to – သံလွင်သွေးချင်း- မြောင်းထဲကျွံကျမျောပါသေဆုံးသွားသော ခွန်အောင်သိန်းအလောင်းအား ကူညီကယ်ဆယ်ရေးအဖွဲ့က သွားရောက်ဆယ်ယူနေကြစဉ်

စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးကာ လမ်းမတော် ရပ်ကွက် ရေမြောင်းတခုအတွင်း အသက် ၁၇ နှစ် အရွယ် အမျိုးသား တဦး ကျွံကျပြီး ရေစီးဖြင့်မျောပါ သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။

ရေမြောင်းနှင့်မျောပါသွားသည့် ခွန်အောင်သိန်း ၏ရုပ်အလောင်းကို တောင်ကြီးမြို့ နှင့် ရမိုင်ခန့် ဝေးကွာသည့် အေးသာယာ အဆင်း ရေချောင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

“ အဓိက တောင်ပေါ်ကျလာတဲ့ရေတွေက ရေစီးသန်တယ်။ ရေမြောင်း ကြံ့ခိုင်မှုကလည်း မကောင်းတော့ ကျွံသွားတာ။ ရေစီးနဲ့ အတူ ရေမြောင်းထဲ မျောပါသွားတယ်” ဟု တောင်ကြီး ဒေသခံ စိုင်းနေလင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပါက တနှစ်ထက် တနှစ် ရေကြီးမှုများကာ အနိမ့်ပိုင်း ရပ်ကွက်နေအိမ်ခြံထဲသို့ ရေဝင်ရောက်မှု ရှိလာကြောင်းလည်း စိုင်းနေလင်း က ပြောပြသည်။

“ ဒီနှစ်ထဲမှာ ၂ ခါ ရှိပြီ နေအိမ်ထဲကို ရေဝင်တာ။ မနေ့က တော့ ရေက ခြံထဲမှာ ၄ ပေလောက်ရှိတယ်။ ကျမ ရင်ညွန့်လောက်ထိရှိတယ်” ဟု နေအိမ်ထဲ ရေဝင်သည့် ညောင်ပင်သာရပ်ကွက် မှ မသန္တာဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တောင်ကြီး ရေကြီးရသည့် အကြောင်းရင်းမှာ ရေမြောင်းများ စနစ်တကျ မဖော်ခြင်း၊ တချို့မှာ ရေမြောင်းဘက်ကိုနယ်ကျွံကာ အုတ်တံတိုင်းများ တည်ဆောက်ခြင်းကြောင့် တောင်ကြီး အနိမ့်ပိုင်းရပ်ကွက်များ မိုးရွာသွန်းတိုင်း ရေကြီးနေရခြင်းဖြစ်သည် ဟု မသန္တာဦး က ပြောသည်။

“ အရင်တုန်းက မြေပုံ အရမြောင်း ဧရိယာက ပေ ၂၀ ပေ ၃၀ ရှိတယ်။ အခု က ၆ ပေ ရ ပေ ပဲရှိတယ်။ ရေမြောင်း ရဲ့ ဘေးတဖက် တချက်မှာလည်း အိမ်တွေက ကျူးကျော်ထားတာရှိတယ်။ နောက် ရေမြောင်းထဲမှာ မြေဖို့ထားတွေကြောင့် အောက်ကို မစီးတော့ဘဲ ရေကြီးနေတာပါ” ဟု မသန္တာဦးက ဆိုသည်။

တောင်ကြီးမြို့ တမြို့လုံး ရှိရေမြောင်းများ ပြန်လည်ပြုပြင်ခြင်း၊ ရေမြောင်းတလျှောက် အမှိုက်များ မြေများ ပြန်လည် ဆယ်ယူခြင်း မပြုလုပ်ပါက တောင်ကြီး အနိမ့်ပိုင်း ရပ်ကွက် ရေထပ် ကြီးနိုင်ကြောင်း လည်း တောင်ကြီးဒေသခံများက ပြောသည်။

“ ဟိုအရင် က တောင်အောက်ကို ရေတွေ ဘယ်လို စီးဆင်းမလဲဆိုတာ ကို ရေမြောင်း ပညာရှင်တွေ ရှိတယ်။ သူတို့နဲ့ စနစ်တကျပြန်ဖော်ဖို့လိုတယ်။ မဟုတ်ရင် ဒီနေရာမှာ ပဲ လာစုရင်တောင်ပေါ်မှာ ရေကြီးတာနဲ့ မြို့သစ်တွေ ရွှေညောင်တွေမှာလည်း ရေကြီးမယ်။ အကျိုးဆက်က ဒီတနေရာတည်း မဟုတ်ဘူးလေ” ဟု မသန္တာဦး ကပြောဆိုလိုက်သည်။

သြဂုတ် လ ၁၈ ရက်နေ့ကလည်း တွင် တောင်ကြီးမြို့ပေါ် ရှိ ရပ်ကွက် တချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားက အသက် (၆၀) အရွယ် အမျိုးသား တဦး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...