နမ့်ခမ်းမြို့တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု စတင်ကြုံတွေ့

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် မိုး ရွာသွန်းသဖြင့် နမ့်ခမ်းမြို့ နယ် အတွင်း ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo by Jai Font Tai- ဇွန်လ ၁၁ ရက် မိုးရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့စျေးအတွင်းရေကြီးနေသည်ကိုတွေ့ရစဉ်

ယနေ့ နေ့လည် ၁ နာရီ ဝန်းကျင်တွင် မိုးရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့ ဝိန်းကန် ကျေးရွာ ရှိလူနေအိမ်များ၊ လယ်ယာများ ထဲသို့ ရေများဝင်ရောက်ခြင်း၊နမ့်ခမ်းမြို့မ စျေးတွင်းသို့ ရေများဝင်ရောက်ခြင်း ဖြစ်ပွားခဲ့ကြောင်း နမ့်ခမ်းဒေသခံ စိုင်းခေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဝိန်းကန် ကျေးရွာကတော့ ဒီနှစ်မှ နေအိမ်တွေ လယ်တွေ ထဲရေဝင်တာ။ နေ့လည်ဖြစ်လို့တော်သေးတယ်။ ညအချိန် ရေတွေ ဝင်ရင်တော့ အန္တရာယ်များနိုင်တယ်။ မိုးစရွာခါစ မှာ ရေတွေ ကြီးနေပြီ၊ မိုးများရင်တော့ ဒီထက် ရေကြီးနိုင်တယ်” ဟု စိုင်းခေး က ဆိုသည်။

နေအိမ်တွင်း ၊ လယ်ယာ အတွင်း သို့ ရေများ ဝင်ရောက်လာသည့် အတွက် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း၊ လမ်းသွားလမ်းလာများအတွက်လည်း အထူးသတိထားရန် လိုအပ်ကြောင်း စိုင်းခေး က ပြောသည်။

ထိုနည်းတူ ယနေ့ နေ့လည် ပိုင်းတွင် မိုးရွာသွန်းမှုကြောင်း နမ့်ခမ်းမြို့မ စျေးအတွင်း ရေများလျှံကာ စျေးသည်များ အခက်ကြံုတွေ့နေရကြောင်း၊ မိုးရွာပါက ထိုသို့ရေကြီး ရေလျှံမှုဖြစ်ပွားလာသည်မှာ ၃ နှစ် ခန့်ရှိပြီဖြစ်ကြောင်း နမ့်ခမ်းစျေးသည် စိုင်းပန် က ပြောပြသည်။

“ မိုးရွာလိုက်တာနဲ့ စျေးထဲ တချို့ နေရာက ခြေမျက်စိ လောက်ရေ ကျော်တယ်။ တချို့နေရာ က ဒူးထိ ရောက်တယ်။ ရေမြောင်း အမှိုက်များလို့ပါ။ မိုးတွင်းရောက်ရင် ဆိုင်ခင်းမယ့် ခုံအောက်ခြေကို ကျောက်ခဲတွေ ခံရတယ်” ဟု စိုင်းပန် ကဆိုသည်။

နမ့်ခမ်းမြို့မစျေး ရှိ စျေးရေမြောင်းများကို စည်ပင် မှ အမှိုက်များဆယ်ခြင်း၊ ရေမြောင်းများ ရေသွားရေလာကောင်အောင် ပြုလုပ်ပေးခြင်း မရှိကြောင်းလည်း နမ့်ခမ်းဒေသခံများပြောပြချက် အရသိရသည်။

နမ့်ခမ်းမြို့မ စျေး ရေကြီးရေလျှံမှုကြောင်း စျေးသည်များ ၊ စျေးဝယ်သူများ အတွက် ခက်ခဲနေသဖြင့် သက်ဆိုင်ရာလာရောက်ဖြေရှင်းပေးရန် လည်း နမ့်ခမ်းဒေသခံများက တောင်းဆိုလိုက်သည်။

ယခုနှစ် မိုးဦးရာသီ ကာလ တွင် နမ့်ခမ်းမြို့တွင် မကြံုစဖူး နေအိမ်ထဲ သို့ ရေများဝင်ရောက်ခြင်း၊ လယ်ထဲ ရေများဝင်ရောက်ကာ လယ်ယာ ပျက်စီးခြင်းများဖြစ်ပွား ကြောင်း စိုင်းခေး ကပြောသည်။

နမ့်ခမ်းမြို့သည် တရုတ်နယ်စပ် ဒေသ တောင်ပေါ် မြို့ ဖြစ်သော်လည်း တောင်ပေါ် သစ်ပင်များ အလွန်အကျွံ ခုတ်ဖြတ်ခြင်း ၊ ကျောက်များ စည်းကမ်းမဲ့ တူးဖော်ခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများစတင်ခံစားနေရသည် ဟု နမ့်ခမ်းဒေသခံများ ပြောကြားချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...