နမ္မတူမြစ်ပေါ်တွင်ဆောက်လုပ်မည့်ရေကာတာစီမံကိန်းအတွက် ပါ၀င်ထားသောပြင်သစ်နိုင်ငံ ကုမ္မဏီတခု နှုတ်ထွက်သွားသည့်အပေါ် ၀မ်းသာကြောင်းနှင့် ရေကာတာစီမံကိန်းတွင်ပါ၀င်နေသေးသော ကုမ္မဏီများအားလုံးလည်း နှုတ်ထွက်ပေးပါရန်တိုက်တွန်းကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက်က ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး - မိမိသည်စီမံကိန်းမှ နှုတ်ထွက်ကြောင်း၊ ထို့အတွက် နာမည်ပျက် (Dirty List) စာရင်းမှပယ်ဖျက်ပေးပါရန်...
နမ္မတူမြစ်ပေါ်ရေအားလျှပ်စစ်စီမံကိန်းတွင်ပါ၀င်သည့်ပြင်သစ်ကုမ္မဏီ စီမံကိန်းမှနှုတ်ထွက်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းတွင် ပါ၀င်နေသည့် ပြင်သစ်ကုမ္မဏီ က စီမံကိန်းမှနှုတ်ထွက်လိုက်ကြောင်းသိရသည်။ ပြင်သစ်ကုမ္မဏီတခုဖြစ်သော France’s Joint Venture IPGRB ကုမ္မဏီက ဇန်နဝါရီလ ၂၉ ရက်နေ့က စီမံကိန်းမှ နှုတ်ထွက်ကြောင်းကြေငြာလိုက်ပြီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ် သက်တော့မည်မဟုတ်ကြောင်း၊ထို့အတွက် မိမိကုမ္မဏီနာမည်အား...
ကျောက်မဲမြို့နယ်အတွင်းရှိကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ဒေသခံလူထုကျန်းမာရေးထိခိုက်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ၂၀၀၈ ခုနှစ်ကတည်းကစတင်ခဲ့သော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းမှ ဒေသခံလူထု၏ ကျန်းမာရေး ထိခိုက်နေကြောင်း ဒေသခံလူထုကပြောဆိုပါသည်။ ကျောက်မီးသွေးတူးဖော်မှုကြောင့် ပန်းမ - ဗြိန်းစင်အုပ်စုရှိ တောလမ်း ကားလမ်းများ ပျက်စီးခြင်း၊ ရွာလူထုမှ ကျောက်မီးသွေးဓါတ်ပါသော ဖုန်မှုံ့များပါသည့်လေများရှူရှိုက်နေရခြင်း၊ သောက်သုံးရေများ သန့်စင်မှုမရှိခြင်းတို့ရင်ဆိုင်နေရကြောင်း ကျောက်မဲဒေသခံများကပြောသည်။ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက -...
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် နမ့်ဟူး သဘာဝရေထွက် အား သဘာဝ စိမ့်စမ်းရေထွက်ဧရိယာ အဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံလယ်သမားများ ကွင်းဆင်းတိုင်းတာမှုပြုနေကြောင်းသိရသည်။ မြို့နယ်ထွေအုပ်၏ မိုးနဲမြို့နယ်အတွင်း အင်း ၃ အင်းနှင့်မောင်ခိုင် မောင်နိုင်ရေထွက်ဧရိယာနယ်နိမိတ် ပြန် လည် စီစစ်တိုင်းတာသတ်မှတ်ရေးလုပ်ငန်းစီမံချက် ကျလာပြီးနောက် နမ့်ဟူးသဘာဝရေထွက်ဧရိယာအား ဒေသခံတောင်သူလယ်သမားများက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့က...
အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
သျှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း ၊မိုင်းပန် ၊လင်းခေး ၊ မိုးနဲ စသည့် (၄) မြို့နယ်မှ တောင်သူများ နှင့် အစိုးရအဖွဲ့ ၊ကိုယ်စားလှယ်များ ၊ဌာနဆိုင်ရာများ ပထမအကြိမ် မြေယာဆိုင်ရာ ကိစ္စဆွေးနွေးပွဲ ကို တောင်ကြီးမြို့ ၊ သျှမ်း ပြည်နယ်အစိုးရရုံးရှိ အထွေထွေအုပ်ချုပ်ရေးခန်းမတွင် ကျင်းပခဲ့ပါသည်...
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ အုပ်စုရှိ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းအား ၁ နှစ် ထပ်မံတိုးမြှင့်တူးဖော်ရန်ကုမ္မဏီအား ဒေသခံများက ခွင့်ပြုထားကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့က နမ့်မအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံများအား ကျောက်မီးသွေးတူးဖော်သည့် ငွေရည်ပုလဲကုမ္မဏီက လာရောက်တွေ့ဆုံကာ တနှစ်ထပ်မံတူးဖော်ခွင့်ပေးရန် ညှိနှိုင်းရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိသာ ဒေသခံများက...
မိုးနဲမြို့နယ် နမ့်ဟူးရေထွက်ဦး မပျောက်ပျက်စေရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသော်လည်း ထိရောက်မှုမရှိသဖြင့် အဆိုပါအမိန့်ပယ်ဖျက်သင့်ကြောင်း မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန်ကပြောဆိုလိုက်သည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပသော သျှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တွင် စိုင်းမွမ်းလိန်က - မိုးနဲမြို့အတွင်း ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်း...
ပဋိပက္ခ နယ်မြေ အတွင်း ရေကာတာ ဆောက်လုပ်ခြင်း စစ်ရေး ပြသာနာပိုကြီးထွားလာနိုင် ဒေသတွင်းလူထုပြော
စစ်ရေးပဋိပက္ခ နယ်မြေ အတွင်း ရေကာတာ တည်ဆောက်ခြင်းသည် စစ်ရေး ပြသာနာ ကို ပိုပြီး ဖြစ်ပွားစေကြောင်း ရေကာတာတည်ဆောက်ရေးစီမံကိန်းအတွင်းနေထိုင်သည့် သျှမ်းပြည် လူထု က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာ နှင့် သျှမ်းပြည်...
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် တာ့လုံရွာတွင် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်မည့်စီမံကိန်းရပ်ဆိုင်းပေးရန် ဒေသခံလူထုမှပေးပို့သော စာတစောင်ကို သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်စင်မှ သမ္မတကြီး ဦးဝင်းမြင့်ထံ ပေးပို့လိုက်သည်။ သျှမ်းပြည်တောင်သူလယ်သမားများအဖွဲ့အလုပ်အမှုဆောင် စိုင်းထမ်းအိုင်း မှ- “ကျနော်တို့ရွာသူရွာသားများစုပေါင်းစာရေးသားပြီးတော့ သမ္မတကြီးဆီကိုတိုက်ရိုက်ပေးပို့ပါတယ်။အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ရပ်ပေးပါ။ ဒီစီမံကိန်းကြီးဟာလူထုကိုပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောပြတာမရှိခဲ့ဘူး။ တဖက်ကလည်း ဒီကဒေသခံလူထုကလည်း နေရပ်ကနေမစွန့်ခွါချင်ကြဘူး။...
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့တွင် ရေကြီး လယ်ယာခြံမြေဧက ၁၀၀ ကျော်ဆုံးရှုံးပျက်စီး
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်တုံချောင်းရေလျှံကာ မိုင်းတုံဒေသခံများ၏ လယ်ယာခြံမြေများအတွင်း ရေများလျှံဝင်ပြီးကောက်ပင်များ ရေနှင့်မျောပါကုန်ကြောင်းသိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ တောင်ကျချောင်းရေများစီးဝင်ရာ မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့် နမ့်တုံချောင်းရေလျှံကာ လယ်မြေဧက ၁၀၀ ကျော်အတွင်းရှိ ကောက်စည်း ကောက်ပုံများ ရေနှင့်မျောပါခြင်း ၊ မရိတ်သိမ်းရသေးသည့်စပါးခင်းများလဲပျက်စီးလဲကျကုန်ကြောင်း...






