Tuesday, January 27, 2026

တီကျစ် အများပြည်သူနေရာ တွင် ဓာတ်ပုံရိုက်သည့် သတင်းထောက်များ နှင့် MATA အဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ခံရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ရှိ အများပြည်သူပိုင် ဘုရားကုန်းနေရာ တွင် ဓာတ်ပုံ သွားရိုက်သည့် MATA အဖွဲ့ နှင့် သတင်းထောက် များကို ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ ကျော်က လာရောက် ပိတ်ဆို့ ကြောင်း သတင်းရရှိသည်။

Photo by SHAN/ ယနေ့ ညနေ ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ကျော် လာရောက် ပိတ်ဆို့ဝိုင်းသည့်ပုံ

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာ ၂၉ ) ညနေ ၄ နာရီ ကျော်က MATA အဖွဲ့ဝင်များ ၊ သျှမ်းသံတော်ဆင့်သတင်းဌာန သတင်းထောက်များ၊ ဖရီးလန့်စ်သတင်းထောက်တချို့ စုစုပေါင်း ၇ ယောက် တီကျစ်မြို့ ဘုရားကုန်း ပေါ်မှ မြို့တွင်းသို့ ဓါတ်ပုံလှမ်းရိုက်ရာ ထိုအနီးရှိ ကျောက်မီးသွေး စီမံကိန်းမှ ဧဒင်ကုမ္ပဏီ ဝန်ထမ်း ၅၀ ကျော်က ၄င်းတို့အား ဝိုင်းပိတ်ထားကြောင်း MATA အဖွဲ့ ကိုယ်စားလှယ် ကိုအောင်ကျော်မိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အဓိက တော့ သူတို့ မိုင်းတွင်းကို ဓာတ်ပုံ ရိုက်တယ်လို့ယူဆတဲ့အတွက် ကျနော်တို့ကို ၄ နာရီထိုးဖို့ ၁၀ မိနစ်လောက်မှာ လာဝိုင်းကြပါတယ်။ ကျနော်နဲ့ အတူ သျှမ်းသံတော်ဆင့်သတင်းက သတင်းထောက် ၃ ယောက် ၊ သဘာဝ ပတ်ဝန်းကျင် လူမှု ဘဝ ကိုလာပြီးရိုက်ကူးရေးလုပ်တဲ့ ရှင်ဒေဝီ ရယ် နောက်ပြီး ဖရီးလန့်စ်သတင်းထောက်ရယ်  ကျနော်တို့ ရ ယောက်ပါ ” ဟု ကိုအောင်ကျော်မိုး က ဆိုသည်။

Photo by SHAN/ ယနေ့ ညနေ ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ကျော် လာရောက် ပိတ်ဆို့ဝိုင်းသည့်ပုံ

အဆိုပါ အဖွဲ့များ ဓာတ်ပုံ ရိုက်သည့်နေရာသည် ကန့်သတ်ထားသည့်နေရာ မဟုတ်ကြောင်း၊ ဘုရားကုန်းနေရာတွင် ကန့်သတ်နယ်မြေ ဟုလည်း မရေးသားထားကြောင်း၊ တားမြစ်သတင်းပေးချက်တစုံတရာမရှိကြောင်း ၊ ထိုနေရာတွင် လွတ်လပ်စွာ ဓာတ်ပုံရိုက်ပိုင်ခွင့်၊ သတင်းအချက်အလက် ရပိုင်ခွင့်ရှိသည့်နေရာဖြစ်သဖြင့် ၀င်ရောက်ဓါတ်ပုံရိုက်ရခြင်းဖြစ်ကြောင်း ကိုအောင်ကျော်မိုး က ထပ်လောင်းပြောသည်။

Photo by SHAN/ ယနေ့ ညနေ ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ကျော် လာရောက် ပိတ်ဆို့ဝိုင်းသည့်ပုံ

သဘာဝ ပတ်ဝန်းကျင်လူမှုဘဝ အကြောင်းကို ရိုက်ကူးသည့် မရှင်ဒေဝီ သည် ဧဒင်ကုမ္ပဏီ ဝန်ထမ်းများလာရောက် ပိတ်ဆို့စဉ် လူမှု ကွန်ရက်တွင် တိုက်ရိုက်ထုတ်လုပ်မှု LIVE လွှင့်ရာ ဧဒင် ဝန်ထမ်း တချို့က “ အရူး” “သူခိုး” စသဖြင့်စွပ်စွဲ ပြောဆိုမှုများလည်းရှိခဲ့ပါသည်။

ထို ကဲ့သို့ ပြောဆိုမှု အမျိုးသမီး တယောက်၏ ဂုဏ်သိက္ခာ ကို ညိုးနွမ်းအောင် ဖိအားပေး ပြီ း ပြုလုပ်သည် ဟု ကိုအောင်ကျော်မိုးက ထောက်ပြ ပြောဆိုလိုက်သည်။

“ ကျနော်တို့ မှာ သတင်းအချက်အလက်တွေ ရဖို့အခွင့် အရေးတွေရှိတယ်။ ဥပဒေ ဘောင် မကျော်မချင်း ကျနော်တို့ လွတ်လပ်စွာနေခွင့် ရှိတယ်။ ဥပဒေတွေ ရယူပိုင်ခွင့်ရှိတယ်။ ကုမ္ပဏီကနေ လာရောက် ဖိအားပေးတာဟာ ဥပဒေအနေနဲ့ နိုင်ငံသားတယောက်ပေါ်မှာ ဥပဒေမဲ့လုပ်ရပ်ပါ” ဟု ကိုအောင်ကျော်မိုး ပြောဆိုလိုက်သည်။

Photo by SHAN/ ယနေ့ ညနေ ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ကျော် လာရောက် ပိတ်ဆို့ဝိုင်းသည့်ပုံ

ဧဒင် ကျောက်မီးသွေး ကုမ္ပဏီ ဝန်ထမ်းများ ပိတ်ဆို့ထားသည့်ဖြစ်စဉ်အတွင်း ပါဝင်သည့် သျှမ်းသံတော်ဆင့် ရုပ်သံ အယ်ဒီတာ စိုင်းမျိုး က “ ကျနော်တို့ ကားနောက်ကို သူတို့ကားနဲ့ ပိတ်ထားတယ်။ သူတို့ကား က ၃ စီးရှိတယ်။ ကျနော်တို့ ဓာတ်ပုံ ရိုက်ဖို့လာကြတာ။ ကျနော်တို့ဓာတ်ပုံရိုက်ချိန်မှာပဲသူတို့ လာပြီး ပိတ်ဆို့ဝိုင်းတာပါ။ ဓာတ်ပုံကို ပြန်ဖျက်ခိုင်းတာတော့ မရှိပါဘူး” ဟု ပြောသည်။

ကျောက်မီးသွေး တူးဖော်နေသည့် ဧဒင် ကုမ္ပဏီသည် အစိုးရ ထံမှ တရားဝင်ခွင့်ပြုချက်ရထားသည့် ကုမ္ပဏီ ဖြစ်သည့် အတွက် ထိုကဲ့သို့ရုပ်ပျက်ဆင်းပျက်မပြုလုပ်သင့်ကြောင်းလည်း ဝိုင်းခံရသည့် သူများက ပြောဆိုသည်။

Photo by SHAN/ ယနေ့ ညနေ ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ကျော် လာရောက် ပိတ်ဆို့ဝိုင်းသည့်ပုံ

တီကျစ်ဒေသတွင် ကျောက်မီးသွေး စက်ရုံကြောင့် ဒေသခံများ ကျန်းမာရေး ဆိုးရွာစွာ ခံစားနေရသည်ဟုဆိုကာ မနက်ဖန် (အောက်တိုဘာ ၃၀) ရက်တွင် လည်း ကျောက်မီးသွေး စက်ရုံ လည်ပတ်မှု ရပ်ဆိုင်းရန် ဒေသခံလူထုမှ ဆန္ဒထုတ်ဖော်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် ကျောက်မီးသွေး လျှပ်စစ်ထုတ် စက်ရုံ (၃) ရုံ အနက် တီကျစ် ကျောက်မီးသွေး သုံး လျှပ်စစ်ရုံသည်အကြီးဆုံး နှင့် ပထမဦးဆုံး လည်ပတ်သည့် စက်ရုံဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...

နမ့်စန်မြို့ သတင်းထောက်ဟောင်း တစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန်တွင် နမ့်စန်မြို့မှာ နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “အရင်ကတော့ DVB နဲ့...

လွှတ်မြောက်နယ်မြေရောက် သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူ ကို KGZ က ဖမ်းဆီး ရိုက်နှက်

0
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွှတ်မြောက်နယ်မြေ တစ်နေရာတွင် ရောက်ရှိနေသော သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူတစ်ဦးတို့ကို KGZ (Karenni Generation - Z ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၉...

တာချီလိတ် အခြေစိုက်သတင်းထောက် ၂ဦး ကိုဖမ်းရန် ထိုင်းကို အကူအညီတောင်း

0
မြန်မာ-ထိုင်း တာချီလိတ်မြို့ အခြေစိုက် သတင်းဌာန ၂ခုမှ သတင်းထောက်များကို ဖမ်းဆီးရန် စစ်ကောင်စီ မှ ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ တာချီလိတ်အခြေစိုက် တာချီလိတ်အေဂျင်စီ သတင်းဌာန တည်ထောင်သူ ကိုဇောင်း နှင့် မှုခင်းရှု့ထောင့် မှ ကိုရွှေဝင်း တို့ကို စစ်ကောင်စီ က တရားခံပြေး၊...

မူဆယ် ကြေးမုံ သတင်းထောက် သေနတ်ပစ်ခံရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့က ကြေးမုံသတင်းစာ သတင်းထောက်တဦး ယမန်နေ့က သေနတ်ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၃ ရက် ည ၉ နာရီ ခွဲဝန်းကျင်တွင် မူဆယ်မြို့ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားကြီးဝန်း တွင် နေထိုင်သည့် ကြေးမုံ သတင်းထောက် ဆရာမောင်ကို အမည်မသိ လူနှစ်ဦး...