သျှမ်းတောင် ရွာငံမြို့နယ် တရားမဝင် သတ္တုတူးဖော်မှု များရှိနေ

သျှမ်းပြည် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အတွင်း တရားမဝင် သတ္တု တူးဖော်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

Photo credit to Ma Su Facebook- ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု သဖန်းပင် ကျေးရွာ အတွင်း တရားမဝင် သတ္တုတူးဖော်ထုတ်ယူ သည့်နေရာအား ရွာငံမြို့ ကအုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ်

ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု သဖန်းပင် ကျေးရွာ အတွင်း တရားမဝင် သတ္တုတူးဖော်ထုတ်ယူမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးမှုများကြောင့် နစ်နာကြေး လျော်ကြေးငွေ ပေးရန် သဖန်းပင်ကျေးရွာ မှ ဒေသခံများက တောင်းဆိုကြသည်။

ထိုနေရာတွင် တရားမဝင် သတ္တုတူးဖော်နေသည့် ကုမ္ပဏီများမှာ G.P.S ကုမ္ပဏီ နှင့် ဟားဘွန် စတား ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

“G.P.S ကတော့ ခွင့်ပြုချက် မရဘဲ တူးတယ်လို့ ဝန်ခံတယ်။ဟားဘွန်စတားက ခွင့်ပြုချက် ရက်ကုန်ဆုံးပြီး ဆက်တူးတယ်။ ဒါက တရားမဝင် တူးဖော်တာပဲ။ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတယ်” ဟု သဖန်းပင် ကျေးရွာ မှ ဦးကျော်တင် က ပြောသည်။

လက်ရှိမှာ G.P.S ကုမ္ပဏီ နှင့် ဟားဘွန်စတား ကုမ္ပဏီ လုပ်ငန်းခွင် များတွင် တရုတ်လူမျိုးများ ပါဝင်နေကြောင်းလည်း ဦးကျော်တင် က ပြောပြသည်။

လွန်ခဲ့သည့် ဇူလိုင်လပိုင်းက G.P.S ကုမ္ပဏီသည် သဖန်းပင် ကျေးရွာသို့ဝင်ရောက်လာပြီး သတ္တုတူးဖော်ရန်အတွက် လမ်းများပြင်ဆင်ခြင်း၊ သတ္တုများ တူးဖော်ခြင်း စတင်ခဲ့သည်ဟု ဒေသခံများ ပြောပြချက် အရ သိရသည်။

စိုက်ပျိုးမြေများ ပျက်စီးနေသည့်အပေါ် ဒေသခံ ၃၀ ဦးနှင့် ရဟန်း ၂ ပါး က သတ္တုတူးဖော်သည့် နေရာကို သွားရောက်လေ့လာကာ လူမှု ကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သည်။ ထိုအတွက်လည်း အုပ်ချုပ်ရေးမှူး က လူမှု ကွန်ရက် စာမျက်နှာ ပေါ် မတင်ရန် လာရောက် ကန့်ကွက်ခဲ့သေးသည်။

Photo credit to Ma Su Facebook- ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု သဖန်းပင် ကျေးရွာ အတွင်း တရားမဝင် သတ္တုတူးဖော်ထုတ်ယူ သည့်နေရာအား ရွာငံမြို့ ကအုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ်

ရွာငံ အုပ်ချုပ်ရေးမှူး အနေဖြင့် သွားရောက်စစ်ဆေးပြီး တရားမဝင် တူးဖော်နေပါက ဥပဒေ အရ အရေးယူမည်ဟု ဒေသခံများကို ကတိပေးခဲ့သော်လည်း လက်တွေ့တွင် အရေးမယူခဲ့ပေ။

“ ရွာငံ အုပ်ချုပ်ရေးမှူးက ကွင်းဆင်း စစ်ဆေးမယ်။ တရားမဝင် တူးဖော်နေတာ ကို တွေ့ရင် ဥပေဒ နဲ့ အညီ အရေးယူမယ်လို့ ပြောတယ်။ တကယ်တော့ အရေးမယူခဲ့ဘူး” ဟု ဦးကျော်တင် က ပြောပြသည်။

လက်ရှိ သတ္တုတူးဖော်နေသည့် နေရာသည် ရွာငံမှ ၂ နာရီခန့်အကြာ သွားရသည့် တောင်ပေါ်နေရာတွင်ဖြစ်ကြောင်း ၊ သွားလာရန်လည်းခက်ခဲသည့်နေရာဖြစ်ကြောင်း၊ ထိုနေရာတွင် သတ္တုတူးဖော်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံများကို အကြောင်းကြားခြင်းမရှိခဲ့ကြောင်း ရွာငံမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထိုနေရာတွင် တူးဖော်နေသည့် G.P.S ကုမ္ပဏီသည် ခွင့်ပြုချက် မကျသေးဘဲ တူးဖော်နေကြောင်း၊ ဟာဘွန်းစတား ကုမ္ပဏီသည် ခွင့်ပြုချက် ရသော်လည်း မေလပိုင်းတွင် ခွင့်ပြုချက် သက်တမ်းကုန်ဆုံးကာ ဆက်လက်တူးဖော်နေသဖြင့် တရားမဝင် တူးဖော်နေခြင်း သာဖြစ်သည် ဟု ဦးအောင်စိုးမင်း က ပြောသည်။

“ ဒီကုမ္ပဏီ ၂ ခု မှာ ပိုင်ရှင် ဘယ်သူလဲဆိုတာ မသိဘူး။ ဒါပေမယ့် အဲ့မှာ တရုတ်တွေ ၂၀ ကျော် ရှိတယ်။ တရုတ်က ပိုင်ရှင်လားဘာလားမသိဘူး” ဟု ဦးအောင်စိုးမင်း ကဆိုသည်။

ဒေသအတွင်း စီမံကိန်း၊ သတ္တုတူးဖော်ခြင်း ပြုလုပ်ပါက ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဆွေးနွေးပြီး မှ သာ လုပ်သင့်ကြောင်း၊ ယခုကဲ့သို့ တရားမဝင် တူးဖော်ခြင်းကို လက်မခံနိုင်ကြောင်း၊ ထိရောက်စွာ အရေးယူပေးရန်လည်း ဦးအောင်စိုးမင်း က ပြောဆိုလိုက်သည်။

“ ယခု လ ၆ ရက်နေ့က ကျနော်တို့ သွားစစ်ဆေးတော့ ပေ ၁၀၀ ရှည်တဲ့ လိုဏ်ဂူတွေ တူးထားတာတွေ့တယ်။ တချို့ ကလည်း တူးပြီး ပြန်ဖို့ထားတာရှိတယ်။ ဒေသခံ ပြောပြချက် အရ ၃၊ ၄ ကျင်းလောက်ရှိတယ်” ဟု ဦးအောင်စိုးမင်း က ရှင်းပြသည်။

Photo credit to Ma Su Facebook- တူးဖော်နေသည့်သတ္တုကျောက်အမျိုးအစား

သို့သော် တရားမဝင်တူးဖော်နေသည့် သတ္တုတွင်းများကို ရပ်ဆိုင်းရန် ပြောဆိုခဲ့သော်လည်း ယနေ့ထိ တူးဖော်နေသေးကြောင်း သဖန်းပင် ကျေးရွာ ဒေသခံများက ပြောသည်။

“ နေပြည်တော်က စစ်ဆေးရေးတွေ၊လွှတ်တော်အမတ်တွေလာတုန်းက ရပ်ဆိုင်းဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ထိ သူတို့က ဆက်တူးနေတုန်းပဲ” ဟု သဖန်းပင်ကျေးရွာက ဦးကျင်တင် က ပြောသည်။

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် တွင် တောင်ယာ စိုက်ပျိုးခြင်းသာ အားကိုးနေရသည့် ဒေသဖြစ်ပြီး သတ္တုများ လာရောက် တူးဖော်မှုကြောင့် တောင်ယာ လုပ်ငန်း အတွက် အခက်ခဲကြုံနေရသဖြင့် သက်ဆိုင်ရာ မှ ထိုကိစ္စကို ထိရောက်စွာ အရေးယူသင့်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

ရွာငံမြို့နယ် အတွင်း တရားမဝင် တူးဖော်နေသည့် သတ္တု တွင်း ကုမ္ပဏီ ၅ ခု ထပ်မနည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...