Tuesday, January 27, 2026

မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးဆက်လက်တူးဖော်ပါက ဆန္ဒပြမည်ဟုဆို

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးများ ဆက်လက် တူးဖော်ပါက ဥပဒေဘောင် အတွင်းမှနေပြီး ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်သွားမည် ဟု ဒေသခံများကပြောသည်။

Photo Golden Mong Kung- ဇွန်လ ၉ ရက် မိုင်းကိုင်မြို့ လွိုင်လိုင်ကျောင်းတိုက်တွင် ဒေသခံလူထုနှင့် သံဃာတော်များတွေ့ဆုံဆွေးနွေး

 

မိုင်းကိုင်မြို့နယ် ၀မ့်ယတ်အုပ်စု ခမ်းနားကျေးရွာ ဘက်တွင် မည်သည့် ကုမ္ပဏီမှ ကျောက်မီးသွေး လာရောက် တူးဖော်ခြင်းမပြုကြရန် သံဃာတော် နှင့် ဒေသခံများ ပြောဆိုလိုက်သည်။

ဇွန် ၉ ရက်နေ့က မိုင်းကိုင်မြို့နယ် လွိုင်လိုင် ပရိယတ္တိစာသင်တိုက်တွင် သံဃာတော် များ နှင့်ဒေသခံ ၄၅၀ ခန့် တွေ့ဆုံ ရာ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းသည် လယ်ယာမြေအတွက်အားကိုးအားထားပြုရသည့် ချောင်းဦးရေထွက်အားပျက်စီးစေခြင်းအပြင်ဒေသခံလူထု၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သဖြင့်အလိုမရှိကြောင်း ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် လယ်ယာ မြေ များထိခိုက်ပျက်စီးစေသည့် ကျောက်မီးသွေး တူးဖော်ခြင်း ကိစ္စနှင့် ပတ်သတ်ပြီး မည် သည့် ကုမ္ပဏီ၊ မည်သည့်အဖွဲ့အစည်းမှ လာရောက် မတူးဖော်ရန် သံဃာများနှင့် ဒေသခံ များ ကဇွန်လ ၁၁ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန် ခဲ့သည်ဟု မိုင်းကိုင်မြို့ နယ် လွိုင်လိုင်ကျောင်း ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဦးဆောတေယ က သျှမ်းသံတော်ဆင့် ကို မိန့်သည်။

“ မိုင်းကိုင်မှာ ကျောက်မီးသွေး တူးဖော်ဖို့ ဘယ် ကုမ္ပဏီ ဘယ်အဖွဲ့မှ လက်မခံဘူး။ ကျောက်မီးသွေး တူးရင် ချောင်းတွေ လယ်တွေ ပျက်စီးမယ်။ ဒီမှာက လယ်ယာပဲလုပ်ကိုင်ကြတာ။ လယ်ယာတွေ မလုပ်ရင် ဘယ်လို ရပ်တည် မလဲ” ဟု ဆရာတော် က မိန့်ကြားသည်။

Photo Golden Mong Kung- ဇွန်လ ၉ ရက် မိုင်းကိုင်မြို့ လွိုင်လိုင်ကျောင်းတိုက်တွင် ဒေသခံလူထုနှင့် သံဃာတော်များတွေ့ဆုံဆွေးနွေး

ယခင်က မိုင်းကိုင်တွင် ဒေသခံများ အကြိမ်ကြိမ်ကန့်ကွက်သည့်ကြား ဟိန်းမေတ္တာ ကုမ္ပဏီ မှ ကျောက်မီးသွေး တူးဖော်ရန်စီစဉ်နေသဖြင့် ၂၀၁၇ ခုနှစ်က ဒေသခံနှင့် သံဃာတော် ထောင်ကျော်က ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ၂၀၁၈ ခုနှစ်ကကျောက်မီးသွေးတူးဖော်မှု ခေတ္တရပ်ဆိုင်းခဲ့ပြီး၊ လက်ရှိတွင် အခြား ကုမ္ပဏီ တခု မှ ဝင်ရောက်လုပ်ကိုင်မည်ဟုဆိုကာရောက်ရှိနေကြောင်း ဆရာတော် က ဆက်လက်မိ်န့်သည်။

“ ဒေသခံတွေက လယ်ယာသွားလုပ်ရင်း ရပ်ဆိုင်းထားတဲ့ ဒီကျောက်မီးသွေးစီမံကိန်း ပြန်ပြီး တူးဖော်ဖို့လုပ်နေတာတွေ့ရတော့ ဘုန်းဘုန်းတို့ကိုလာလျှောက်တယ်။ အဲတာကြောင့် ဘုန်းဘုန်းတို့ပြန်ဆွေးနွေးကြ ရတာဖြစ်တယ်” ဟုလည်း ဆရာတော် က မိန့်ကြား သည်။

ကျောက်မီးသွေး စီမံကိန်း နှင့် ပတ်သတ်ပြီး သံဃာတော်များ နှင့် ပြည်သူလူထု အပေါ် အမိန့်အာဏာ အလွဲသုံးစား မတရား ခြိမ်းခြောက် မှုများပြုလုပ်မှုများဖြစ်ပေါ် ပါက သံဃာတော်များနှင့် ပြည်သူများမှ လုံးဝ လက်ခံမည် မဟုတ်ဘဲ ဆန့်ကျင်ကန့်ကွက်သွားမည် ဟု တွေ့ဆုံဆွေးနွေးမှု ရလဒ် ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဆက်လက်ပြီး မိုင်းကိုင် ကျောက်မီးသွေး စီမံကိန်း နှင့် ပတ်သက်ပြီး မိုင်းကိုင် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၂) ဦးစိုင်းလုံ က “ သဘာဝ ပတ်ဝန်းကျင်ကိုကြည့်ပြီးပြောမယ် ဆိုရင် ဒါမလုပ်သင့်ဘူး။ ထိခိုက်မှုရှိမယ် ဆိုရင်မလုပ် သင့် ဘူး။ အရင်ကလည်း ကျနော် သံဃာတော်တွေနဲ့ အတူ လက်မှတ်ထိုး ကန့်ကွက်ခဲ့ပါတယ်။ ဒါမယ့် ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက် ကောင်းကျိုးရှိမယ်ဆိုရင်၊ သဘာဝထိခိုက်မှုကို ဖြေရှင်းနိုင်မယ့်နည်းလမ်းရှိမယ်ဆိုရင်တော့ လုပ်သင့်ရင်လုပ်ရမယ် ၊ ဒါတချက်တော့စဉ်းစားသင့်တယ်လို့ကျနော်ထင်တယ်။ ” ဟု ပြောဆိုလိုက်သည်။

ထို စီမံကိန်း နှင့်ပတ်သက်ပြီး သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် တဖက်မှ စီမံကိန်း လုပ်မည့်သူများ သေချာတွေ့ဆုံကာ ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်ကြောင်းလည်း ဦးစိုင်းလုံ က ပြောဆိုအကြံပေးသည်။

ဒေသခံ သံဃာတော်များ နှင့် ပြည်သူလူထုများ၏ သဘောထားဆန္ဒကို လျစ်လျူရှုပြီး ကျောက်မီးသွေး စီမံကိန်း အား ဆက်လက် အကောင်ထည် ဖော်ဆောင်ရွက် သွားမည် ဆိုပါက သံဃာတော်များနှင့် ပြည်သူလူထုများ မှ ဥပေဒေ ဘောင်အတွင်း ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော် သွားမည် ဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...