Friday, April 26, 2024

မူဆယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများရုတ်ချည်းတက်

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့ စွမ်စော် ရပ်ကွက်တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေများရုတ်ချည်းတက်ကာ ဒေသခံလူထု စိုးရိမ်ထိတ်လှန့်ခဲ့ရကြောင်းသိရသည်။

ဇွန်လ ၂၃ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စွမ်စော် ရပ်ကွက် မြေနိမ့်ပိုင်း လူနေအိမ် အတွင်း ရေများဝင်ရောက်ခြင်း၊ ကားလမ်းများပေါ်တွင် ရေများလွှမ်းမိုးကြောင့် သွား၊လာမှု ခက်ခဲ နေကြောင်း မူဆယ်မြို့ စွမ်စော် ဒေသခံ များ က ပြောသည်။

Photo Credit to Phoe Thar Facebook- ဇွန်လ ၂၃ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့တွင် လူနေအိမ်များအတွင်းရေများဝင်ရောက်

“ဒီလို တခါ မှ ရေမကြီးဖူးဘူး။ အခု အိမ်ထဲထိ ရေဝင်တယ်။ အဓိက ရေထွက်ပေါက် လမ်း တွေ ပိတ်ဆို့။လူနေအိမ် တွေ စည်းကမ်းမဲ့ ဆောက်နေလို့ပါ ။ ရေက ရုတ်ချည်းတက်လာပြီး ခနနေတော့ ပြန်ကျသွားပါတယ် ” ဟု စွမ်စော် ဒေသခံ အမျိုးသား တဦးကပြောသည်။

ထိုနည်းတူ သျှမ်းမြောက် နမ့်ခမ်းတွင်လည်း ဇွန်လ အတွင်း ရေကြီးမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Comments

- Advertisement -spot_img

Latest article