တောင်ကြီးမြို့တွင် မိုးကြောင့် မြေပြို နေအိမ်များပြောင်းရွှေ့ရ

သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှု ဖြစ်ပွားကာ လူနေအိမ်များ ပြောင်းရွှေ့လိုက်ရကြောင်း သတင်းရရှိသည်။

Photo SHAN- မြေပြိုသည့်နေရာတွင် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးများက မြေသားများလာညှိပေးနေသည်ကိုတွေ့ရစဉ်

စက်တင်ဘာလ ၈ ရက်က မြို့မရပ်ကွက်တွင် မြေပြိုမှုကြောင့် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့်သက်ဆိုင်ရာ ဆွေမျိုးများ နေအိမ်သို့ရွှေ့ပြောင်းပေးရကြောင်း တောင်ကြီးမြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါရပ်ကွက်တွင် စက်တင်ဘာလ ၃ ရက်နေ့ကတည်းက မြေစတင်ပြိုကျနေပြီး စက်တင်ဘာ ၈ ရက်နေ့တွင် မြေပြိုမှု သည် ၆ ပေ ခန့့်အနက်ရှိနေပြီ ဖြစ်ကြောင်း ၄င်းကပြောသည်။

“ ဒီနေရာ က မြေသားတွေက သာမာန်မြေတွေမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ဖို့မြေတွေပါ။ အခု ပြိုတာ ပေ ၂၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်” ဟု ဦးဖြိုးမင်းထိုက် က ဆိုသည်။

မြေပြိုမှု အတွက် ဆက်လက်ပြီး အန္တရာယ်မရှိစေရန်အတွက် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာများက ဆောင်ရွက်နေကြကြောင်း လည်း ဦးဖြိုးမင်းသိန်း က ပြောသည်။

“မြေပြိုတာကတော့ ၃ရက်နေ့မှာ မြေပြိုတယ်လို့ သတင်းရပါတယ်။ ဒါပေမယ့် ၃ရက်နေ့ ပြီးတော့ ၈ရက်နေ့မှာ မြေထပ်ပြီး ပြိုလာတယ်လို့သတင်းရလို့လာကြည့်ပါတယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးတွေ မြို့နယ် အင်ဂျင်နီယာတွေ၊ သဘာဝပတ်ဝန်းကျင် က အဖွဲ့တွေလာပါတယ်။”

တောင်ကြီးမြို့နယ် အတွင်း မြေဆက်ပြိုနိုင်သည့် အလားအလာ ရှိသော နေရာများရှိနေသေးကြောင်း၊ထိုမြေပြိုနိုင်သည့် နေရာများတွင် အန္တရာယ် မဖြစ်ပေါ်စေရေး နှင့် ထိုအနီးနေထိုင်သူများဘေးကင်းမှုရှိအောင် စောင့်ကြည့်ဆောင်ရွက်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

Photo SHAN- မြေပြိုသည့်နေရာတွင် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးများက မြေသားများလာညှိပေးနေသည်ကိုတွေ့ရစဉ်

“ တောင်ကြီး မှာက နှစ်စဉ် ဒီလို ဖြစ်စဉ်တွေဖြစ်ပါတယ်။ အုတ်တံတိုင်းပြိုတာ လူသွားလမ်းပြိုတာ နှစ်တိုင်းဖြစ်ပါတယ်” ဟု လည်း ဦးဖြိုးမင်းထိုက် က ထပ်လောင်းပြောသည်။

ယခု စက်တင်ဘာ ၄ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် အသက် ၁၇နှစ် အရွယ် အမျိုးသား တဦး ရေမြောင်းကျွံကျပြီး ရေစီးမျောပါသေဆုံးခဲ့ပြီး၊ သြဂုတ် ၁၈ ရက်တွင်လည်း ရေကြီးမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတဦး နံရံပြိုကျ၍ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...