CATEGORY

သဘာဝအရင်းအမြစ်

ဆီဆိုင် ဒေသဦးစီး ကုန်းမြင့်မြေဖော်သည့် ကိစ္စ ဒေသခံ သဘောမတူ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသဦးစီးသည့် ကုန်းမြင့်မြေဧက (၂၀၀)ကျော် ကို ဖော်ဆောင်မည့် ကိစ္စ ဒေသခံများ သဘောမတူညီကြကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် အတွင်း ကုန်းမြင့်မြေ ဧက (၂၀၀) ကျော်ကို ဖော်ပြီး အစိုးရတပ်မတော် သိမ်းဆည်းမြေ အစား တောင်သူများကို ပြန်လည် ပေးရန် ပြုလုပ်သွားမည်ဖြစ်သည့်အတွက်...

ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်နိုင်ရန်အတွက် ကုမ္ပဏီတခု မှ ဆက်လက် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၆ ရက်က လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန် အတွက် ကုမ္ပဏီ တခုက လူလွှတ်၍ ဟဲဆိုင်ကျောင်းတိုက် ဆရာတော်ထံ သွားရောက်...

ကျိုင်းတုံဒေသ ရေခမ်းခြောက်မှုကြောင့် လယ်ယာစိုက်ပျိုးမှု ခက်ခဲရင်ဆိုင်နေရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း ရေခမ်းခြောက်မှုများ ကြုံတွေ့နေရပြီး လယ်ယာ စိုက်ပျိုးရေး မလုပ်နိုင်တော့ကြောင်း စုံစမ်းသိရသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိက အားထား လုပ်ကိုင်နေသည့် ကျိုင်းတုံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသည် လက်ရှိ အချိန်ထိ စပါးမစိုက်ပျိုးနိုင်သေးကြောင်း၊ ယခင် ဒေသခံများအသုံးပြုနေသည့် ရေအရင်းအမြစ်များသည်လွန်ခဲ့သည့် နှစ်မှစတင်ကာ ခမ်းခြောက်လာသဖြင့်...

သယံဇာတ တူးဖော်ရေးလုပ်ကွက်သစ် မေးခွန်း ဝန်ကြီးဖြေဆိုမှု အားရမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ထပ်မံတင်သွင်းသော သျှမ်းပြည် သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ကွက်သစ်မေးခွန်းကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးမှ ဖြေကြားရာတွင် အားရကျေနပ်သည့်အဖြေ မရရှိကြောင်း လွှတ်တော်အမတ်က ပြောသည်။   ယမန်နေ့ ဇွန် ၂၅ ရက် တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်...

သျှမ်းပြည် မြေယာ သိမ်းဆည်းခံရမှု မြေစစ် မူဝါဒနှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းခံရ

သျှမ်းပြည်တွင်း လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီ မြေစစ် မူဝါဒ ၅၂ချက်နှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆည်မြောင်း နှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံးကျော် က ပြောကြားလိုက်သည်။ ယနေ့ ဇွန် ၂၅ ရက်တွင် ကျင်းပသည့် သျှမ်းပြည်နယ်လွှတ်တော်...

နမ့်ခမ်း ဒေသခံများပိုင် ထင်းစိုက်ခင်း (၉၇) ဧက ပြန်လွှဲပြောင်းပေးမည် ဟုဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာ အုပ်စုရှိ သစ်တောဦးစီးဌာနမှ သိမ်းယူထားသည့် မြေဧရိယာ  ၉၇  ဧက ကို ကျေးရွာပိုင်များ ထင်းစိုက်ခင်း အဖြစ် ပြန်လည် လွှဲပြောင်းပေးမည်ဟု လွှတ်တော်တွင် ဒေါက်တာ ညီညီအောင် က ပြောကြားလိုက်သည်။ ယမန်နေ့ ( ဇွန် ၂၄)ရက်တွင်...

တောင်ကြီး တောင်ချွန်းသွားလမ်းတလျောက် သစ်ပင် ၂၀၀၀ ခန့် စိုက်ပျိုးမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ တောင်ချွန်းကို ဖောက်ထားသည့် ကားလမ်း တစ်လျှောက်မှာ ရှင်သန်မြေ အစိမ်းရောင် ကွန်ရက် အဖွဲ့မှ ဦးဆောင်ပြီး သစ်ပင် (၂၀၀၀) ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။   “တောင်ချွန်းကို ဖောက်ထားတဲ့ ကားလမ်းပေါ်မှာစိုက်တာပါ။ သစ်ပင်က အားလုံးပေါင်း ၁၇ ရက်နေ့က ၅၀၀...

မြန်မာ-တရုတ်နယ်စပ်ရှိ ရွှေလီမြစ် အရောင်ပြောင်း ဒေသခံများစိုးရိမ်

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ ရှိ ရွှေလီမြစ်ရေသည့် အနီ ရောင်သို့ပြောင်းလဲလာမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရေပြောင်းလဲမှုသည် တရုတ်နိုင်ငံ အတွင်းရှိ စက်ရုံများမှ ထွက်လာသည့် စွန့်ပစ် ညစ်ညမ်းရေကြောင့် ဖြစ်နိုင်သည်ဟုလည်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။ “ တရုတ်ပြည်မှာ ရှိတဲ့ စက်ရုံ တခုခုက ရေဆိုးတွေ စွန့်သလားပေါ့။...

သျှမ်းအရှေ့ပိုင်းမှာ မကြာခင် ၂၄ နာရီ လျှပ်စစ် မီးလင်းတော့မည်

သျှမ်းပြည်အရှေ့ပိုင်းဒေသ တချို့တွင် မကြာခင် ၂၄ နာရီ လျှပ်စစ်မီး ရရှိတော့မည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် လက်ရှိ ၂၄ နာရီ လျှပ်စစ်မီးရရှိ နေပြီဖြစ်ပြီး၊ ကျိုင်းတုံမြို့ တွင်လည်း မီးရရှိဖို့ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ “ မိုင်းပျဉ်းမြို့နယ်က ပထမဆုံး လျှပ်စစ်မီး...

ခိုလမ်တွင် ကျွန်းသစ်တင် ကား ၁၃ စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ

သျှမ်းပြည်တောင်ပိုင်း ရလခတိုင်းစိုက်ရာ ခိုလမ်မြို့နယ် အတွင်း ကျွန်းသစ် တင်ဆောင်သည့် မော်တော်ယာဉ်  ၁၃  စီး အားဖမ်းဆီးမိရာ   တရားခံ တဦးတည်းသာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ဇွန် ၁ ရက် နေ့လည် ၁၁ နာရီက   ခိုလမ်မြို့နယ်ခွဲအတွင်း ခိုလမ်- ကွန်ဟိန်း ပြည်ထောင်စုလမ်းမကြီးပေါ်...

Latest news