စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ကျောက်မဲ ရေကြီးရေလျှံ ပိုမိုဆိုးရွားလာ

သျှမ်းမြောက် ကျောက်မဲမြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ရေကြီးရေလျှံမှု ပိုဖြစ်လာပြီး၊ လူနေအိမ် (၄၀၀) ရေဝင်ရောက်မှုဖြစ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၀)ရက် နမ့်စောင်းငေါင်းချောင်းရေလျှံတက်ပြီး လူနေအိမ် (၄၀၀)ဝန်းကျင် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုရေကြီးရေလျှံမှုသည် အမှိုက်များကို စနစ်တကျစွန့်ပစ်မှု၊ သိမ်းယူမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ အဓိက က အမှိုက်တွေကို စနစ်တကျ စွန့်ပစ်မှုအားနည်းတာ၊ နောက်ပြီး စည်ပင်ကလည်း အမှိုက်သိမ်းယူမှု အားနည်းတာပေါ့၊ အခုက အမှိုက်တွေ၊ ပလပ်စတစ်တွေကို ချောင်းထဲမှာပဲ အလွယ်တကူ သွားပြီးစွန့်ပစ်နေကြတယ်၊ အဲ့တော ချောင်းတွေ ပိတ်ပြီး ရေကြီးတာတွေ ပိုဆိုးလာတယ်” ဟု ကျောက်မဲ ရပ်ကွက်(၈)အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ရေကြီးရေလျှံမှုကြောင့် နမ့်စောင်းငေါင်း ချောင်းဘေးတစ်လျှောက် နေအိမ်အများစုနှင့် ရပ်ကွက်(၆)ရှိနေအိမ်များ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ချောင်းအောက်ပိုင်းဖြစ်သည့် ရပ်ကွက်(၈)အတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်များတွင် ရေဝင်ရောက်မှု ပိုမိုဆိုးရွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှု လျော့ကျရန် တာဝန်ရှိသူများအနေဖြင့် ချောင်းများကို ပုံမှန်ရှင်းလင်းပေးသင့်ကြောင်း၊ အမှိုက်များကိုလည်း စနစ်တကျ စွန့်ပစ်သင့်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ချောင်းရေတွေ ပုံမှန်စီးဆင်းနိုင်ဖို့၊ အမှိုက်တွေ ပိတ်မနေဖို့ မြို့နယ်စည်ပင်သာယာရေးအနေနဲ့ ပိုမိုစည်းကမ်းတင်းကျပ်ပြီး လုပ်ဆောင်သင့်တယ်၊ နောက်ပြီး တစ်ခြားမြို့ကြီးတွေလို အမှိုက်သိမ်းယူမှုတွေကို တင်ဒါခေါ်ပြီး လုပ်ခွင့်ပေးလိုက်ရင်လည်း ပိုကောင်းမယ်လို့ ထင်တယ်” ဟု လူမှုရေးအသင်းတွင် ပါဝင်ဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် ယခင်နှစ်များတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော်လည်း ယမန်နေ့ ရေကြီးမှုမှာ ပိုမိုဆိုးရွားလာသည့်အတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကျရန်နှင့် မြို့နယ် စည်ပင်သာယာရေးဌာနလည်း အမှိုက် သိမ်းယူမှု၊ စွန့်ပစ်နေမှုများအား စည်းကမ်းပိုမိုတင်းကျပ်ရန် ဒေသခံများက လိုလားနေကြကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...