Friday, December 2, 2022

CATEGORY

သဘာဝအရင်းအမြစ်

သျှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ် ၂၀၀ ကျော် ရပ်စောက်မြို့တွင်းသန့်ရှင်းရေးပြုလုပ်

သျှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော်သည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်ကြောင်းသိရသည်။ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရပ်စောက်မြို့နယ် ၊ တောင်ကြီး၊ ကျောက်မဲ၊ သီပေါနှင့်နမ့်လန်တို့မှ သျှမ်းလူငယ်ကွန်ယက်မှ လူငယ်အင်အား ၂၀၀ ကျော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတခုအဖြစ် ရပ်စောက်မြို့နယ်...

နွေမုန်တိုင်းကြောင့်သျှမ်းပြည်အလယ်ပိုင်းတွင်သေကြေပျက်စီးမှုများရှိ  

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ်နှင့် ကွန်ဟိန်းမြို့နယ်အတွင်း နွေမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ခြေနှင့်လယ်ယာခြံထွက်သီးနှံများပျက်စီးမှုများပြားကြောင်းသိရသည်။ မိုင်းရှူးမြို့တွင် မတ်လ ၁၁ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲမှ ၃ နာရီအထိ မိုးသက်လေပြင်းကျရောက်ကာ မိုးသီးများကျမှုကြောင့် ရပ်ကွက်အားလုံးနီးပါး မိုးသီးဒဏ်ခံရပြီး လယ်ယာမြေအတွင်းခြံထွက်သီးနှံ များပျက်စီးကုန်ကြောင်း မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နန်းကောင်ခမ်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။ တော်တော်ကြီးတယ်လို့ပြောလို့ရပါတယ်။...

မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ဖို့ ကုမ္မဏီတွေ့ဆုံညှိနှိုင်းမှုအား သျှမ်းပြည်နယ်လွှတ်တော်၏ စီစစ်ရေးကော်မတီမှပယ်ချ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းအား သျှမ်းပြည်နယ် လွှတ်တော်၏ စိစစ်ရေးကော်မတီ အဖွဲ့ ၄ ဖွဲ့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မီးသွေး တူးဖော်မည့် ဟိန်းမေတ္တာ ကုမ္ပဏီ ပိုင်ရှင် က ကော်မတီအဖွဲ့အား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း...

ချယ်ရီပန်းများချိုးယူနေသူများအား သစ်တောမှ တားမြစ်ပေးရန် သစ်ပင်စိုက်အဖွဲ့ တောင်းဆို

သျှမ်းပြည်နယ်မြို့တော် တောင်ကြီး၏ ပြယုဂ်တစ်ခုဖြစ်သော ချယ်ရီပန်းများအား ခူးယူခြင်း၊ ရောင်းချနေခြင်း များ အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာနမှ တားမြစ်ပေးစေချင်ကြောင်း တောင်ကြီးမြို့ သစ်ပင်စိုက်အသင်းများက တောင်းဆိုလိုက်သည် ။ တောင်ကြီးမြို့ဒေသခံတစ်ချို့မှာ ချယ်ရီပန်းကိုင်းများခူးယူကာ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် အလှဓါတ်ပုံများရိုက်တင်ထားကြသည်ကို တွေ့မြင်နေရပြီး အချို့မှာ စျေးတွင်ရောင်းချနေကြသည့်အပေါ် သစ်ပင်စိုက်ပျိုးသည့့်အဖွဲ့များက အပြင်းအထန်ကန့်ကွက်ကြောင်း...

တောင်ကြီးတွင်ပြုလုပ်သည့် သျှမ်းပြည်တွင်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲ သျှမ်းပြည်နယ်မြစ်ချောင်းများအတွက်လှုပ်ရှားမှုကွန်ယက်အဖွဲ့ ကန့်ကွက်

တောင်ကြီးတွင်ကျင်းပသော သျှမ်းပြည်တွင်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဆွေးနွေးသည့်ကိစ္စကို သျှမ်းပြည်နယ်ရှိ မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက် ASSR က ပြင်းထန်စွာကန့်ကွက် လိုက်သည်။ ဂျန္နဝါရီလ ၁၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC မှ ရေလှောင်တမံစီမံကိန်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ကွပ်ကဲရေး SEA မှ...

တရုတ်နိုင်ငံအတွင်းရှိ မဲခေါင်မြစ်ပေါ်ကဆည်တခု တရုတ်အစိုးရ ရေလျှော့လွှတ်မည်

လာမည့် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား သျှမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျိုင်းဟုန်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ပေါ်က ဆည်ရေတခု ရေလျှော့လွတ်မည်ဟု တရုတ်နိုင်ငံ ဒေသအတွင်း ရေးထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါသည်။ ဒီဇင်ဘာ ၇ ရက်မှ ၂၀ ရက်နေ့အထိ ၁၃ ရက်ကြာ ရေလျှော့လွှတ်မည်ဖြစ်ကြောင်း၊ တစက္ကန့် လျှင်...

Latest news