ကျိုင်းတုံ နှင့် တုံတာကား တွဲကားကြီး အစီးရေ ၃၀၀ ကျော် ပိတ်မိ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တုံတာမြို့ကြားတွင် တောင်ပြို နှင့် တံတားအပ်ကွဲခြင်းတို့ကြောင့် ကုန်တင်ကားကြီး ၃၀၀ ကျော်ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုးရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့ နှင့် တုံတာမြို့ ကြားတွင် တောင်ပြိုခြင်း၊ တာလေမြို့ရှိတံတားအပ်ကွဲခြင်းကြောင့် စပယ်ရှယ်တောင် နှင့် ကိုးကွေ့တောင်တို့တွင် ကုန်စည်ပစ္စည်းတင်သည့်ကား ဆီဘောက်ဆာကားစသည့် ၁၂ ဘီး ၊ ၂၂ ဘီး တွဲကားကြီးများ အစီးရေ ၃၀၀ ကျော်ပိတ်မိနေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားငယ်တွေပဲသွားလို့ ရသေးတယ်။ ကားကြီးတွေက သွားမရဘူး။ တချို့နေရာက လမ်းအရမ်းကျဉ်းတာရယ် တာလေတံတားကအပ်လို့ သူတို့ပေးမဖြတ်တာရယ်ကြောင့် သွားလို့မရဘူး။ စပယ်ရှယ်ကနေ တုံတာထိရှိတယ်။ ရပ်ထားတဲ့ ကားကြီးတွေ။ လမ်းမှာကားကြီးတွေအရမ်းပိတ်တယ်။ ကျနော်မနေကလာတာ ” ဟု ကားသမားတစ်ဦး က ပြောသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင် နှင့် မိုင်းပွန်ကြား၊ အရှေ့ပိုင်းတွင် ကျိုင်းတုံ နှင့် တုံတာ ကြားတွင် မြေပြိုမှုကြောင့် လမ်းပိုင်းတွင် တွဲကားကြီးများစွာ ပိတ်မိနေပြီး၊ မိုင်းရှူးမြို့တွင် စက်သုံးဆီဈေးနှုန်းများ တက်နေကြောင်း မိုင်းရှူးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျိုင်းတုံ-တာတုံ ပိတ်မိနေသည့်ကားများ

“ဆီကတော့ မပျက်သေးဘူး။ဈေးတော့ တက်နေတယ်။ထိန်းပြီး‌ ရောင်းနေကြတာ။ဆီကားတွေက တောင်ကြီးကနေလည်း လာမရ။တာချီလိတ်ကနေလည်း လာမရ။အခုကတော့ ငါးထောင်ကျော် ခြောက် ထောင်နီးပါးလောက်ရှိနေတယ်။ ထပ်တက်ဖို့ရှိ မယ်ထင်တယ်”ဟု မိုင်းရှူးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းရှူးမြို့တွင် စက်သုံးဆီ 92 တစ်လီတာလျှင် ငါးထောင် ငါးရာကျပ် (၅,၅၀၀)မှ ခြောက်ထောင် (၆,၀၀၀) ဝန်းကျင် နှင့် 95 တစ်လီတာလျှင် ငါးထောင်ရှစ်ရာ (၅,၈၀၀) မှ ခြောက်ထောင် (၆,၀၀၀)ကျော် အထိ ရှိနေပြီး၊ အခြားသော ကုန်စည်ပစ္စည်းများလည်း အနည်းငယ် စျေးတက်နေကြောင်း ဒေသခံများက ပြောသည်။

ထိုတောင်ပြိုခြင်း တံတားအပ်ကွဲခြင်းများကြောင့် ကာလိမြို့၊ ကွန်ဟိန်းမြို့ စသည့် လမ်းတစ်ကြောရှိ မြို့များတွင် ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းများ အနည်းငယ် တက်နေကြောင်း ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ် သျှမ်းပြည်အရှေ့ပိုင်း နှင့် သျှမ်းပြည်တောင်ပိုင်း ရေကြီး၊ရေလျှံမှုသည် အကြီးမားဆုံးဖြစ်ပြီး ဆုံးရှုံးမှု အများဆုံး ရင်ဆိုင်ရသည့် နှစ်ဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်း မြို့နယ်နှင့် ကျေးရွာတွင် ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် လူ ၁၄၀ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...