ဆီဆိုင် အမျိုးသမီးငယ်တစ်ဦး ဖုန်းကြည့်စဉ် မိုးကြိုးပစ်ခံရ သေဆုံး
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကုန်းဆွတ်ကျေးရွာအုပ်စု ဟံနျားကျေးရွာတွင် အမျိုးသမီးငယ်တစ်ဦး ဖုန်းကြည့်နေစဉ် မိုးကြိုးပစ်ပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သြဂုတ်လ ၅ရက်တွင် မိုးကြိုးပစ်ပြီး သေဆုံးခဲ့သူသည် အသက်၁၈နှစ်အရွယ် နန်းရှန်နောင်းဖြစ်ကြောင်း သိရသည်။ "သူက ဖုန်းကြည့်နေချိန်မှာ မိုးကြိုးပစ်တာ ပွဲချင်းပဲ သေသွားတယ်။ ငယ်ငယ်ရွယ်ရွယ်ပဲရှိတော့ စိတ်လည်း မကောင်းဘူး"ဟု နီးစပ်သူ တစ်ဦးကသျှမ်းသံတောင်ဆင့်ကိုပြောသည်။ ထို့ကြောင်း မိုးကြီးပြီး...
ဒီးမော့ဆို စစ်ရှောင်စခန်း ရေဝင်၊ စာသင်ကျောင်းပိတ်ထားရ
SHAN -
ကရင်နီပြည်၊ ဒီးမော့ဆို့မြို့နယ်အရှေ့ဖက်ခြမ်း တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွန်ချောင်းမှာ ရေမြင့်တက်လာပြီး ပွန်ချောင်းအနီးတဝိုက်ရှိ (အမှတ်၆) စစ်ရှောင် စာသင်ကျောင်းနှင့် စစ်ဘေးရှောင် အဆောင်းအချို့ ရေနစ်မြှုပ်ကြောင်း စုံစမ်းသိရသည်။ ထိုစာသင်ကျောင်း ရေဝင်မှုကြောင့် ယာယီပိတ်ထားရပြီး၊ အချို့စစ်ရှောင်များသည် ရေလွတ်ရာသို့ ထပ်မံ ပြောင်းရွှေ့နေထိုင်ရကြောင်း စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို...
လွိုင်ကော်မြို့တွင်းရေကြီး ရေလျှံ၊ စစ်ရှောင်များ ရေဘေး ထပ်မံရှောင်နေရ
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့တွင် မကြုံစဖူး နေအိမ်ရေမြှုပ်သည့် အထိ ရေကြီး ရေလျှံမှုဖြစ်ပွားပြီး စစ်ဘေးရှောင်များ ရေဘေး ထပ်မံရှောင်နေရကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခမရ (၄၂၂) တပ်သည် ဇူလိုင် ၂၅ရက် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်အခြင်မဲ့ ဖွင့်ချခဲ့ရာမှ လွိုင်ကော်မြို့ဘက်ကို အဓိကဆင်းလာပြီး နေအိမ်ရေမြှုပ်သည့်...
မိုင်းယောင်းမြို့နယ်တွင်း မိုးအဆက်မပြတ်ရွာ ရေကြီးရေလျှံမှုဖြစ်နေ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၅ ရက်) မနက် မိုင်းယောင်းမြို့နယ် ဝမ်ဒေ၊ဝမ်လဲ နှင့် ဝမ်မိုင်ရွာတို့တွင် မိုးအဆင်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မိုင်းယောင်းမြို့ဒေသခံ အမျိုးသမီး တစ်ဦး က...
တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံဖြစ်
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( သြဂုတ်လ ၁) ရက်မှ စတင်၍ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊...
ပင်လောင်းမြို့ မကြုံစဖူး ရေကြီးမှု ဖြစ်ပေါ်
သျှမ်းပြည် ပင်လောင်းမြို့တွင် ၂ ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြုံစဖူး ရေကြီး၊ ရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်အတွင်း နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းလာပြီး ဇူလိုင် ၃၀ ရက်မှ စတင်ကာ မထင်မှတ်ထားသည့် တောင်ကျရေကြောင့် မင်္ဂလာရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ အနောက်ရပ်ကွက်ရှိ နေအိမ်များထဲသို့...
မိုးဗြဲရေကာတာကို စစ်ကောင်စီ ရေဖွင့်ချလို့ ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်
သျှမ်းပြည် မိုးဗြဲမြို့နယ်ရှိ မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်မှ ဖွင့်ချလိုက်ခြင်းကြောင့် ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်ပြီး ဒေသခံတစ်ထောင်ကျော် ရေဘေးသင့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ မိုးဗြဲမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ -...
စစ်ကောင်စီတပ် မိုးဗြဲရေကာတာကို ရေဖွင့်ချ ရေကြီးရေလျှံဖြစ် ဒေသခံ တစ်ထောင် ရေဘေးသင့်
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-(ခမရ ၄၂၂) သည် မိုးဗြဲ ရေကာတာကို အဆင်အခြင်မဲ့ ဖွင့်ချလိုက်သဖြင့် ရေကြီးမှုဖြစ်ကာ ဒေသခံတစ်ထောင် ရေဘေးသင့် နေကြောင်း သတင်းရရှိသည်။ ထိုမိုးဗြဲဆည် ဖွင့်ချမှုကြောင့် ဘီလူချောင်း၏ ဘေးတစ်လျှောက်ရှိ စပါးခင်းအများစု (ဧက ၁၀၀၀ ခန့်)သည်...
ဗန်းမော်မြို့ စစ်ရှောင်များ ရေဘေးသင့်မှု ထပ်ကြုံရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်လာသူများသည် ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် နေရာအခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁ ရက်) ရက်မှ စတင်ပြီး ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြှင့်တက်လာမှုကြောင့် ခွန်သာ-မြေနုရပ်ကွက် တပ်ကလေးဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ရာနှင့်ချီသည် နေရာအခက်အခဲများ ကြုံတွေ့ရပြီး...
လွိုင်လင်-မိုင်းပွန် လမ်းပြုပြင်မှုကြောင့် ကားများပိတ်
SHAN -
သျှမ်းပြည် တောင်ပိုင်း လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီပေါ်တွင် လမ်းပြုပြင်မှုများ ပြုလုပ်နေသဖြင့် ကားလမ်းများပိတ်ဆို့မှုဖြစ်ပွားကာ သွားလာမှုအခက်ခဲများရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် မှစ၍ လွိုင်စမ်ဟိုတောင်၌ လမ်းပြုပြင်မှုများ ပြုလုပ်နေပြီး၊၊ လိုင်ကားများ နှင့် ၁၀ ဘီး...





