ချင်းမိုင်မြို့ နမ့်ပင်းချောင်းရေ စိုးရိမ်ရေအမှတ်ထက်မြင့်တက် ရေကြီးနိုင်ဟု ဆည်းမြောင်းဌာန အရေးပေါ်ကြေညာ

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ချင်းမိုင်မြို့ရှိ နမ့်ပင်းချောင်းရေ စိုးရိမ်ရေ အမှတ်ထက်မြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားနိုင်ကြောင်း ချင်းမိုင်မြို့ စည်ပင်သာယာရေးနှင့် ဆည်းမြောင်းဌာနတို့မှ အရေးပေါ်ထုတ်ပြန်ကြေညာလိုက်သည်။

နမ့်ပင်းချောင်းရေ စိုးရိမ်အမှတ်ထက်မြင့်တက်လာနိုင်သောကြောင့် ပါလက်မြို့နယ်၊ ဝမ်သိမ်မြို့နယ်၊ မြို့တွင်းမြို့နယ်နှင့် ကျန့်ကန်းလမ်းတစ်လျောက်တွင် ရေကြီးရေလျှံဖြစ်ပွားနိုင်သည်ဟု ဆည်းမြောင်းဌာနက အသိပေးကြေညာလိုက်သည်။

ချင်းမိုင် နမ့်ပင်းချောင်းရေကြီးမှု

နမ့်ပင်းချောင်းရေ စိုးရိမ်အမှတ် ၃.၇၀ ပေ သတ်မှတ်ထားသော်လည်း ယနေ့ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၄ နာရီအချိန်ထိ ၃.၆၇ ပေအထိ မြင့်တက်လာနေကြောင်းဆိုသည်။

စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းအထိ ၃.၇၀ ပေအထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသဖြင့် နမ့်ပင်းချောင်းတစ်လျောက်နေထိုင်သူများအား သတိထားစောင့်ကြည့်ကြရန် ချင်းမိုင်မြို့ ဆည်းမြောင်းဌာနက အသိပေးကြေညာထားသည်။

” အခု လောဆယ်တော့ မယ်ရင်းဘက်မှာ ရေကြီးနေပြီ၊ အောက်ပိုင်းကလူတွေ နမ့်ပင်းချောင်းဘေးမှာနေတဲ့သူတွေ သတိထားဖို့လိုအပ်တယ်” ဟု ရေကြီးမှုဒဏ်ကို ခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ချင်းမိုင် နမ့်ပင်းချောင်းရေကြီးမှု အရေးပေါ် အခြေအနေ

ထို့အပြင် ကားရပ်ထားရန် နေရာမရှိပါက Airport Plaza နှင့် Central festival စင်တာများတွင် အခမံ ရပ်နားထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

နမ့်ပင်းချောင်းရေ မြင့်တက်လာသောကြောင့် ယနေ့ (စက်တင်ဘာလ ၂၄) ရက် မွန်းလွဲပိုင်းက ချောင်းဘေးတစ်လျှောက် စာသင်ကျောင်းများ ရုတ်တရက် ကျောင်းပိတ်ထားပြီး စာမေးပွဲဖြေဆိုနေသည့် ကျောင်းများလည်း ရက်ရွှေ့ထားရကြောင်း သိရသည်။

ထို့အတူ ချင်းရိုင်ခရိုင် ဝိန်းပါပေါက်မြို့ ဟင်လတ်ရွာတွင်လည်း တောင်ကျချောင်းရေကြောင့် နေအိမ်၊ ကားများ ရေစီးနှင့်အတူ မျောပါသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...