Wednesday, January 28, 2026

ရေဘေးလှူသည့် KBZ pay အကောင့်များ အပိတ်ခံနေရ

ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏ အကောင့်များကို ငွေကြေးခဝါချမှုဆိုင်ရာတိုက်ဖျက်ရေးအဖွဲ့မှ သံသယရှိသည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်ခံရမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ပထမအပတ်မှစတင်၍ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးရှောင်နေရသည့် ပြည်သူများအား ပြည်တွင်းပြည်ပမှ အလှူရှင်များက တတ်နိုင်သည့်ဖက်မှ ကူညီနေကြသော်လည်း အချို့နေရာများတွင် KBA Pay အကောင့်များကို အကြောင်းအရင်းမရှိ ပိတ်ခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“၁၆ ရက်က ပိတ်ခံရတာ၊ အကြောင်းအရင်းမရှိပဲ ဒီတိုင်းပိတ်လိုက်တာ call center ကိုဆက်တော့လည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က သံသယရှိလို့ ဆိုပြီး ဘာမှလည်း မလုပ်ပေးဘူး” ဟု ၎င်းကပြောသည်။

အလားတူ ကရင်ပြည်နယ်တွင်နေထိုင်သည့် ပြည်သူတစ်ဦး လည်း အကောင့်အပိတ်ခံရပြီး တစ်ပတ်အကြာတွင် ဖုန်းဆင်းမ်ကဒ်ကိုပါ အပိတ်ခံရကြောင်း သိရသည်။

“Kpay အကောင့်ပိတ်ခံရပြီး တစ်ပတ်လောက်နေတော့ ဖုန်း ဆင်းမ်ကဒ်ကိုပါ ပိတ်ချလိုက်တာ၊ ရေဘေးတောင်မလှူရသေးဘူး၊ ၁၆ ရက်နေ့ ညကလည်း တော်တော်များများ အပိတ်ခံရတယ်လို့ပြောတယ် အကြောင်းမရှိ အကြောင်းရှာပြီးတော့ ပိတ်နေတာ” ဟု အကောင့်ပိတ်ခံရသည့်သူက ပြောသည်။​

ထိုသို့ အပိတ်ခံရမှုများအကြောင်းလိုင်းပေါ်တင်သည့် ပြည်သူများကို စစ်တပ်၏လော်ဘီဖြစ်သည့် ဟန်ငြိမ်းဦးမှ ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် ပြည်သူများ ရေဘေးအတွက် ငွေမလှူရဲအောင် မဟုတ်မမှန်သတင်းလွှင့်သည်ဟုဆိုကာ စွပ်စွဲပြောဆိုမှုများလည်းရှိကြောင်းသိရသည်။

ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ် ငွေကျပ် (၁၀) ဘီလျံအား မတည်လှူဒါန်းထားသည်ဟု ကြေညာထားပြီး မြေပြင်၌ တပိုင်တနိုင်ပါဝင်ကူညီနေသည့် ပြည်သူများ၏ အကောင့်များကိုတော့ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အကြောင်းအရင်းအမျိုးအမျိုးဖြင့် လိုက်လံပိတ်ပင်နေခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကမ္ဘောဇဘဏ်ယာယီပိတ်ထား၊ ငွေဆုံးရှုံးမှု ဖြစ်မည် စိုးရိမ်

0
မြန်မာတစ်နိုင်ငံလုံးအများဆုံး အသုံးပြုနေသော ကမ္ဘောဇဘဏ်နှင့် KBZ pay ကို ယာယီပိတ်ထားတာကြောင့် အသုံးပြုသူများ ငွေဆုံးရှုံးမှု ဖြစ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၅) ရက်တွင် ကမ္ဘောဇဘဏ်နှင့် KBZ pay ကို နေ့လည် ၁၂ နာရီမှ ညနေ ၅နာရီခွဲအချိန်ထိ...

အော်ရီဒူး ဆင်းမ်ကဒ်ဖြင့်ဖွင့်ထားသော KBZ Pay အကောင့်မှ ပိုင်ရှင်မသိဘဲ ငွေထုတ်ယူခံနေရ

0
ယခုရက်ပိုင်း အော်ရီဒူး (Ooredoo) ဖုန်း ဆင်းမ်ကဒ်ဖြင့် KBZPay အကောင့် ဖွင့်ထားသော့ ပြည်သူအချို့၏ အကောင့်များမှ ငွေများကို ပိုင်ရှင်မသိဘဲ ငွေထုတ်ယူမှုရှိနေကြောင်း ကြုံတွေ့နေရသည့် သူများထံ စုံစမ်းသိရသည်။ လွန်ခဲ့သည့် သြဂုတ် ၄ရက်တွင် အော်ရီဒူး ဖုန်းဆင်းမ်ကဒ် ဖြင့် KBZ Pay အကောင့်ဖွင့်ထားသော...

သီပေါမြို့ အမျိုးသမီးတစ်ဦး KBZ pay ငွေလွှဲအချက်အလက် ပေါက်ကြားမှုဖြင့် ဖမ်းဆီးသွား

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက် ကိုငယ် မိုဘိုင်းဖုန်းဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် အိမ်တွင်းလာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် မြို့လယ်ရပ်ကွက်၊ မင်္ဂလာလမ်းရှိ ၎င်းအမျိုးသမီးတစ်ဦး၏ နေအိမ်ကို ရောက်ရှိလာပြီး မိုဘိုင်းဖုန်းရှိ KBZ pay အကောင့်ထဲတွင်...