သီပေါမြို့ အမျိုးသမီးတစ်ဦး KBZ pay ငွေလွှဲအချက်အလက် ပေါက်ကြားမှုဖြင့် ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက် ကိုငယ် မိုဘိုင်းဖုန်းဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် အိမ်တွင်းလာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် မြို့လယ်ရပ်ကွက်၊ မင်္ဂလာလမ်းရှိ ၎င်းအမျိုးသမီးတစ်ဦး၏ နေအိမ်ကို ရောက်ရှိလာပြီး မိုဘိုင်းဖုန်းရှိ KBZ pay အကောင့်ထဲတွင် ငွေလွှဲမှု အချက်အလက် နှင့် KBZ pay အကောင့်ထဲရှိ ပိုက်ဆံများကို မသင်္ကာမှုကြောင့် ဖမ်းဆီးသွားခဲ့ကြောင်း သီပေါမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Kpay

“လွန်ခဲ့တဲ့ ၆ ရက်လောက်က လာဖမ်းသွားတာ။ KBZ pay အကောင့်ထဲက ငွေလွှဲအချက်လက် စစ်ဆေးတယ်၊ အကောင့်ထဲက ပိုက်ဆံများလို့ဆိုပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်။ ဖမ်းလည်းဖမ်းသွားပြီးတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က အကြမ်းဖက် ဉပဒေချလိုက်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းထဲရှိ အချက်လက်များကို စစ်ကောင်စီတပ်ဖွဲ့မှ (ဆော့လ်ဝဲ ) အသစ်တစ်ခုထည့်သွင်းပြီးနောက် ယခင်က ဖျက်ထားသော အချက်လက်များလည်း ပြန်ပေါ်လာပြီး အဆိုပါ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀ (ည)ဖြင့် ချမှတ်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ KBZ pay အကောင့်ထဲရှိ ငွေလွှဲ၊ ငွေလဲလှယ်သည့် အချက်အလက်များကြောင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးမှု ပြုလုပ်ခြင်းကို ပြည်သူများလည်း ထိတ်လန့်စိုးရိမ်နေကြောင်း သီပေါဒေသခံ တစ်ဦးက ပြောသည်။

“ အခုက ငွေလွှဲ၊ ငွေထုတ်တာ အရင်လိုမျိုး လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး။ ကိုယ့်အကောင့်ထဲက ပိုက်ဆံများလို့ ဖမ်းခံရတဲ့ အဆင့်ရောက်နေတာတော့ စိုးရိမ်တာပေါ့။ ကိုယ်ရဲ့အချက်အလက်တွေလည်း မလုံခြုံတော့ဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်က ဆီဆိုင်မြို့နယ်မှ အဆောင်ဖွင့်ထားသည့် ကျောင်းဆရာတစ်ဦး၏ Kpay အကောင့် ငွေ အဝင်၊ အထွက် များသောကြောင့် အကောင့်ပိတ်ခံလိုက်ရပြီး လက်ရှိမှာ အမှုဖွင့်ခံထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...