အင်းလေးတွင် သောက်ရေပြတ်လပ်၊ ရေနောက်များ သောက်သုံးနေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးမှုကြောင့် သောက်ရေသန့်ပြတ်လပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။

ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လပ်ကာ မိုးရေခံပြီး သောက်ရေအတွက် ဖြေရှင်းနေကြရကြောင်း ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောသည်။​။

“ ရေလည်းသောက်စရာမရှိဘူး။ မိုးရွာရင်တော့ မိုးရေခံသောက်လို့ရတယ်။ မိုးမရွာရင်တော့ ရေနှောက်တွေကိုပဲ ကြိတ်မှိတ်သောက်ရတာပေါ့။ မသေရုံတမယ်ပဲ။ အလှူရှင်တွေလည်း မရောက်လာဘူး။”ဟု ၎င်းက ပြောသည်။

အင်းလေးဒေသ ကျေးရွာအများစုတွင် အလှူရှင်မရောက်သည့် နေရာများ ရှိနေပြီး အချို့အလှူရှင်များမှာ ကမ်းစပ်နှင့် သွားရလာရ အဆင်ပြေသည့် နေရာများတွင်သာ လာရောက်လှူဒါန်းခဲ့ကြသဖြင့် သွားရလာရခက်ခဲပြီး ကျေးရွာများ အငတ်ဘေးကြုံနေရကြောင်းသိရသည်။

တုံလည်ကျေးရွာအုပ်စု တောင်ပို့ကြီးရွာဘက်တွင်လည်း အိမ်ခြေ ၇၃ စုရှိပြီး အလှူရှင်မရောက်သဖြင့် စားနပ်ရိက္ခာ၊ဆေးဝါး နှင့် အဝတ်ထည်၊ အိုးခွက်များပါလိုအပ်နေကြောင်း သိရသည်။

“ အိမ်က အပေါ်ထပ်တော့နေလို့ရတယ်။ မြုပ်သွားတဲ့အိမ်တွေက သူတွေနဲ့ စုနေကြတာ။ ဘယ်မှ သွားမရလာမရနဲ့။ အလှူရှင်တွေလည်း ဒီဖက်မရောက်ဘူး။ သူတို့ ကိုယ်တိုင်လာလှူရင်တော့ ကောင်းတာပေါ့။ မဟုတ်ရင် လာလှူတာတွေ ငါတို့ဆီရောက်မှာမဟုတ်ဘူး။” ဟု တုံလည်ရွာ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအင်းလေးတွင်ရေတစ်လက်မခန့် ကျနေပြီး စပါးနှင့် ခရမ်းချဉ်စိုက်ခင်း အများအပြား ရေနစ်မြှုပ်ကုန်သဖြင့် စားဝတ်နေရေးအတွက် ပို၍စိုးရိမ်လာကြသည်။

တဖက်တွင်လည်း စစ်ကောင်စီ ၏ ထိုးစစ်ဆင်မှုများကြောင့် ကရင်နီပြည်မှ အင်းလေးဒေသသို့ စစ်ဘေးရှောင်နေရသည့် ပြည်သူများသည် လက်ရှိမှာ ရေကြီးမှုကြောင့် နှစ်ထပ်ကွမ်း အခက်အခဲကြုံတွေ့နေရပြီး အချိုနေရာတွင် တောင်ကျချောင်းကြောင့် သေဆုံးမှုများရှိနေသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...