CATEGORY

သဘာဝအရင်းအမြစ်

ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ

သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အကူအညီ များစွာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး...

မန္တလေးနှင့် အမရပူရ ငလျင်ဘေးသင့်ပြည်သူများ အမိုးအကာနှင့်ဆေးဝါး အရေးပေါ်လိုအပ်

ငလျင်ဒဏ် ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့နှင့် အမရပူရမြို့အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မန္တလေးမြို့နှင့် အမရပူမြို့အတွင်း ငလျင်ဘေးသင့် ပြည်သူများသည် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု လေပြင်းတိုက်ခိုက်မှုကြောင့်...

ငလျင်ဘေးသင့်သူအတွက် အလှူဆန်ကူသယ်ရန်ဟု လိမ်ညာပြီး ဆိုင်ကယ်လုယူသွား

သျှမ်းပြည် တောင်ကြီးမြို့တွင် ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းကူသယ်ရန် လိမ်ညာခေါ်ဆောင်သွားပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ (၅)ရက်တွင် တောင်ကြီးမြို့ မီးပုံပျံကွင်းစျေးအနီးတွင် ဆိုင်ကယ်ဖြင့် စျေးသို့လာသည့် မြေးအဖွား(၂)ဦးကို အမည်မသိ အမျိုးသားတစ်ဉီးက ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းသယ်ရန် အကူအညီတောင်းခံပြီး၊ ၎င်းမြေးအဖွား မောင်းလာသည့် ဆိုင်ကယ်ကို...

မိုခါ-မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည့် သတင်းအမှား

ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိ နေထိုင်သူများအနေဖြင့် မိုခါမုန်တိုင်းလာမှာကြောင့် အမြန်ပြောင်းရွေ့ကြရန်လိုအပ်ဆိုသည့် သတင်းအမှားအကြောင်းအရာတစ်ခု ဆိုရှယ်မီဒီယာတွင် ဧပြီ ၂ ရက်က ပျံ့နှံ့ခဲ့သည်။ U Naing Oo ဆိုသည့် ဖေ့ဘွတ်ခ် အကောင့် က ဧပြီ ၂ ရက် ညနေပိုင်းတွင် “ စစ်တွေ၊ကျောက်ဖြူ သံတွဲ၊ဂွရှိလူများ...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

မန္တလေးမြို့ရောက် သျှမ်းမြောက် စစ်‌ဘေးရှောင်များ ငလျင်ဒဏ်ကြောင့် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများသည် ငလျင်ဒဏ်ကြောင့် နေရပ်ဇာတိသို့ ပြန်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့၏ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ပြည်သူများသည် စစ်ဘေးလွတ်ကင်းသည့် မန္တလေးမြို့ရှိ ကွန်ဒို၊ တိုက်ခန်း၊ အဆောင်များတွင် လာရောက်ငှားရမ်း၍ အနီးစပ်ရာ ဆွေမျိုးများအိမ်တွင်...

ငလျင်ဒဏ်သင့် ပင်လောင်းနယ်ခံများ နေအိမ်ပြန်လည်ထူထောင်ရေးအတွက်လိုအပ်

ပြင်းအား ၇.၇ စစ်ကိုင်းငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းက ကျေးရွာများ အိမ်ခြေ ရာဂဏန်း ထိခိုက်ပျက်စီးသွားသောကြောင့် ပြန်လည်ထူထောင်ပြီး ဒေသခံများနေရပ်ပြန်နေနိုင် ဖို့ရန်ခက်ခဲနေသည်ဟု ပင်လောင်းမြို့ခံများကပြောသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့ နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းရွာ အိမ်ခြေ ၁၀၀ ကျော် ၊ ပင်လောင်းကြီး...

ဘေးဒဏ်ပေါင်းစုံ သင့်နေသည့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် များစွာအကူညီလိုအပ်နေ

ရာဂီမုန်တိုင်းကြောင့် ပြီးခဲ့သည့် ယမန်နှစ်က ရေးဘေးဒဏ်သင့်ခဲ့သော သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ယခုတစ်ခါတွင် အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ထောင်ချီ နေအိမ်၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံးသူ တစ်ရာကျော်ထိရှိကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး...

မန္တလေးသို့ ဆေးကုသွားသည့် ရွာငံ ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာတွင် မန္တလေးသို့ ဆေးကုသွားသည့် ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသွားသူများသည် အသက် (၇၀)အရွယ်ရှိ  ဒေါ်ကြင်ဟန်နှင့် သားဖြစ်သူ အသက်(၄၄)နှစ်အရွယ် ညီညီ နှင့် အသက် ၄၀ အရွယ်ရှိ တောင်ခေါင်းပွာကျေးရွာမှ အမျိုးသားတစ်ဉီး တို့သည်  မတ် ၂၈ရက်တွင် မန္တလေးသို့ ဆေးသွားကု သွားသည့်...

ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာမြန်မာနိုင်ငံက မဟုတ်ပါ

Fact Check – အချက်လက်စစ်ဆေးခြင်း အဆောက်အဦ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက ငလျင်ကပ်ဘေးဖြစ်စဉ်မှာ ဖြစ်နေတယ်ဆိုပြီး ဖြန့်ဝေချက်တစ်ခု ပြန့်နှံ့နေပါတယ်။ ဒီဓာတ်ပုံကို Dhanma Vinaya Channel နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကနေ မတ်လ ၃၀ ရက်နေ့က ဖြန့်ဝေထားတာကို တွေ့ရပြီး “အားလုံး...

Latest news