အဆိပ်သင့်မြစ်ရေနှင့် လာမည့်မိုးရာသီအတွက် ဒေသခံများစိုးရိမ်နေ

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံများကပြောသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်နှင့် မယ်ဆိုင်တွင် ရေလွှမ်းမိုးခံခဲ့ရပြီး နေအိမ်၊ အဆောက်အဦနှင့် ဈေးများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

မေလ ၂၀ ရက်နေ့မှစ၍ သျှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာအနှံ့အပြား မိုးထစ်ချူန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

“မိုးရွာလာရင် ရင်တထိတ်ထိတ်ပဲ၊ အခုအစိုးရကလည်း ဘာမှလုပ်ပေးတာမရှိ၊ ပြည်သူတွေက ကိုယ့်အားကိုယ်ကိုး နေရတယ်” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပါက တောင်ကျချောင်းရေများ တဟုန်ထိုးစီးဆင်းလာပြီး မယ်ဆိုင်ချောင်းရေလျှံကာ ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လေ့ရှိသည်။

မယ်ဆိုင်ချောင်း

သို့သော် ရေကြီးရေလျှံမှုဖြစ်ပွား၍ နေအိမ်ပျက်စီးဆုံးရှုံးမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများရှိသည့်တိုင်အောင် ရေကြီးမှုပြဿနာအား သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းနိုင်ခြင်းမရှိပေ။

“အခုမိုးတွင်းမရောက်ခင်တော့ ရေမလွတ်မယ့်နေရာက ပစ္စည်းတွေ အပေါ်မြောက်ထားတယ်။ အိမ်ရှေ့လည်း ကာထားတယ်။ ရေစုပ်စက်တွေ၊ ရေမော်တာတွေ၊ မီးစက်တွေ၊ ဆိုလာတွေ အဆင့်ပြင်ထားရတာပေါ့” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ရေကြီးရေလျှံမှုသည် သစ်တောပြုန်းတီးမှု၊ သတ္တုတူးဖော်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များကပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုအတွင်း မကြုံစဖူးနှုန်းများမြေများ တင်ကျန်မှုသည့် သျှမ်းပြည်အရှေ့ပိုင်း (မယ်ဆိုင်အထက်ပိုင်း) ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့် ဖြစ်ကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထောက်ပြထားသည်။

အာဏာသိမ်းပြီးနောက်တွင် UWSA “ဝ” တပ်နှင့် ဟားဟူလက်နက်ကိုင် တပ်ထိန်းချုပ်ရာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့အရှေ့ဘက် မယ်ဆိုင်မြစ်အထက်ပိုင်းတွင် ရွှေတူးဖော်မှုများ အကြီးအကျယ်တိုးချဲ့လာခြင်း ဖြစ်ကြောင်း SHRF ဆိုထားသည်။

မယ်ဆိုင်ချောင်း

ထို့အပြင် UWSA ထိန်းချုပ်ရာ ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယွန်းဒေသတွင်လည်း မြေရှားသတ္တု အလုံးအရင်းဖြင့် တူးဖော်နေကြောင်း၊ ထိုမြေရှားသတ္တုကို UWSA မှလုံခြုံရေးယူပြီး တရုတ်ကုမ္ပဏီများက တူးဖော်နေကြောင်း SHRF အဖွဲ့ တာဝန်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကုမ္ပဏီတွတော့ သေသေချာချာမသိရသေးဘူး။ ဒါပေမဲ့ UWSA “ဝ”တပ်တွေကတော့ လုံခြုံရေးယူထားတယ်။ တူးနေတာကတော့ တရုတ်တွေပဲ” ဟု စိုင်းဟော်ရှဲန်က ပြောသည်။

မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည်။

ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်း လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်စွာထိခိုက်စေပြီး ဒေသခံ ပြည်သူတစ်သန်းကျော် ကျန်းမာရေးဆိုးရွာစွာထိခိုက်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထောက်ပြထားသည်။

သတ္တုတွင်းကထွက်သည့် ဓာတုစွန့်ပစ်ပစ္စည်းများသည် မိုင်းဆတ်ဒေသမှ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲသို့ ဖြတ်သန်းစီးဆင်းသော နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်ကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသည်ဟု ၎င်းကဆိုသည်။

ထို့ပြင် မြေပြိုမှုများ ဖြစ်ပေါ်စေခြင်း၊ မြေပေါ်၊ မြေအောက်ရေများ အဆိပ်သင့်စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်းနှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများ ဖြစ်စေသည်။

ထိုကြောင့် မြစ်အောက်ဖျားပိုင်းတွင် နေထိုင်ကြသော ထိုင်း-မြန်မာဒေသခံ ပြည်သူတစ်သိန်းကျော်၏ ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်နိုင်စေသည်ဟု ဆိုသည်။

ထို့ပြင် နမ့်ခုတ်မြစ်တလျှောက်တွင် ရွှေတူးဖော်ရေး လုပ်ငန်များလည်း အများအပြားရှိနေသေးသည်။
သျှမ်းသံတော်ဆင့်မှ ရရှိသော စာတမ်းများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်းရှိ သယံဇာတများအား တရားဝင်တူးဖော်ခွင့်နေသည့် ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိသည်။

ထိုကုမ္ပဏီပေါင်း ၃၀၀ ကျော်အနက် ကုမ္ပဏီ ၁၃၂ ခုမှာ သျှမ်းပြည်တောင်ပိုင်းတွင် တူးဖော်နေပြီး၊ ကျန်သည့် ကုမ္ပဏီ ၉၀ ခုမှာ သျှမ်းပြည်မြောက်ပိုင်းနှင့် ကုမ္ပဏီ ၈၁ ခုမှာ သျှမ်းပြည်အရှေ့ပိုင်းတွင် တူးဖော်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...