Thursday, January 29, 2026

CATEGORY

သဘာဝအရင်းအမြစ်

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

မိုင်းဆတ်မြို့ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ထိုင်းဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်အပေါ်ဘက်တွင် ၂၄ နာရီမပြတ် ရွှေတူးဖော်မှုများကို ထိုင်းပြည်သူ (၇၀၀) ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ မယ်အိုင်မြို့နယ်...

တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီး နှစ်ရက်ဆက်တိုက်လောင်ကျွမ်းနေ 

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ရွှေဘုန်းပွင့်စေတီတော် အနီးတောင်စောင်းနေရာများတွင်  တောမီး နှစ်ရက်ဆက်တိုက် လောင်ကျွမ်းနေကြောင်း တောင်ကြီးမြို့ခံများထံ စုံစမ်းသိရသည်။ ယမန့်နေ့ (မတ် လ ၁၄ ရက်) ည ၇ နာရီအချိန်မှ စတင်ကာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီးလောင်ကျွမ်းခဲ့ပြီး ယနေ့ (မတ်လ ၁၅ ရက်) နေ့လည်ပိုင်းတွင်...

သိန္နီမြို့နယ် တစ်သျှူးငှက်ပျောစိုက်ရန် ပြည်သူပိုင်မြေကို MNDAA မှ အတင်းအဓမ္မ ငှားယူ

သျှမ်းပြည် သိန္နီမြို့နယ်အတွင်းရှိ မြို့နှင့် ကျေးရွာဒေသများတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပြည်သူပိုင်မြေကို ကိုးကန့်တပ်( MNDAA) တပ် အတင်းအဓမ္မငှားရမ်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (မတ်လ ပထမပတ် ) အစတွင် သိန္နီမြို့နှင့် ကျေးရွာရှိ ပြည်သူပိုင်မြေများကို MNDAA မှ တစ်သျှူးငှက်ပျောပင် စိုက်ပျိုးရန်အတွက်ဆိုပြီး အတင်းအဓမ္မ ငှားရမ်းယူနေကြောင်း...

အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...

UWSA ထိန်းချုပ် မန်မန်ဆိုင်သတ္တုတွင်း ၂ နှစ်နီးပါး ပိတ်ထားရာမှ သံဖြူသတ္တု ပြန်လည်တူးဖော်မည်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် မိုင်းလင်းခရိုင်ရှိ မန်မန်ဆိုင် သတ္တုတွင်းကို ၂ နှစ်နီးပါး ပိတ်ထားရာမှ သံဖြူသတ္တု ပြန်လည်တူးဖော်နိုင်ရန် စိစစ်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ထိုင်းဘက်မှ စက်သုံးဆီဖြတ်လိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံလာ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းဘက်မှ စက်သုံးဆီတင်သွင်းခွင့်မှု ပိတ်ပင်လိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်တွေ့လာနေကြောင်း စုံစမ်းသိရသည်။ သျှမ်းအရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ စသည့် ကျေးရွာများမှ ဒေသခံများသည် စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပေးသွင်းသော စက်သုံးဆီများကို အားထားနေရခြင်း ဖြစ်သည်။ ထိုသို့ စက်သုံးဆီတင်သွင်းမှု ပိတ်ပင်လိုက်ခြင်းကြောင့်...

သျှမ်းပြည် တောင်ပိုင်းရှိ စစ်ဘေးရှောင်များ ရေရှားပါးမှုပြဿနာများကြုံတွေ့နေရ

သျှမ်းပြည် တောင်ပိုင်းတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် ‌ရေရှားပါးမှု ပြဿနာများ စတင် ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် တောင်ပေါ်ဒေသရှိ တွင်းရေကန်ရေများ စတင်ခမ်းခြောက်လာသည့်အတွက် သျှမ်းပြည် တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ ၊နောင်တရား ၊ ဆီဆိုင် နှင့် ပင်လောင်း စသည့် မြို့နယ်တို့တွင် ရောက်ရှိနေသည့်...

Latest news