နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ဆွေးနွေးဖြေရှင်းရန် စစ်ကောင်စီနှင့် တွေ့ဆုံမည်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

ထိုင်း-မြန်မာနယ်စပ် မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများမှ စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုများကြောင့် နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ် ပါဝင်မှု သတ်မှတ်စံချိန်ထက် လွန်ကဲနေသည့် ကိစ္စရပ်များကို ဆွေးနွေးရန် စစ်ကောင်စီနှင့် တွေ့ဆုံမည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ပရာဆတ် ချန်တရာရွန်ထောင် (Prasert Jantararuangtong) က ပြောသည်။

ယမန်နေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ထိုင်းဒုဝန်ကြီးချုပ် မစ္စတာ ပရာဆတ်က ထိုကဲ့သို့ ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်း၌ ဖော်ပြထားသည်။

နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မူဝါဒ ချမှတ်နိုင်သည့် အဆင့်ထိ ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒုဝန်ကြီးချုပ်ခရီးစဉ် မတိုင်မီ မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းရမည့် နေ့ရက်များကို စီမံနေကြောင်း မစ္စတာ ပရာဆတ်က ပြောသည်။

သို့သော် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်တို့တွင် ဖြတ်သန်းစီးဆင်းနေသည့် နမ့်ခုတ်မြစ်အတွင်း ရေထုညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်မှုများကို ထိုင်းအစိုးရက ဦးစားပေး လုပ်ဆောင်နေကြောင်း ရေအရင်းအမြစ် အရည်အသွေး မြှင့်တင်ရေးအထူးဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် မစ္စတာ ပရာဆတ်က ပြောသည်။

နမ့်ခုတ်မြစ်အနောက်ဘက် မြေရှားသတ္တုတူးဖော်သည့်နေရာ

စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA ပူးတွဲထိန်းချုပ်ထားသည့် မိုင်းဆတ်ခရိုင်အတွင်း မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အာဏာပိုင်များနှင့် ညှိနှိုင်းရန်ရှိသော်လည်း အကဲဆတ်နိုင်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

ထိုင်း-မြန်မာနယ်စပ် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရာတွင် မူလဇာစ်မြစ်ကို နှစ်နိုင်ငံစလုံးက သဘောတူရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဂြိုလ်တုဓာတ်ပုံများ ရရှိထားကြောင်း မစ္စတာ ပရာဆတ်က ပြောသည်။

ထို့အပြင် နမ့်ခုတ်မြစ်ထဲရှိ ငါးများ၏ အရေပြားပေါ်တွင် အနီရောင်အဖုများ တွေ့ရှိသည့် အစီရင်ခံစာများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မစ္စတာပရာဆတ်က ရှင်းလင်းပြောကြားခဲ့ပြီး ယင်းအခြေအနေမှာ အာဆင်းနစ်ကြောင့် မဟုတ်သော်လည်း ရေထဲရှိ အခြားသော ဘက်တီးရီးယားပိုးများကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။

ရေအရည်အသွေး စမ်းသပ်မှုရလဒ်များသည် အများအားဖြင့် ပုံမှန်အခြေအနေ ရှိခဲ့သော်လည်း အာဆင်းနစ် ပါဝင်မှု ပမာဏသည် ထိုင်း-မြန်မာနယ်စပ်၌ ပုံမှန်ထက် ပိုများနေခြင်းကြောင့် နမ့်ခုတ်မြစ်အတွင်း ရေများကို တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် သောက်သုံးခြင်းပြုရန် မစ္စတာ ပရာဆတ်က သတိပေးခဲ့သည်။

မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများ တည်ရှိရာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေသည် စစ်ကောင်စီမှ အပြည့်အဝ စိုးမိုးထားသည့် နယ်မြေမဟုတ်သောကြောင့် ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းခြင်းဖြင့် ပြဿနာဖြေရှင်းရာတွင် ထိရောက်မည် မဟုတ်သကဲ့သို့ တရုတ်နှင့်သာ ညှိနှိုင်းဆွေးနွေးသင့်ကြောင်း ထိုင်းလွှတ်တော်မှ အတိုက်အခံအမတ်ဖြစ်သူ မစ္စတာ ကန်နဝီက ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...