မီးပျက်ချိန်များသည့် မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီတားမြစ်

သျှမ်းပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျမီးပေးရသည်ထိ လျှပ်စစ်မီးပျက်နေသော်လည်း မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။

မေလဆန်းပိုင်းမှစ၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ထင်းရှူးဆီရှာခြင်း၊ ထင်းရှူးဆီ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း မပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။

“အခုထင်းရှူးဆီသွားဝယ်ရင် ခိုးဝယ်ရတာ၊ ဝယ်ပြီးရင်လည်း ဝှက်ထားရတာ။ ဈေးထဲမှာ ထင်းရှူးဆီ မရောင်းဖို့၊ မဝယ်ဖို့တားမြစ်ထားတာ။ ထင်းရှူးဆီသုံးရင် ဘာအပြစ်ရှိလို့လဲ မသိဘူး၊ တကယ် နားမလည်ဘူး။ တိုင်းပြည်က အရမ်းတိုးတက်နေရင်တော့ တစ်မျိုးလေ” ဟု မိုင်းတုံမြို့ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် EPC ရုံးမှပေးသော လျှပ်စစ်မီးများကို ပုံမှန်မရရှိသဖြင့် ချက်ပြုတ်ရန်အတွက် ထင်းမီးကိုသာ အားကိုးနေရကြောင်း သိရသည်။

EPC ရုံးမှပေးသော လျှပ်စစ်မီးများမှာ ချက်ပြုတ်ရန်အတွက် မဆိုထားနှင့် ဖုန်းသွင်းရန်အတွက်ကိုပင် မီးအားမလုံလောက်သောကြောင့် ဆိုလာပြားဝယ်ယူပြီး အသုံးပြုနေရကြောင်း၊ တချို့မှာ ဆိုလာပြားဝယ်ယူအသုံးပြုရန် မတတ်နိုင်သောကြောင့် ဆိုလာပြားရှိနေအိမ်၌ ဖုန်းတစ်လုံးကို ၁၀၀၀ ကျပ်ပေးကာ ဖုန်းအားသွင်းရကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် ထင်းရှူးဆီရှာသည့် ဒေသခံအများစုမှာ ဂေါ်တောရွာနှင့် မိုင်းကန်ရွာမှ ဒေသခံများဖြစ်ကြပြီး ၎င်းတို့သည် စားဝတ်နေရေးအတွက် ထင်းရှူးဆီရှာပြီး အသေးတစည်းကို မြန်မာငွေ ၅၀၀ ဖြင့် ရောင်းချနေကြောင်း မိုင်းတုံမြို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“ထင်းရှူးပင်ကြီးကို သွားခုတ်ပြီးလာရောင်းတာတော့ မဟုတ်ဘူး။ သူတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာ။ သူများခုတ်ပြီး လဲကျနေတဲ့အပင်ကနေ ရသလောက်လေး သွားကောက်ပြီး လာရောင်းကြတာ။ တချို့ ထင်းရှူးဆီဆိုရင် တစ်ထွာလောက်ပဲရှိတယ်။ဟို..အပင်ကြီးတွေလာခုတ်တဲ့သူတွေကို မဖမ်းဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စီးပွားရေးအဖြစ် ထင်းရှူးဆီရှာသူများသည် အပင်ကြီးမှ ထင်းရှူးဆီကို ထုတ်ယူကာ အပင်ကို အပေါက်ဖောက် မီးရှို့ရသည့်အတွက်ကြောင့် ထင်းရှူးဆီထုတ်ပြီးသည့် အပင်များမှာ တစ်လအတွင်း လဲကျပြီးပျက်စီးသွား ကြောင်း ဆိုသည်။

အဆိုပါ ထင်းရှူးဆီ ရှာဖွေရောင်းချခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာနမှ ယခုရက်ပိုင်းအတွင်း အသိပေးထုတ်ပြန်ထားခြင်း မတွေ့ရပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုအများဆုံး နေရာက သျှမ်းပြည်ဖြစ်သည်ဟု ပတ်ဝန်းကျင်ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို စောင့်ကြည့်လေ့လာနေသည့် ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) အဖွဲ့ က ထုတ်ပြန်ထားသည်။
Global Forest Watch ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာလတစ်လတည်းမှာတင် သစ်တော ပြုန်းတီးမှု ဧရိယာ ဧက သုံးထောင့်လေးရာကျော် (၃၄၃၄ ဒသမ ၇၆၅ ဧက) ရှိခဲ့သည်ဟု သိရသည်။
၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အနှစ် ၂၀ ကျော်အတွင်း သစ်တောပြုန်းတီးနေသည့် ထိပ်တန်း ၅ နေရာတွင် သျှမ်းပြည်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်တို့ ဖြစ်သည်။ ထို ၅ နေရာပေါင်း ဧက ၉ သန်းကျော် သစ်တော်ပြုန်းတီးနေကြောင်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...