ထင်းရှူးဆီ
မီးပျက်ချိန်များသည့် မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီတားမြစ်
SHAN -
သျှမ်းပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျမီးပေးရသည်ထိ လျှပ်စစ်မီးပျက်နေသော်လည်း မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ မေလဆန်းပိုင်းမှစ၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ထင်းရှူးဆီရှာခြင်း၊ ထင်းရှူးဆီ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း မပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ “အခုထင်းရှူးဆီသွားဝယ်ရင် ခိုးဝယ်ရတာ၊ ဝယ်ပြီးရင်လည်း...





