ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့ရှိ မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းနေအိမ်များ ပြောင်းရွှေ့ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင်ရှိနေပြီး မြစ်ကမ်းဘေးနှင့် မြေအနိမ့်ပိုင်းတွင် နေထိုင်သည့် နေအိမ်များ ရေကြီးမှုကြုံနေရသဖြင့် ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန်လ ၁ ရက်) မှ ယနေ့အချိန်ထိ မြစ်ကြီးနားမြို့ရှိ ဧရာဝတီ မြစ်ဘေးအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်နေသည့် ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး၊ ရပ်ကွက်အတွင်း ရေကြီးရေလျှံခြင်း၊ နေအိမ်ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရကြောင်း မြစ်ကြီးနားမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေ ရေဝင်နေပြီ။ အဲ့နားတွေမှာ နေတဲ့လူတွေက ကုန်းမြင့်ပိုင်းကို ပြောင်းနေရတယ်။ စာရင်းတွေက အတိအကျတော့ မရသေးဘူး။ ဒီနှစ်က အရင်နှစ်လိုတော့ အခြေအနေ မဆိုးသေးဘူး။ မိုးဆက်တိုက် ရွာခဲ့မယ်ဆိုရင်တော့ မနှစ်ကလို ရပ်ကွက်တော်တော်များများ ရေကြီးနိုင်လို့ စိုးရိမ်ရတယ်”ဟု မြစ်ကြီးနားမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့‌ပေါ်ရှိ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ အလယ်ကုန်း၊ မြို့သစ်တည်၊ ဂျာမိုင်းဂေါင်းနှင့် မနောကွင်း စသည့် ရပ်ကွက်တို့တွင် ရေကြီးနေပြီး ယနေ့ (ဇွန်လ ၂ ရက်) နေ့လည်တွင် ရပ်ကွက်အချို့၌ ရေပြန်ကျသွားကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်ကတည်းက ကချင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မေခ၊ မလိခ မြစ်ရေကြီးပြီး ဧရာဝတီမြစ်ကြောင်းတလျှောက် ရေတဟုန်ထိုး တက်လာကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှ မြန်မာနိုင်ငံတဝန်း မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် သတိပေး ထုတ်ပြန်ထားသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး ၁၄၀၀ စင်တီမီတာသို့ရောက်ရှိပါက အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်အထက် ၁၄၀၆ စင်တီမီတာအထိ မြင့်တက်ခဲ့သောကြောင့် မြို့အတွင်းရှိ ရပ်ကွက်များမှာ သုံးပုံနှစ်ပုံခန့် ရေဝင်ရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကလည်း ဧရာဝတီမြစ်ရေမှာ ၁၄၀၈ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...