တာချီလိတ်မြို့ ကြုံနေရသည့် ရေကြီးမှုပြဿနာတာဝန်ရှိသူများ ဖြေရှင်းကူညီမှုမရှိ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေနုတ်မြောင်းများ ပိတ်ဆို့ခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းလျှင် မကြာခဏ ရေကြီးမှုများ ကြုံတွေ့နေရသော်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

မုတ်သုံအဝင် ဦးစီးအစမှာပင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများဝင်ရောက်ကာ ရေကြီးမှုဒဏ်အား ထပ်မံရင်ဆိုင်နေရပြီ ဖြစ်သည်။

သို့သော် ရေကြီးမှုဖြစ်ပေါ်ရသည့် ရေနုတ်မြောင်း ပိတ်ဆို့နေခြင်းကို မည့်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီဖြေရှင်းပေးခြင်းမရှိကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ရေတွေကြီးနေတာက ချောင်းရေတက်လို့ မဟုတ်ဘူး။‌ ရေနုတ်မြောင်းတွေပိတ်နေလို့ မိုးရွာရင် ရေထွက်ပေါက်မရှိလို့ ဒီလိုဖြစ်နေရတာ။ မြောင်းတွေထဲမှာလည်း ရွံ့နွံ၊ အမှိုက်တွေက ပိတ်နေတာ။ မိုးတစ်နာရီလောက်ရွာရင် ရေတွေတက်ပြီ။ ရေမြောင်းထဲက အမှိုက်တွေကို တာဝန်ရှိသူတွေက ဖော်ပေးတာ၊ ရှင်းပေးတာမျိုးမရှိဘူး ”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီးလျှင် မယ်ခေါင် ရပ်ကွက်၊ ဆန်ဆိုင်း ရပ်ကွက်၊ တာလော့ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်မှာ ရေကြီးမှုဒဏ်ကို အမြဲတစေခံရလေ့ရှိသည်။
ထို့ပြင် ရေကြီးလျှင် ပြည်သူများလည်း သွားလာရန်ခက်ခဲစေပြီး အလုပ်အကိုင်များပါ ထိခိုက်ရကြောင်း တာချီလိတ်မြို့ ဒေသခံတစ်ဦးက ဆက်ပြောသည်။

“တာလော့ဖက်မှာဆို ရွံ့နွံတွေကဘာမှကို မလုပ်ရသေးဘူး။မိုးရွာ ရေကြီးရင် အလုပ်အကိုင်တွေ ပျက်တယ်။ တချို့ဆိုင်တွေဆို ဧည့်သည်တွေတောင်မလာဘူး။ နောက်ခါ ရေကြီးရင် လူတွေတောင် နေရဲတော့မှာ မဟုတ်ဘူး။ တာဝန်ရှိသူတွေကလည်း လာကြည့်ပြီး ဓာတ်ပုံပဲရိုက်သွားတယ်၊ ဘာမှလည်း မလုပ်ပေးဘူး။ မယ်ဆိုင်ချောင်းဘေးမှာတော့ ရေမဝင်အောင် အုတ်တံတိုင်းတွေကာပေးတာရှိပေမယ့် မြို့ထဲက ပြဿနာတွေတော့ ဖြေရှင်းပေးတာမရှိဘူး” ဟု ၎င်းကပြောသည်။

ဒေသခံများသည် မြို့တွင်း ကြုံတွေ့နေရသည့် ရေကြီးမှုပြဿနာနှင့် အခက်ခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြခဲ့သော်လည်း လာရောက်ကူညီဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ စံချိန်တင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းတစ်လျှောက်ရှိ သတ္တုတွင်းနှင့် ရွှေတူးဖော်မှုလုပ်ငန်းများမှ စွန့်ပစ်မြေများကြောင့် ချောင်းရေများတိမ်ကောလာကာ မိုးအဆက်မပြတ်ရွာသွန်းလျှင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...