တာချီလိတ်တွင် ရေပြန်ကျပြီးနောက် ရွှံ့နွံများ ကိုယ်တိုင်ရှင်းထုတ်နေရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများကျဆင်း သွားပြီးနောက် ရွှံ့နွံများအား ကိုယ်တိုင်ရှင်းထုတ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

ယနေ့ နံနက်ပိုင်းအထိ တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများကျဆင်း လျက်ရှိကြောင်း တွေ့ရှိရသော်လည်း မိုးဆက်လက်ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များမှ ခန့်မှန်းထားသည့်အတွက် စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုရေကတော့ ပြန်ကျပြီ၊ ရွှံ့နွံတွေ ပြန်ရှင်းဖို့ပဲကျန်တယ်။ သုံးရက်အတွင်း ဒီထပ်ပိုရွာမယ်တဲ့။ ပြင်ဆင်စရာရှိရင် ပြင်ဆင်ကြပါ” ဟု ၎င်းကပြောသည်။

ယခုနှစ်အတွင်း မိုးပိုများမည်ဟု ကြိုတင်သတင်းရရှိထားသည့်အတွက် ဒေသခံများနှင့် စည်ပင်သာယာရေးမှ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ၎င်းကဆိုသည်။

သို့သော် မိုးရာသီမတိုင်ခင်ကတည်းက စည်ပင်သာယာရေးဌာနမှ ရေမြောင်းဖော်ပေးခြင်းမရှိသလို ဈေးသည်များလည်း အမှိုက်များအား ရေမြောင်းအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရေမြောင်းပိတ်ဆို့လျက်ရှိကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ဒီနှစ်က မိုးပိုများမယ်ဆိုတာ အားလုံးက ကြိုသတင်းရထားတော့ ကြိုတင်ပြင်ဆင်ပြီး မိုးရာသီမရောက်မီ အပြီးလုပ်ပေးသင့်တယ်။ ရေလာမြောင်းဖော်တာတွေ၊ တမြို့လုံးရဲ့ အိမ်ရှေ့က မြောင်းတွေကို ကိုယ်တိုင်မြောင်း ပေါက်အောင် ဖော်တာတွေ လုပ်သင့်တယ်။ ကိုယ့်အိမ်မြောင်းကနေ မြောင်းကြီးကို ပေါက်တဲ့အထိ စုပေါင်းပြီး အားတွန်ခွန်စိုက် လုပ်ကြရင် တမြို့လုံးသက်သာမှာပါ။ အခုကအပြီးမလုပ်ကြဘူး၊ တဝက်တပျက်စီနဲ့ လုပ်ပြပြီး တစ်ရက်တစ်ရက် ပြီးသွားတယ်။ ဈေးထဲက ဈေးသည်တွေလည်း မြောင်းထဲမှာ အမှိုက်တွေပစ်တာ ဖွေးလို့ပေါ့” ဟု အဆိုပါအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

တာချီလိတ်မြို့ကဲ့သို့ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသော ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့အတွင်းရှိ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများကျပြီးနောက် ရွှံ့နွံများကို ထိုင်းတော်ဝင် ရဲတပ်ဖွဲ့များက လာရောက်ရှင်းထုတ်ပေးနေကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ စံချိန်တင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်နေလျက်ရှိသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်တွင် ရေလွှမ်းခဲ့ပြီးနောက် နေအိမ်၊ အဆောက်အဦနှင့် ဈေးများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...