မိုးဗြဲမြို့ ဆည်မြောင်းရေကို မှီခိုနေရသူများ သောက်သုံးရေအခက်တွေ့

သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့ရှိ ဆည်မြောင်းထဲတွင် အကြောင်းရင်း မသိဘဲ ငါးများ အစုအပြုံလိုက် သေဆုံးခြင်းကြောင့် ရေမသန့်ရှင်းမှု ဖြစ်သဖြင့်  ပြည်သူများအတွက် သောက်သုံးရေ အခက်အခဲ ကြုံနေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ရှိ ဆည်မြောင်းထဲတွင် မေလဆန်းပိုင်းမှ စတင်၍ ငါးများ အစုလိုက်အပြုံလိုက် အကြောင်းရင်းမသိရဘဲ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးကြောင့် ဖြစ်နိုင်ကြောင်း မိုးဗြဲမြို့ ဒေသခံများက ပြောသည်။

ထိုကဲ့သို့ ဆည်မြောင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည့်အပြင် စစ်ကောင်စီမှ ပစ်ခတ်သော အဆိပ်ငွေ့ဗုံးများ ဆည်မြောင်းထဲ ကျရောက်ပေါက်ကွဲကာ ရေမသန့်ရှင်းမှု ဖြစ်ပွားစေပြီး ပြည်သူများအတွက် သောက်သုံးရေ အခက်အခဲ ကြုံတွေ့စေကြောင်း သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ချောင်မြောင်းတဝိုက်နေတဲ့ ဒေသခံက အဲ့မြောင်း‌ရေတွေကို မှီခိုပြီး သောက်ရေ၊ သုံးရေအဖြစ် သုံးနေတာ ရှိတယ်။ အဲ့လိုကြောင့် လူတွေ ရာနဲ့ချီ အခက်အခဲ ကြုံနေရတာတွေ့တယ်။ ရေထဲ အဆိပ်ခတ်တာလား မခတ်တာလား ဆိုတာထက် ငါးကတော့ အများကြီး သေနေတာ။ သူတို့ အဆိပ်ဗုံးတွေ ကြဲလို့ မြောင်းတွေထဲ ကျနေတာလည်း ကိုယ်တိုင်မြင်နေတာလေ”ဟု ၎င်းသတရင်းမြစ်တစ်ဦးက ပြောသည်။

ထိုဆည်မြောင်းအတွင်း သေဆုံးနေသည့် ငါးများကို စားသုံးမိသူများသည် လည်ချောင်းယားခြင်း၊ ခေါင်းမူးခြင်းနှင့် အော့အန်ခြင်းတို့ ဖြစ်ပြီး၊ သေဆုံးနေသည့် ငါးများကို ဖမ်း၍ စားသုံးခြင်း၊ ရောင်းချခြင်း မလုပ်ဘဲ သတိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့မှ ထိန်းချုပ်နိုင်သော်လည်း မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်နှင့် မိုးဗြဲဆည်ကို လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း သိရသည်။

သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်‌ပေါင်းစုတို့အကြား ၂၀၂၅ နှစ်ဆန်းပိုင်းမှ စ၍ လက်ရှိအချိန်ထိ လေးလကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ဒရုန်း၊ အဆိပ်ငွေ့ဗုံးနှင့် မီးလောင်ဗုံးများကို စစ်ကောင်စီဘက်မှ အသုံးပြုတိုက်ခိုက်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု များနေ‌ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...