Wednesday, January 28, 2026

နမ့်ခုတ်မြစ်ထဲသို့ ရေကစားပြီးနောက် ဆင်များအနာဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မဲ့ယောင်းကျေးရွာ (Mae Yao) ရှိ ကရင်ဆင်စခန်းမှ ဆင်များသည် နမ့်ခုတ်မြစ်ထဲသို့ ရေကစားပြီးသည့်နောက် အဖုအထစ် အနာများဖြစ်ပွားနေကြောင်း ထိုင်းသတင်း၌ ဖော်ပြသည်။

ဆင်များ အဖုအထစ်အနာများဖြစ်ပွားမှုကြောင့် ကရင်ဆင်စခန်းမှ ခရီးသွားဧည့်သည်များ ၈၀ ရာခိုင်နှုန်း လျှော့ကျသွားကြောင်း ဆင်စခန်းမှ မန်နေဂျာအားကိုးကားပြီး Transborder News တွင် ဖော်ပြထားသည်။

ထိုကြောင့် မေလ ၁၇ ရက်နေ့တွင် ကရင်စခန်းတွင် Nakha Studio မှ အနုပညာရှင်များအဖွဲ့သည် နမ့်ခုတ်မြစ်အကြောင်း ရေးစပ်ထားသည့် သီးချင်းတစ်ပုဒ်ကို မှတ်တမ်းတင်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိ နမ့်ခုတ်မြစ်အထက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း မိုးဆတ်မြို့နယ်တွင် သတ္တုတူးဖော်မှုများကြောင့် မြစ်ရေများအဆိပ်သင့်နေကြောင်း သိရသည်။

သတ္တုတွင်းက ထွက်သည့် ဓာတုစွန့်ပစ်ပစ္စည်းများသည် မိုးဆတ်ဒေသမှ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲသို့ ဖြတ်သန်းစီးဆင်းသော နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်ကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထောက်ပြထားသည်။

နမ့်ခုတ်မြစ်ထဲဆင်းသည့် ဆင်ထိန်းရဲ့ ခြေထောက်အနာဖြစ်

ရေများအဆိပ်သင့်နေကြောင်း သတင်းများထွက်ပေါ်လာချိန်မှစ၍ ယနေ့ထိ မဲ့ယောင်းကျေးရွာ (Mae Yao) ရှိ ကရင်ဆင်စခန်းတွင် အဖုအထက်အနားများ ဖြစ်ပွားနေသည့် ဆင်အကောင်ရေ ၉ ကောင်ရှိပြီ ဖြစ်ကြောင်း Transborder News ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလဆန်းအတွင်း နမ့်ခုတ်မြစ်အတွင်း ဖမ်းမိသောငါးများတွင်လည်း အနာပဆုတ်များ ဖြစ်ပွားနေကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်း လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်စွာထိခိုက်စေပြီး ဒေသခံ ပြည်သူတစ်သန်းကျော် ကျန်းမာရေးဆိုးရွာစွာထိခိုက်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ဆွေးနွေးဖြေရှင်းရန် စစ်ကောင်စီနှင့် တွေ့ဆုံမည်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

0
ထိုင်း-မြန်မာနယ်စပ် မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများမှ စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုများကြောင့် နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ် ပါဝင်မှု သတ်မှတ်စံချိန်ထက် လွန်ကဲနေသည့် ကိစ္စရပ်များကို ဆွေးနွေးရန် စစ်ကောင်စီနှင့် တွေ့ဆုံမည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ပရာဆတ် ချန်တရာရွန်ထောင် (Prasert Jantararuangtong) က ပြောသည်။ ယမန်နေ့ (မေလ ၂၇...

ချင်းရိုင်းမြို့နယ် ယာဉ်တိုက်မှုဖြစ် ဆယ်ကျော်သက် သျှမ်းလူငယ်ဦး နှစ်ဦး သေဆုံး

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းမိုင် - ချင်းရိုင်းကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆယ်ကျော်သက်အရွယ်ရှိ သျှမ်းလူငယ် ၂ ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ညနေ ၇ နာရီကျော် အချိန်က ချင်းရိုင်းမြို့နယ် အတွင်းရှိ...

ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်းခရိုင် စစ်သားဟောင်းတဦး၏ကားအတွင်း စိတ်ကြွဆေးပြား ၁သန်းကျော် ဖမ်းဆီးရ

0
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်း မြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက် ယနေ့မနက် ၉ နာရီက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ် ဒွယ်တွန်း(Doi Tung) ကားဂိတ် အနီး Bua Ban...

ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်သည့် သျှမ်း/မြောက်မှ ဒေသခံ ၃၀ ဦး ကို ချင်းရိုင်းခရိုင်ရဲများက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ မတ် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းမြို့ ရှိ အိမ်တအိမ်တွင် ထိုင်းရဲတပ်ဖွဲ့များ က ဝင်ရောက်စစ်ဆေးရာ သျှမ်းပြည်မြောက်ပိုင်းမှလာသော...