သုံးလကြာ နမ့်ခုတ်ချောင်းပြဿနာအား ထိုင်းအစိုးရမှဖြေရှင်းရန်ပျက်ကွက်ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းအမတ်ပြော

ထိုင်း-မြန်မာနယ်စပ်တလျောက် ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်ကို ဖြတ်သန်းစီးလာသော နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပြဿနာကို သုံးလကြာ ထိုင်းအစိုးရမှ ဖြေရှင်းရန်ပျက်ကွက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ရာထူးမှ နှုတ်ပေးရန် ထိုင်းအတိုက်အခံ အမတ်ဖြစ်သူ ကန်နဝီက The Reporters သတင်းတွင် ပြောသည်။

မိုင်းဆတ်မြို့နယ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသရှိ တရုတ်သတ္တုလုပ်ငန်း များမှ စွန်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်တလျောက် ဖြတ်သန်းစီးဆင်းလာသော နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ်ကဲ့သို့ အဆိပ်သင့်ဓာတ်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုနမ့်ခုတ်မြစ်အတွင်း အဆိပ်သင့်ဓာတ်သတ္တုများကို ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် စတင်တွေ့ခဲ့ပြီးနောက် မြစ်ရေညစ်ညမ်းမှုပြဿနာကို ထိုင်းအစိုရအနေဖြင့် နိုင်ငံအကြား ယနေ့တိုင်ညှိနှိုင်ဖြေရှင်းနိုင်ခြင်းမရှိသည့် အပေါ် ကန်နဝီက ဝေဖန်လိုက်သည်။

နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုကို ကိုင်တွယ်ရာတွင် ယင်းဒေသသည် မြန်မာစစ်တပ်မထိန်းချုပ်နိုင်သောကြောင့် စစ်ကောင်စီနှင့် ညှိနှိုင်းဖြေရှင်း၍ ပြေလည်နိုင်မည်မဟုတ်ကြောင်း၊ မြန်မာစစ်တပ်သည် တနိုင်ငံလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိသလို သတ္တုတူးဖော်ရာဒေသကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို ထိုင်းအစိုးရအနေဖြင့် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သင့်ကြောင်း ၎င်းကဆိုသည်။

ထိုင်းအစိုးရသည် ဝ ဒေသရှိ တရုတ်ကုမ္ပဏီများ တူးဖော်နေသော သတ္တုလုပ်ငန်းများအရေး တရုတ်အစိုးရနှင့် ညှိနှိုင်းရန် နှုတ်ဆတ်နေပြီး ရေညစ်ညမ်းမှုကြောင့် ကြုံရမည့် ထိုင်းပြည်သူများ၏ လူမှုဘဝအပေါ် လျစ်လျူရှုနေသည်ဟု ၎င်းကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...