UWSA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်း ၂ ခုတွေ့ရှိထား၊ ဒေသခံများ၏ ကျန်းမာရေးခြိမ်းခြောက်နေဟု SHFR ပြော

“ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် “UWSA”နှင့် စစ်ကောင်စီတို့ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ ခု၏ ပုံရိပ်များတွေ့ရှိထားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ယမန်နေ့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည်။

ဂြိုလ်တုဓာတ်ပုံများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလိုမီတာသာ ကွာဝေးသော (မိုင်းဆတ်မြို့ တောင်ဘက်) မိုင်းယွန်းဒေသရှိ မြေရှာသတ္တုတွင်း ၂ ခု၏ ပုံရိပ်များကို တွေ့ရှိထားခြင်း ဖြစ်သည်။

မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အလွန်အရေးပါသည်။

ထိုမြေရှားသတ္တုတွင်းများအနက် (နမ့်ခုတ်မြေအရှေ့ဘက်မှ ၄ ကီလိုမီတာကွာဝေးသော) ပထမသတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး (နမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာကွားဝေသော) ဒုတိယသတ္တုတွင်းမှာ ၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းများ အရ သိရသည်။

လက်ရှိတွင် နမ့်ခုတ်မြစ်တစ်လျှောက် တူးဖော်နေသည့် ရွှေတွင်းများကိုသာ လူများကအားရုံစိုက်နေချိန် အဆိုပါမြေရှားသတ္တုတွင်းကို တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍန်မှာ ကချင်ပြည်ရှိ တရုတ်ကုမ္မဏီများ တူးဖော်နေသော မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍန်ကဲ့သို့ လုပ်ငန်းသုံးကန် အဝိုင်းများအား စီတန်းထားသည်ကို တွေ့ရသည်ဟု SHFR ဆိုထားသည်။

မိုင်းယွန်း မြေရှားသတ္တုတူးဖော်သည့်နေရာပုံရိပ်

ဒေါ်လာသန်းချီတန်သည့် မြေရှားသတ္တု အများအပြားထွက်ရှိရာ ကချင်ပြည်နယ်ထဲရှိ ချီဖွေနှင့် ပန်ဝါဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားသည်။

ကချင်ပြည်ရှိ မြေရှားသတ္တုတွင်တူးဖော်မှုသည် သဘာဝပတ်ဝန်းကျင် ပြင်းထန်စွာထိခိုက်စေသော in Situ Leaching နည်းလမ်းဖြင့် တူးဖော်နေခြင်း ဖြစ်ပြီး မြေပြိုမှုများ ဖြစ်စေခြင်း၊ မြေပေါ်၊ မြေအောက်ရေများ အဆိပ်သင့် စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်းနှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများ ဖြစ်စေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းများသည် နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်သော ရေအရင်းအမြစ်များကို ညစ်ညမ်းစေပြီး ထိုင်း-မြန်မာနယ်စပ်နှစ်ဘက်လုံးရှိ မြစ်အောက်ပိုင်းတွင် နေထိုင်သော ဒေသခံပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးအား ဆိုးရွားစွာထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း SHFR ဆိုထားသည်။

အဆိုပါ မြေရှားသတ္တုတွင်းများမှာ နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်များစွန့်ထုတ်နေပြီ ဖြစ်ရာ ရွှေတွင်းများကြောင့် ရှိနေနှင့်ပြီးသားဖြစ်နေသော ညစ်ညစ်မှုများထက် ပိုမိုဆိုးရွားနိုင်ကာ သျှမ်းပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တစ်လျှောက်တွင် နေထိုင်သော ဒေသခံများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း ဆိုသည်။

နမ့်ခုတ်မြစ်သည် သျှမ်းအရှေ့မိုင်းဆတ်မြို့နယ်မှတစ်ဆင့် ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တာတွန်းရွာနှင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းကာ ချင်းဆန်မြို့နယ် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...