သျှမ်းအရှေ့ UWSA ထိန်းချုပ်နေရာ မြေရှားသတ္တု တူးဖော်သည့်ကိစ္စ တရုတ်နှင့်မြန်မာသံရုံးသို့ ထိုင်းဒေသခံစာပို့၊ လူသောင်းချီ ဆန္ဒထုတ်ဖော်မည်

သျှမ်းပြည်အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးပေါင်းထိန်းချုပ် ဒေသတွင် မြေရှားသတ္တု တူးဖော်နေသည့် ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် တရုတ်နှင့် မြန်မာသံရုံးများသို့ ထိုင်းပြည်သူများ စာပေးပို့တောင်းဆိုထားကြောင်း သတင်းသိရသည်။

ယမန်နေ့ (မေလ ၁၉ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများ တွေ့ဆုံပြီး နမ့်ခုတ်မြစ်၊ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်းနှင့် မဲခေါင်မြစ်ရေထဲတွင် အာဆင်းနစ် ပါဝင်မှု သတ်မှတ်စံနှုန်းထက် လွန်ကဲနေသည့် အခြေအနေကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။

ထို့နောက် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် နမ့်ခုတ်မြစ်အနီး ထိုင်းဒေသခံများ လူဦးရေတစ်သောင်းခန့် စုစည်း၍ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး တောင်းဆိုချက်များကို ထိုင်းနိုင်ငံရှိ တရုတ်နှင့် မြန်မာသံရုံးများသို့ တင်ပြထားကြောင်း သိရသည်။

နမ့်ခုတ်မြစ်ထဲက ငါးမျိုးစိတ်

ထို့အပြင် ချင်းရိုင်းခရိုင်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များလည်း ကုလသမဂ္ဂ၏ UNDP နှင့် UNICEF ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

မိုင်းဆတ်မြို့နယ် မိုင်းယန်းဒေသရှိ မြေရှားသတ္တုတွင်းများမှာ နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်များ စွန့်ထုတ်နေပြီဖြစ်ရာ ရွှေတွင်းများကြောင့် ရှိနှင့်ပြီးသား ညစ်ညမ်းမှုများထက် ပိုမိုဆိုးရွားနိုင်ပြီး သျှမ်းပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တလျှောက် နေထိုင်သော ဒေသခံများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း မေလ ၁၅ ရက်တွင် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ခဲ့သည်။

ထိုင်းနယ်စပ်မှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသရှိ ရွှေနှင့် မြေရှားသတ္တု တူးဖော်မှုများမှ စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းသွားသည့် နမ့်ခုတ်မြစ်ရေ အရည်အသွေး ဆိုးဝါးလာမှုကို ထိုင်းပြည်သူများ စိုးရိမ်မှုမြင့်တက်နေသည်။

ထိုကဲ့သို့ ရေအရင်းအမြစ် ပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းအစိုးရ တာဝန်ရှိသူများမှ ချင်းရိုင်းခရိုင်အတွင်း ဖြတ်သန်းသွားသည့် နမ့်ခုတ်မြစ်နှင့် မယ်ဟုတ်ချောင်းမှ ရေနမူနာများကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ အာဆင်းနစ် ပါဝင်မှု သတ်မှတ်စံနှုန်းထက် လွန်ကဲနေကြောင်း တွေ့ရှိခဲ့ပြီး မဲခေါင်မြစ်အတွင်းမှ ငါးခူများတွင်လည်း အနီရောင် အစက်အပြောက်များ တွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။

နမ့်ခုတ်မြစ်နှင့် မယ်ဟုတ်ချောင်းတစ်လျှောက်တွင် ဒေသခံလယ်သမား ၇ သောင်းကျော် နေထိုင်လျက်ရှိသော်လည်း နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ် ပါဝင်နေကြောင်း သိရှိပြီးနောက် ယင်းပြဿနာဖြေရှင်းပေးရန် ထိုင်းအစိုးရအနေဖြင့် အရေးယူ‌ဆောင်ရွက်မှု နှေးကွေးနေကြောင်း ထိုင်းဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးခံရမှု မြင့်တက်၊ မသွားကြရန် တရုတ်သံရုံး အထူးသတိပေး

0
ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားအများအပြား လစာကောင်းသော အလုပ်အကိုင်များနှင့် လှည့်ဖြားခြင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအတွင်းသို့ လူကုန်ကူးခြင်းခံနေရသဖြင့် အထူးသတိပြုကြရန် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက အရေးပေါ်သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ထိုင်းနိုင်ငံ၊ တရုတ်သံရုံး ဝက်ဆိုက်ဒ် မှ ရာဇဝတ်ဂိုဏ်းများသည်...

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...