လားရှိုးတက္ကသိုလ်ရှိ အဝေးသင်စာမေးပွဲများ အားလုံး ရပ်ဆိုင်း။
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ၂၀၂၃-ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းများ အားလုံး၏ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၁၆ရက် ယနေ့မှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် မှ...
အနာဂတ် မဲ့နေသည့် လူငယ်တွေကို အိမ်မက်အကောင်အထည်ဖော်ပေးနေတဲ့ Integrated Development Institute
SHAN -
ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ Integrated Development Institute အကြောင်း နဲ့ ပတ်သက်ပြီး လူငယ်တွေအတွက် ဘယ်လို ပညာရေး အခွင့်အလမ်းရှိပြီး ပညာဆက်လက်သင်ယူနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း ဒါရိုက်တာ နန်းဝါနု ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။...
ကလေး “စာမရတာ” ညိုမဲထိ ရိုက်နှက်ခွင့်ရှိလား
ကျောင်း ဝတ်စုံ အဖြူ၊ အစိမ်း ဝတ်ဆင်ပြီး ကုတင်ပေါ်မှာ လဲလှောင်းကာ နာကျင်တဲ့ ဝေဒနာကို ကြိတ်ခံရင်း နှုတ်ကနေ တချက်ချက် တိုးတိတ်စွာ ငြီးငြူနေပါတယ်။ အဲ့ဒီ နာကျင်မှုတွေနဲ့ ငြီးငြူနေတဲ့သူကတော့ အသက် ၇ နှစ်အရွယ် သာရှိပြီး မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာက အခြေခံ မူလတန်းကျောင်းမှာ ပထမတန်းကျောင်းတက်နေသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၉ရက်မှာ ကျောင်းမှာ...
ရင်တထိတ်ထိတ် နဲ့ ပညာသင်ကြားနေရတဲ့ စစ်ရှောင်ကလေးများဘဝ
“တောထဲမှာနေရင်တော့ ကလေးတွေ စာကောင်းကောင်း မသင်ရဘူး။ အဲကြောင့် ကျနော်တို့လည်း ကလေးတွေရဲ့ ပညာရေးကို ကြည့်ပြီးတော့ ဒီဆီဆိုင်ဘက်ကို ပြောင်းလာလိုက်တာ” လို့ စိုင်းအောင်က ပြောပါတယ်။ စိုင်းအောင်တို့ မိသားစုဟာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် တောတောင်ထဲမှာ ပုန်းခိုနေခဲ့ရတဲ့ သူတွေဖြစ်ပါတယ်။ လက်ရှိမှာ...
တိုက်ပွဲကြောင့် ကလေးငယ် စာသင်ကြားခွင့် မရကြ
ကွန်ကရစ်လောင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်ခုံတစ်လုံးကိုယ်စီ နှင့် ထမင်းစားခုံ စုံလည်ဝိုင်း တစ်လုံးတည်း ကလေးငယ်များ လေးယောက်တစ်ဖွဲ့ စုထိုင်ပြီး စာသင်နေကြသည်။ ထိုကလေးများသည် မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ စစ်ရှောင်ကလေးငယ်များ ဖြစ်ကြသည်။ လွန်ခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်စပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်)...
ကျိုင်းတုံတက္ကသိုလ် စာရေးမ ကျောင်းအပ်ခ ငွေကြေးယူပြီး ထွက်ပြေးသွား
သျှမ်းပြည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ကျိုင်းတုံတက္ကသိုလ်သို့ အဝေးသင်တက်ရန် အတွက် ကျောင်းသူ/သားများ၏ ကျောင်းအပ်ခ ငွေကြေးကို တက္ကသိုလ်မှ စာရေးမ ဖြစ်သူက ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။ . ယခုလ စက်တင်ဘာလအတွင်း ဖွင့်လှစ်ရန်ရှိသည့် ကျိုင်းတုံ တက္ကသိုလ်မှ အဝေးသင် အတန်းများတွက် ကျောင်းအပ်ခကို ယူဆောင်ထွက်ပြေးခြင်းဖြစ်ကြောင်း တက္ကသိုလ်...
ဆီဆိုင်မြို့နယ် ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်းအောင်သူများ ဆရာအဖြစ်ခန့်အပ်မည်
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ ရှားပါးလာမှုကြောင့် (၁၀) တန်းအောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ တစ်သိန်းခွဲဖြင့် ပြည်သူလူထုမှ ခန့်အပ်မည်ဟု စုံစမ်းသိရသည်။ . စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာ အခက်အခဲ ဖြစ်လာပြီး...
ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...
မိုးကောင်းမြို့ အထက်တန်းကျောင်းရှေ့ ပစ်ခတ်မှု ဖြစ်ပွား
SHAN -
ကချင်ပြည် မိုးကောင်းမြို့ရှိ အမှတ် (၁) အခြေခံ အထက်တန်းကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ရှိကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၂၀) ရက်တွင် မိုးကောင်းမြို့ရှိ အမှတ် (၁) အခြေခံ အထက်တန်းကျောင်းတွင် စာသင်ကြားနေသည့် စစ်တပ်မိသားစုမှ သား/ သမီးများကို...
အငြိမ်းစားယူထားသည့် တောင်ကြီးကျောင်းဆရာ (၁၀) ဦးခန့် ငွေကြေးလိမ်လည်ခံလိုက်ရ
သျှမ်းပြည် တောင်ကြီးမြို့နယ်မှ အငြိမ်းစားယူထားသည့် ဆရာမ (၁၀) ဦးကျော် ငွေသိန်းပေါင်း ရာချီ လိမ်လည်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ . ကိုယ်ပိုင်ကျောင်း တည်ဆောက်ရန်အတွက် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်မှာ ဖွင့်လှစ်ထားသည့် ငွေအိမ်နန်း ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဒေါ်နွဲ့နွဲ့ရီ သည် အငြိမ်းစားဆရာမများ၊ ကျောင်းအုပ်ဆရာမများထံ ချေးငွေယူပြီး အတိုး နှင့်...






