ကျိုင်းတုံတက္ကသိုလ် စာရေးမ ကျောင်းအပ်ခ ငွေကြေးယူပြီး ထွက်ပြေးသွား

သျှမ်းပြည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ကျိုင်းတုံတက္ကသိုလ်သို့ အဝေးသင်တက်ရန် အတွက် ကျောင်းသူ/သားများ၏ ကျောင်းအပ်ခ ငွေကြေးကို တက္ကသိုလ်မှ စာရေးမ ဖြစ်သူက ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။

.

ယခုလ စက်တင်ဘာလအတွင်း ဖွင့်လှစ်ရန်ရှိသည့် ကျိုင်းတုံ တက္ကသိုလ်မှ အဝေးသင် အတန်းများတွက် ကျောင်းအပ်ခကို ယူဆောင်ထွက်ပြေးခြင်းဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသူ နှင့် ဆွေမျိုးတော်စပ် သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာကနေ ကျောင်းလာတက်ရမယ်ဆိုတော့ ကြိုတင်ကျောင်းအပ်ထား ကြတာပေါ့၊ အဲ့စာရေးမက သူ တာဝန်ယူ အပ်ပေးမယ်၊ စာရွက်စာတန်းတွေကိုလည်း သူပဲ ဖြည့်ပေးမယ်ဆိုလို့ ကျောင်းသား/သူ တွေ ကလည်း သူ့ဆီ ငွေလွှဲပြီး အပ်ကြတာတဲ့၊ ကျောင်းအပ်ခက တစ်ယောက်ကို တစ်သိန်း၊ စာရွက်စာတမ်း ဖြည့်ခက ၅၀၀၀ ကျပ်ကနေ ၇၀၀၀ ကျပ် ယူတာ၊ အခုတော့ ထွက်ပြေးသွားပြီ” ဟု ကျောင်းအပ်ထားသည့် တက္ကသိုလ် ကျောင်းသူ ၏ အဒေါ်ဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထွက်ပြေးသည့် စာရေးမ မှ တစ်ဆင့် ကျောင်းအပ်မည့် အဝေးသင် တက္ကသိုလ် ကျောင်းသူ/ သားများသည်
စုစုပေါင်း (၃၀) နီးပါး ရှိနေပြီး တစ်ဦးလျှင် ငွေကျပ် တစ်သိန်းငါးထောင်ကျပ် (၁၀၅,၀၀၀) ကျပ် ပေးပို့ထားပြီး ထိုထဲတွင် ပထမနှစ် ကျောင်းသားများ ရှိသလို တတိယနှစ် ကျောင်းသားများလည်း ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စာရေးမထံ ကျောင်းအပ်ထားသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူ/သားများသည် နောက်တကြိမ် ကျောင်းအပ်ရပြီး ကျောင်းအပ်ခလည်း နောက်တစ်ကြိမ် ပေးဆောင်ရကြောင်း ကျောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျောင်းက ပြန်အပ်ရမှာပေါ့၊ ပိုက်ဆံက နှစ်ခါကုန်သွားတယ်၊ တစ်သိန်းဆိုလည်း တစ်သိန်း တချို့ဆိုရင် ချေးငှားပြီး ကျောင်းကို ပြန်အပ်ကြရတာ၊ ပါမောက္ခကို ပြန်တိုင်ကြပေမဲ့ ဒီကိစ္စမှာ ကျောင်းကလည်း ဘာမှ လုပ်ပေးလို့မရဘူးပြောပါတယ်။ ကျေနပ်လားဆိုရင်တော့ မကျေနပ်ပါဘူး” ဟု အမည်မဖော်လိုသူ ကျိုင်းတုံ တက္ကသိုလ်ကျောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ငွေကြေးများ လိမ်လည်ယူသွားသည့် ကျိုင်းတုံ တက္ကသိုလ်က စာရေးမသည် ထွက်ပြေး လွတ်မြောက်နေလျက်ရှိပြီး ကျောင်းသား/သူများကလည်း တရားမျှတစွာဖြင့် ပိုက်ဆံ ပြန်ရလိုကြောင်း ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...