တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်တောင်ကြီး မြို့တွင်ကျင်းပမည်
သျှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေး စျေး ရောင်းပွဲတော်ကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည် ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး...
ကျိုင်းတုံမြို့ ရိုးရာဓလေ့စော်ဘွားစျေး ယခုနှစ် အထူးစည်ကား
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်နှစ်စဉ်ပလျှက်ရှိသော စော်ဘွားစျေးနေ့မှာ ယခုနှစ် မတ်လ ၂ ရက်နေ့တွင်ကျင်းပရာ ယခင်နှစ်များထက် စျေးရောင်းစျေးဝယ်များဖြင့်ပိုမိုစည်ကားကြောင်းသိရသည်။ ကျိုင်းတုံရိုးရာ စော်ဘွားစျေးကို ကတ်လီစျေးနေ့ - ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်းကျောက်အင်ထလိုင်က သတ်မှတ်ပေးသော မတ်လအတွင်းကျရောက်သည့် ပထမဆုံး စျေးေ န့(စော်ဘွားကြီးတနှစ်တ ကြိမ် စျေးဝင်သောနေ့) တွင် ပြုလုပ်ခဲ့ပါသည်။ “စော်ဘွားစျေးက တနှစ်မှာ...
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ရှိ သျှမ်းပြည်အမျိုးသားအလံတင်တေးသီချင်း ရေးစပ်သီကုံးခဲ့သူ ဒေါက်တာ ဘဉာဏ်၏ အုဋ်ဂူအား သီပေါကျားခေါင်းပါတီနှင့် စာပေယဉ်ကျေးမှုအဖွဲ့က မွမ်းမံပြီး မတ်လ ၁ ရက်နေ့ Tai Youth Day တွင် လူငယ်များနှင့်တွေ့ဆုံမှုတရပ်ပြုလုပ်သွားမည်ဟုသိရသည်။ “မတ်လ ၁ ရက်နေ့ ဒေါက်တာဘဉာဏ်မွေးနေ့ကျရင် လူငယ်တွေနဲ့အဲဒီမှာသွားပြီး တွေ့ဆုံကြမယ်။ ဒေါက်တာ ဘဉာဏ်ရဲ့အတ္ထုပ္ပတ္တိ...
၅၂ ကြိမ်မြောက် မူလမင်းကွန်းကမ္မဌာန်းတိုက် သံဃာ့ညီလာခံ ကွန်ဟိန်းမြို့တွင်ပြုလုပ်ကျင်းပ
၅၂ ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ မူလမင်းကွန်း ကမ္မဌာန်းတိုက်များ တရားပြဆရာတော်များနှင့် ပဋိပတ္တိ သာသနာ့နုဂ္ဂဟအဖွဲ့များ၏ ညီလာခံတရားပွဲတော်ကို သျှမ်းပြည်အလယ်ပိုင်းကွန်းဟိန်းမြို့နယ်တွင်ကျင်းပရာ သျှမ်းပြည်လူထု ၁ သောင်းနီးပါး တက်ရောက်ဒါနပြုကြကြောင်းသိရသည်။ ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကွန်ဟိန်းမြို့နယ် သာသနာ့မာရ်အောင်ကမ္မဌာန်းတိုက်တွင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ “သျှမ်းပြည်နယ်အနှံ့က မူလမင်းကွန်းကမ္မဌာန်းတိုက် ၃၄ တိုက်ကကိုယ်စားလှယ်တော်တွေအဖြစ်...
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်းအတွင်း ရှေးဟောင်းအမွေအနှစ်အသုံး အဆောင်များအား ရန်ကုန်သို့အမျိုးသားပြတိုက်သို့ ယူဆောင်ကာပြုပြင်မည်ဟူသော အစီအစဉ်အား မဖြစ်သင့်ကြောင့် သျှမ်းသမိုင်းပညာရှင်များ၊ သျှမ်းပြည်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းသူများအဖွဲ့က ပြောဆိုလိုက်သည်။ “သျှမ်းစော်ဘွားတွေရဲ့အသုံးအဆောင် တခြားကိုယူဆောင်ပြီး သန့်ရှင်းရေုးလုပ်တာ မကောင်းပါဘူး။ နေရာရွှေ့လေ ပျက်စီးပျောက်ရှလေဘဲ။ ရှေးဟောင်းအမွေအနှစ်ကိုနေရာမရွေ့သင့်ဘူး။ လုပ်ချင်ယင် ရှိတဲ့နေရာမှာဘဲလာလုပ်သင့်ပါတယ်။ ”- ဟု သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်...
SHAN -
မန္တလေးမြို့တွင် သျှမ်းရိုးရာအိုးစည်ဗုံမောင်းပေါ်တက်ကာ အိုးစည်တီးကပြသော အဖွဲ့များအား မန္တလေး သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးသို့သွားကာ ၀န်ချတောင်းပန်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ “ဦးဝင်းနိုင် ဦးဆောင်တဲ့ ရွှေကြက်ဖ သျှမ်းအိုးစည်အဖွဲ့နဲ့ ဦးမြင့်ငွေ ဦးဆောင်တဲ့ လျှမ်းလျှမ်းတောက် သျှမ်းအိုး စည်အကအဖွဲ့တွေပေါ့။ ဒီလ ၁ ရက်နေ့တုန်းက ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မှာ သူတို့အကအဖွဲ့ သျှမ်းအိုးစည်တီး...
နမ့်ခမ်းမြို့တွင် ရ၁ နှစ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေးအတွက် လူထုတွေ့ဆုံဆွေးနွေးပြင်ဆင်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လာမည့်ဖေဖော်ဝါရီလ ၆ ရက်နှင့် ရ ရက်နေ့တို့တွင် ကျရောက်သည့် ရ၁ နှစ်မြောက် သျှမ်းပြည်နယ်နေ့ (သို့) သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားအား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပွဲကျင်းပရေးကော်မတီမှ တွေ့ဆုံဆွေးနွေးမှု တရပ်ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုကို ဂျန္နဝါရီလ ၁၀ ရက်နေ့က ကျားဖြူပါတီရုံးတွင်ပြုလုပ်ခဲ့ရာ လူဦးရေ ၅၀...
သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ်အတွင်း မိုင်းဖုန်းဆရာတော်ဘုရားကြီး အဓိဌာန်အာရုံဖြင့် မြင်တော်မူသော နားလင်းရွာရှိ သဘာဝလှိုဏ်ဂူအား လင်းခေးမြို့နယ် ဆရာတော် သံဃာတော်များနှင့် ဒေသခံလူထုစုပေါင်းလုပ် အားဖြင့် ဆရာတော်မွေးနေ့ပွဲအမှီ အပြီးရှင်းလင်းပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။ နတ်တော်လဆုတ် ၁ ရက်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး လင်းခေမြို့နယ် သာသနာ့မာန်အောင် ကမ္မဌာန်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တသာရ၊...
SHAN -
သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ မထေရ်မြတ် ၏ (၅၃) နှစ်ပြည့် ဝိဇာတ မွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့ တောင်ကြီးမြို့တွင်ကျင်းပသည်။ ဆရာတော်၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ( ၂၅...
ဘတ်ဂျတ် မလုံလောက်သဖြင့် မိုင်းပွန်ဟော်နန်းမပြုပြင်နိုင်သေး
သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့ရှိ မိုင်းပွန်ဟော်နန်းကို အထင်ကရ ဆရာတော်ကြီးများဦးဆောင် ကာ ပြန်လည်ပြုပြင်မည်ဟုဆိုသော်လည်း ဘတ်ဂျတ်မလုံလောက်သေးသဖြင့် ပြန်လည်ပြုပြင် နိုင်ခြင်းမရှိ သေးကြောင်း သိရသည်။ ” ဒီဟော်နန်းကိုပြင်ဖို့ ဆရာတော်ဘုရားကြီးတွေတော့ မကြာခဏလာကြည့်ပါတယ် ။ ဒါပေမယ့် ခုထိ အလှူငွေကောက်ခံထားတာ မလုံလောက်သေးဘူး။ ဒါကြောင့် ခုထိလည်း မပြင်နိုင်သေးပါဘူး” ဟု...






