Tuesday, January 27, 2026

ကျိုင်းတုံမြို့ ရိုးရာဓလေ့စော်ဘွားစျေး ယခုနှစ် အထူးစည်ကား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်နှစ်စဉ်ပလျှက်ရှိသော စော်ဘွားစျေးနေ့မှာ ယခုနှစ် မတ်လ ၂ ရက်နေ့တွင်ကျင်းပရာ ယခင်နှစ်များထက် စျေးရောင်းစျေးဝယ်များဖြင့်ပိုမိုစည်ကားကြောင်းသိရသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်နှစ်စဉ်ပလျှက်ရှိသော စော်ဘွားစျေးနေ့မှာ ယခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျင်းပ

ကျိုင်းတုံရိုးရာ စော်ဘွားစျေးကို ကတ်လီစျေးနေ့ – ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်းကျောက်အင်ထလိုင်က သတ်မှတ်ပေးသော မတ်လအတွင်းကျရောက်သည့် ပထမဆုံး စျေးေ န့(စော်ဘွားကြီးတနှစ်တ ကြိမ် စျေးဝင်သောနေ့) တွင် ပြုလုပ်ခဲ့ပါသည်။

“စော်ဘွားစျေးက တနှစ်မှာ တရက်ဘဲ ခင်းရောင်းပါတယ်။ စော်ဘွားခေတ်ကတည်းကရှိလာတဲ့စျေးပါ။ ဒီစျေးနေ့ရောက် ရင် ကျိုင်းတုံမြို့ထဲကရှိတဲ့စျေးတွေအားလုံးပိတ်ပြီး ဒီစော်ဘွားစျေးမှာဘဲလာရောင်းပါတယ်။ ကျိုင်းတုံမြို့ ရပ်ကွက် ၂ လို့အမည်ထပ်ပေးထားတဲ့ ဒေသအခေါ် ဟိုကတ်ရပ်ကွက်ထဲ မှာလုပ်ပါ တယ်။ မြို့အဝင်အထွက်တံခါး ပတူပါလျံ နားမှာရှိတယ်။ ဒေသထွက် စားသောက်ကုန်တွေ လက်မှု ထုတ်ကုန်တွေ အသုံးအဆောင်တွေအစုံလာရောင်းတယ်။တော် တော်လေးစည်ကားပါ တယ်။ စျေးဝင်တဲ့လူအားလုံးက တနှစ်လုံးအတွက် အထူးကံကောင်းမယ်။ လာဘ်ရွှင်မယ်။ ကျန်းမာရေးအထူးကောင်း မွန်မယ်လို့ယုံကြည်ကြလို့လေ”- ဟု ကျိုင်းတုံမြို့ခံ စိုင်းယီက သျှမ်းသံတော်ဆင့် အား ပြောပြသည်။

စျေးအရောင်းအဝယ်များအပြင် ခေတ်ဟောင်း ခေတ်ပေါ်တေးဂီတ၊ ဇာတ်သဘင်တို့ကိုပါ ဖျော်ဖြေပြသကြောင်း ၄င်းကဆိုပါသည်။

ယခုနှစ်စျေးဝင်သူများမှာ စော်ဘွားစျေးနှင့်မျက်နှာချင်းဆိုင်ရှိ ကျိုင်းတုံစော်ဘွားများသချိင်္ုင်းသို့သွားကာ ပန်းရေချမ်းဆီမီးကပ်လှူ ဂါရဝပြုခဲ့ကြကြောင်းသိရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်းကျောက်အင်းထလိုင်သည် ခရစ်နှစ် ၁၉၃၀ က ရှိရင်းစွဲစော်ဘွားစျေးမှာ နေရာကျဉ်းသည်ဟုဆိုကာ လက်ရှိ ကျိုင်းတုံစျေးကြီးသို့ ပြောင်းရွှေ့ခဲ့သည်။ ကျိုင်းတုံစျေးအား ၁၉၃၆ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ရောင်းချခဲ့ရာမှ ယနေ့တိုင်ဖြစ်ပါသည်။ အဆိုပါစော်ဘွားစျေးဟောင်းမှာမူ ရိုးရာမပျက်အောင် တနှစ်တကြိမ် (၁ ရက်)သာ ဖွင့်လှစ်ရောင်းချပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ် ၇၀ အတွင်း ကျိုင်းတုံဟော်နန်းနေရာ ပြန်မပေးနိုင်သေးဟု နေပြည်တော် ပြော

0
စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းထားသည့် ကျိုင်းတုံဟော်နန်းနှင့်မြေနေရာအား “ကျိုင်းတုံ ဟော်တယ်အဖြစ် တည်ဆောက်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်အား နှစ် ၇၀  ငှားရမ်းထားသောကြောင့်” လက်ရှိအနေအထားအရ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်သေးကြောင်း နေပြည်တော် လွှတ်တော် အစည်းအဝေးတွင်  ပြောဆိုကြသည်။ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်အရှေ့ပိုင်း...