လင်းခေးမြို့ နားလင်းဂူခေါ် ထမ့်ဖာလုံခူးဝါးဝန်းစုမ့်ဂူအား ဆရာတော်မွေးနေ့ပွဲမတိုင်မှီ အပြီးရှင်းလင်းရန် သံဃာတော်နှင့်လူထု ကြိုးပမ်းနေ

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ်အတွင်း မိုင်းဖုန်းဆရာတော်ဘုရားကြီး အဓိဌာန်အာရုံဖြင့် မြင်တော်မူသော နားလင်းရွာရှိ သဘာဝလှိုဏ်ဂူအား လင်းခေးမြို့နယ် ဆရာတော် သံဃာတော်များနှင့် ဒေသခံလူထုစုပေါင်းလုပ် အားဖြင့် ဆရာတော်မွေးနေ့ပွဲအမှီ အပြီးရှင်းလင်းပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်တော်လဆုတ် ၁ ရက်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး လင်းခေမြို့နယ် သာသနာ့မာန်အောင် ကမ္မဌာန်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တသာရ၊ မဟာဝိဟာရ ကျောင်းကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဦးအိန္ဒာစာရ၊ ဆရာတော် ငေါ၀်းလိန်၊ နားကုန်းကျောင်းဆရာတော် ဦးကာလိန္ဒ အစရှိဆရာတော်များဦးစီးဦးဆောင်မှုဖြင့် မြို့မ အနောက်ရပ်ကွက်မှ ဦးစိုင်းမောင်က ဒေသတွင်းလူငယ်ထု ကိုဦးဆောင်ကာ ဂူအနီးတဝိုက် ခြုံနွယ်မြက်ပေါင်းများရှင်းလင်းခြင်း၊ ဂူအတွင်းအား ရှင်းလင်းခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်းသိရသည်။

ရှင်းလင်းရေးတွင် ဒေသခံလူထုအား ဦးဆောင်ဦးရွက်ပြုသည့် ဦးစိုင်းမောင်က- “နတ်တော်လဆုတ် ၁ ရက်နေ့က ကျနော်ကိုယ်တိုင် နားလင်းရွာက အကြီးအကဲနဲ့ ရွာသားတချို့နဲ့အတူ ဂူကိုသွားကြည့်တယ်။ နမ့်စန်မြို့ပန်လျန်းဆိုင်က အကြီးအကဲ တွေလည်း လမ်းဖောက်ဖို့ မြေထိုးစက်တွေပို့လာတယ်။ တိုင်းမှူး ၊ ဗျူဟာမှူး၊ ခရိုင်မှူးတွေ အလှူငွေထည့်တယ်။ ၁၁ သိန်းပြည့်အောင် ဆိုပြီးတော့ ဆရာတော် သံဃာတော် ၃ ပါး နဲ့ ကျနော်စိုင်းမောင်က အလှူငွေတွေဖြည့်ပေးတယ်။ ကျန်တာတော့ လင်းခေးမြို့ခံတွေ ဒီဒေသတဝိုက်က ရွာသားတွေလာပြီးတော့ လုပ်အားလှူတယ်။ ဆွမ်းထမင်းဟင်းလှူတယ်။ နေ့တိုင်းဘဲ တောရှင်း သန့်ရှင်းရေးသွားလုပ်နေကြတယ်။ ဆရာတော်ရဲ့မွေးနေ့ မတိုင်ခင် အပြီးလုပ်ဖို့ကျနော်တို့ စီစဉ်ထားပါတယ်”- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါဂူတည်ရှိရာအရပ်သည် ရွာနှင့်လည်း သိပ်မဝေးသကဲ့သို့ တရားကျင့်ကြံရန်အသင့်လျော်ဆုံးအရပ်ဖြစ်ပြီး အဆိုပါဂူအနီးတွင်လည်း ရေပူ ရေအေးထွက်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလက ယန်းကလေး လူမျိုးများ စစ်ဘေးရှောင် နေထိုင်သည့်နေရာဖြစ်သောကြောင့် အဆိုပါဂူ၏မူရင်းအမည်သည် ကလေးဂူဟု အမည် တွင်ကြောင်း နားလင်းရွာခံ ရှေ့မှီ နောက်မှီ သက်ကြီးပိုင်းပြောပြချက်အရသိရသည်။

မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်မှ ဂူအောင်းတရားကျင့်ကြံ ရန်နှင့် အနီးအဝေးမှ လူထုအား တရားဒေသနာတော်များဟောကြားပေးရန်အတွက် နေရာထိုင်ခင်းနှင့်ကျောင်းဆောင်များ လည်းဆောက်လုပ်သွားဖို့စီစဉ်ထားကြောင်း သံဃာတော်များက မိန့်တော်မူပါသည်။

ဂူရှင်းလင်းရာတွင် သံဃာတော်များနှင့်အတူ လိုက်ပါမှတ်တမ်းတင်သော လင်းခေးဒေသခံ လူငယ် စိုင်းစိုင်းက – “နားလင်းရွာကနေ ဂူဆီကိုလမ်းလျှောက်တက်ရင် တနာရီလောက်နီးပါးလမ်းလျှောက်ရတယ်။ ထမ့်ဖာလုံခူးဝါးဝန်းစုမ့် လို့နာမည်ပေးထားတယ်ဆရာတော်တွေက။ ဂူမရောက်ခင်မှာ ချောက်တခုရှိတယ်။ ဖာလုံချောက်လို့ခေါ်တယ်။ အဲ့မှာစိမ့်စမ်းရေ လေး စီးဆင်းတယ်။ ရေအေးချောင်း။ အဲ့ချောင်းလေးကူးဖို့ သစ်သားတံတားလေးလုပ်ထား တယ်အခု။ အဲ့တံတား ကနေနဲနဲထပ်တက်သွားရင် ဂူဆီရောက်တယ်။ ဂူအကြီးကြီးတော့မဟုတ်ဘူး။ ကျောက်အစွန်းက အမိုး သဖွယ်ဖြစ်နေတယ်။ အဲ့အငူအောက်မှာတရားထိုင်လို့ကောင်းတယ်။ လေသာတယ်။ ဂူကနေအထက်ကိုနဲနဲတက်သွားရင် သဘာဝရေနွေးထွက်တဲ့နေရာရှိတယ် ။ အဲ့ရေထွက်ကနေ ဖာလုံချောက်အတိုင်း စီးကျလာတာလေ။ ဆိုတော့တရားထိုင်ဖို့တရားကျင့်ဖို့ ကောင်းတဲ့နေရာတခုဖြစ် ပါတယ် ။” – ဟု ပြောသည်။

အဆိုပါဂူတည်ရှိရာ နားလင်းရွာသည် လင်းခေးမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်တွန်ကျေးရွာအုပ်စု တွင်တည်ရှိပြီး ရေမြေသဘာဝ အထူးကောင်းမွန်သောအရပ်ဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သော ၂၀၁၅ ခု လင်းခေးမြို့ သထုံမူလမင်းကွန်းကမ္မဌာန်းတိုက်၏ နှစ် ၅၀ ပြည့် သံဃာ့ညီလာခံပွဲသို့ မိုင်းဖုန်းဆရာတော်ဘုရားကြွချီ တရားဟောတော်မူစဉ် အဆိုပါနားလင်းရွာသို့ သွားရောက်တည်းခိုရာမှ အဓိဌာန်ဝင်ကာ ဉာဏ်တော်ဖြင့် ဂူအား မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ထိုစဉ်ကတည်းက ဂူအားရှင်းလင်းပြုစုပေးရန် နားလင်းရွာသားများအား မှာကြားထားကြောင်း သို့သော်အကြောင့်အမျိုးမျိုးကြောင့် သွားရောက်ပြုစုနိုင်ခြင်းမရှိဘဲ ယခုမှသာ သွားရောက်ပြုစုနိုင်ခဲ့ကြောင်းလည်း ဦးစိုင်းမောင်က ပြောပြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။