၅၂ ကြိမ်မြောက် မူလမင်းကွန်းကမ္မဌာန်းတိုက် သံဃာ့ညီလာခံ ကွန်ဟိန်းမြို့တွင်ပြုလုပ်ကျင်းပ

၅၂ ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ မူလမင်းကွန်း ကမ္မဌာန်းတိုက်များ တရားပြဆရာတော်များနှင့် ပဋိပတ္တိ သာသနာ့နုဂ္ဂဟအဖွဲ့များ၏ ညီလာခံတရားပွဲတော်ကို သျှမ်းပြည်အလယ်ပိုင်းကွန်းဟိန်းမြို့နယ်တွင်ကျင်းပရာ သျှမ်းပြည်လူထု ၁ သောင်းနီးပါး တက်ရောက်ဒါနပြုကြကြောင်းသိရသည်။

ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကွန်ဟိန်းမြို့နယ် သာသနာ့မာရ်အောင်ကမ္မဌာန်းတိုက်တွင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

“သျှမ်းပြည်နယ်အနှံ့က မူလမင်းကွန်းကမ္မဌာန်းတိုက် ၃၄ တိုက်ကကိုယ်စားလှယ်တော်တွေအဖြစ် သံဃာတော်စုစုပေါင်း ၂၃၀ ပါးကြွရောက်တယ်။ သာမဏေတော်တွေကအပါးပေါင်း ၈၀ ။ ရသေ့၊သီလရှင်က ၆၀။ တရားပြဆရာက ၈၀ ညီလာခံတက်ရောက်ဆွေးနွေးတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကိုယ့်ဒေသတွေမှာ တရားစခန်းဖွင့်ခဲ့တဲ့ကာလအတွင်း အခက်အခဲတွေဘယ်လိုရှိသလဲ။ တရားအားထုတ်တဲ့ ယောဂီတွေအခြေအနေဘယ်လိုရှိသလဲ။ နောက်နှစ်တွေကျရင်ဘယ်လို စီစဉ်ထားကြသလဲ စသဖြင့် ဆွေးနွေးကြပါတယ်။ နောက်နှစ်ကျရင် ၅၃ ကြိမ်မြောက် သံဃာ့ညီလာခံကို နမ္မတူမြို့နယ် မန်စံကမ္မဌာန်းတိုက်မှာ ပြုလုပ်ခွင့်ပေးဖို့ ဒေသခံတွေက တောင်းထားတယ်။” – ဟု လင်းခေးမြို့သား ကုသိုလ်ပြု ပွဲတက်ရောက်သည့် မောဝ်ရွှေပီ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

ညီလာခံကာလအတွင်း ညပိုင်းတွင်တရားပွဲများလည်း ကျင်းပခဲ့ပြီး နေ့ခင်းပိုင်းတွင်လည်း ဒေသခံများမှ ဧည့်သည်တော်များအား အစားအသောက်များဖြင့်ဧည့်ခံကျွေးမွေးခဲ့သည်။

“အနယ်နယ်အရပ်ရပ်ကလာတဲ့ ဧည့်သည်တွေ အလှူရှင်တွေ ဝေယျာဝစ္စတွေ စာရင်းအရ ရ၀၀၀ ကျော်ရှိတယ်။ စာရင်းလာမပေးတဲ့ဧည့်သည်တွေလည်းရှိတယ်ဆိုတော့ ၁ သောင်းထက်မနည်းတော့ရှိမယ်လို့ခန့်မှန်းရပါတယ်။ကျနော်တို့ အိမ်ရှင် ပွဲရှင်အနေနဲ့လည်း ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ကုသိုလ်ယူရင်း လည်ပတ်ရင်းပေါ့ ”- ဟု လည်း ပွဲကျင်းပရေးကော်မတီဝင် ဦးလုံးစိုင်းကပြောပါသည်။

သျှမ်းပြည်နယ်အတွင်း သျှမ်းတောင်ပိုင်းလင်းခေးမြို့တွင် မူလဘူစတင်ခဲ့သော သထုံ မူလမင်းကွန်း လမ်းစဉ် ကမ္မဌာန်းတရား စခန်းသည် လက်ရှိတွင်သျှမ်းပြည်အနှံ့ ၃၄ နေရာရှိပြီးတနှစ်တကြိမ် တရားစခန်းဖွင့်ပါသည်။ တရားစခန်းဖွင့်လှစ်သည့်ကာလမှာ တနေရာနှင့်တနေရာမတူပေ။ ၂ လ မှ ၆ လ အထိ စခန်းဖွင့်လှစ်ကာ ယောဂီများအားတရားကျင့်ကြံခွင့်ပြုခဲ့သည်။ တနှစ်တကြိမ်တရားစခန်းမှ ကြုံတွေ့ခဲ့ရသည်များကို သံဃာတော်များကတွေ့ဆုံကာ ဆွေးနွေးဖြေရှင်းခဲ့ကြပြီး တရားစခန်းများအကောင်းဆုံးဖြစ်အောင် ဖွင့်လှစ်ပေးနိုင်ဖို့ အစီအစဉ်များချမှတ်ခဲ့ကြသည်။ ယခုနှစ်တွင် အဆိုပါကျင့်စဉ်ဖြင့်တရားစခန်း စတင်ဖွင့်လှစ်သည့်ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်ခရိုင်မှ သာသနာတော်အကျိုးပြုများလည်း ကွန်ဟိန်းသံဃာ့ညီလာခံသို့ လေ့လာသူ ဧည့်သည်တော်အနေဖြင့် တက်ရောက်ခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...