ညောင်ရွှေဟော်နန်း သမိုင်းဝင်ပစ္စည်းများ ရန်ကုန်အမျိုးသားပြတိုက်သို့ သယ်ယူပြုပြင်မည့်ကိစ္စ သျှမ်းရှေးအမွေအနှစ်မြတ်နှိုးသူများ၊ သျှမ်းသမိုင်းပညာရှင်များရှုပ်ချ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်းအတွင်း ရှေးဟောင်းအမွေအနှစ်အသုံး အဆောင်များအား ရန်ကုန်သို့အမျိုးသားပြတိုက်သို့ ယူဆောင်ကာပြုပြင်မည်ဟူသော အစီအစဉ်အား မဖြစ်သင့်ကြောင့် သျှမ်းသမိုင်းပညာရှင်များ၊ သျှမ်းပြည်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းသူများအဖွဲ့က ပြောဆိုလိုက်သည်။

“သျှမ်းစော်ဘွားတွေရဲ့အသုံးအဆောင် တခြားကိုယူဆောင်ပြီး သန့်ရှင်းရေုးလုပ်တာ မကောင်းပါဘူး။ နေရာရွှေ့လေ ပျက်စီးပျောက်ရှလေဘဲ။ ရှေးဟောင်းအမွေအနှစ်ကိုနေရာမရွေ့သင့်ဘူး။ လုပ်ချင်ယင် ရှိတဲ့နေရာမှာဘဲလာလုပ်သင့်ပါတယ်။ ”- ဟု သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လုံးဆမ်တစ်ဆေကပြောဆိုသည်။

A.D ၁၃၆၉ ကစတင်တည်ဆောက်လာခဲ့သော ညောင်ရွှေဟော်နန်းအတွင်းရှိ စော်ဘွားများ၏ နောက်ဆုံးလက်ကျန် အသုံးအဆောင်ပစ္စည်းအမျိုးပေါင်း ၂၇၀ ကျော်ကို ရန်ကုန်သို့သယ်ဆောင်ကာ ခေတ်မှီစက်ကြီးများဖြင့် ဆေးကြောသန့်စင်မည်ဖြစ်ကြောင်း ဂျန္နဝါရီလ ၁၇ ရက်နေ့က ယဉ်ကျေးမှုဝန်ကြီးဌာန က ညောင်ရွှေဟော်နန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့အမျိုးသားပြတိုက်ဒါရိုက်တာ နန်းလောဝ်ငင်းက -“ ရန်ကုန်ကိုသယ်ယူလာပြီးဆေးကြောမှာ ကအသုံးအဆောင်ပစ္စည်းအမျိုးပေါင်း ၂၇၀ ကျော်နဲ့ အဝတ်အစား ၁၃၈ စုံ။ အချိန် ၁ နှစ်ယူပါမယ်။ ဆေးကြောသန့်စင်ဖို့အတွက် သျှမ်းပြည်နယ်အစိုးရက ကျပ်သန်းပေါင်း ၁၀၀ သုံးမယ်။ ယဉ်ကျေးမှုဦးစီးဌာနက ကျပ်သန်းပေါင်း ၅၀ သုံးစွဲမယ်။ ဆေးကြောသန့်စင်ပြီးရင် ညောင်ရွှေဟော်နန်းကိုပြန်ယူလာထားမယ် ”- ဟုသတင်းစာရှင်းလင်းရာတွင်ပြောကြားခဲ့ကြောင်းသိရသည်။

ခေတ်မှီစက်ကြီးများဖြင့် သမိုင်းဝင်ပစ္စည်းများအား ဆေးကြောသန့်စင်ခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။

သျှမ်းသမိုင်းသုတေသီ စာရေးဆရာစဝ်ပင်ခမ်းက – “သမိုင်းဝင်ပစ္စည်းဆိုတော့ ပြင်ချင်ရင် တည်ရှိတဲ့နေရာမှာဘဲ လာပြင်သင့်ပါတယ်။ ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ပေါ့နော်။ အမျိုးပေါင်းရာချီဟာ ခရီးဝေးကို သယ်သွားသယ်လာနဲ့ ဆိုရင် လမ်းမှာကျပျောက်နိုင်တယ်လေ။” – ဟု ပြောသည်။

ညောင်ရွှေစော်ဘွားကြီး၏ သမီးဖြစ်သူ စဝ်ဟေမာသိုက်က – “၀န်ကြီးဌာနကလုပ်ပေးမယ်ဆိုတော့ ပါပါတို့ဝမ်းသာတယ်။ တချို့ကဆိုရင်တအားဟောင်းနွမ်းနေပြီ။ ခေတ်မှီနည်းစနစ်နဲ့ပြန်လုပ်ပြီးတော့ သန့်ရှင်းရေးလုပ်ပြီးပြန်ယူလာရင် မပျက်စီးလွယ်အောင် လေမဝင်နိုင်တဲ့ဘီဒိုနဲ့ ကောင်းကောင်းထိန်းသိမ်းထားမယ်။ ဒီတိုင်းထားမယ့်အတူတူ နိုင်ငံခြားကိုယူသွားမယ့်အတူတူ ကိုယ့်ယဉ်ကျေးမှုမပျက်စီးအောင်ဒီလိုလုပ်ပေးတာ ကောင်းတယ်။ နန်းလောင်ငင်းကိုဆိုရင် ပါပါက ယုံကြည်စိတ်ချတယ်လေ ” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ၏ ပထမ ဆုံး သမ္မတကြီး ဖြစ်သည်။

အဆိုပါ ညောင်ရွှေ ယဉ်ကျေးမှု ပြတိုက်သည် ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် စော်ဘွားကြီးများပြတိုက် ၊ယဉ်ကျေး မှုပြတိုက် ၊ဗုဒ္ဓဝင်ပြတိုက် စသည့်အမည် များဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိန်းသိမ်း စောင့်ရှောက်ခဲ့ရာမှ ၂၀၁၃ ဂျူလိုင်လ မှစ၍ သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေး ခဲ့ခြင်း ဖြစ်ပြီးပြတိုက်တွင် စော်ဘွား မှတ်တမ်းဓါတ်ပုံ (၉၁)ပုံ ၊အဝတ်အထည် (၁၃၈) မျိုး၊ ပစ္စည်း အမယ်ပေါင်း (၃၃၈) မျိုးကိုပြသထားကြောင်း ၊ နိုင်ငံခြားသား ဧည့်သည် တစ်ဦးလျှင် နှစ်ဒေါ်လာ ၊ ပြည်တွင်း ဧည့်သည် တစ်ဦးလျှင် ၂၀၀ ကျပ် နှင့် ကျောင်းသား/သူ များအခမဲ့ လေ့လာ ကြည့်ရှု နိုင်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင်ဖော်ပြခဲ့ဖူးသည် ။

Photo by Nang Nang Tai

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...